ဈေးကွက်သုံးသပ်ချက် (၁၉.၆.၂၀၂၃) မှ (၂၃.၆.၂၀၂၃)

 မတ်ပဲ

မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်ဈေးတွေ ကျဆင်းသွားပါတယ်။ ဈေးကွက်အတွင်း ငွေလဲလှယ် ဈေးနှုန်း အပြောင်းအလဲ ဖြစ်နေသည့် အပြင် ဈေးတွေ အဆမတန်မြင့် တက်နေ သည့် အတွက် အဝယ်တန့်ခဲ့ပြီးဈေးတွေ ပြန်ကျဆင်းလာတာ ဖြစ်တယ်လို့ ပဲကုန်သည်အချို့က ဆိုပါတယ်။ 

လှောင်လက်အများစုက  ပဲအတက်ဈေးကို စောင့်ပြီး ရောင်းချမှုတွေကြောင့် ဈေးကွက်အတွင်း ပဲလက် ကျန်နည်းနေပြီး ဈေးတွေ မြင့်တက်နေခဲ့တာဖြစ်တဲ့လို့လည်း  ကုန်သည်အချို့က ခန့်မှန်းပြောဆို ပါတယ်။

ပဲဈေးတွေ မြင့်တက်နေတာနဲ့ပတ်သတ်ပြီး ဈေးကစားမှု ရှိမရှိ အိန္ဒိယအစိုးရ က မြန်မာပဲနှမ်းအသင်းကို မေးမြန်းစုံစမ်းမှု တွေ ပြုလုပ်ခဲ့တယ်လို့ ပြည်တွင်း မီဒီယာအချို့မှာ ဖော်ပြထားပါတယ်။အိန္ဒိယကတော့ မြင့်တက်နေတဲ့ပဲဈေးကို ထိန်းချုပ်ရန် အတွက် သိုလှောင်တာတွေနဲ့ပတ်သတ်ပြီး ကြပ်မတ်နေတာတွေ G to G ဝယ်ယူသွားရနအစရှိသဖြင့် အဖက်ဖက်ကနေ လုပ်ဆောင်မှု တွေရှိနေတယ်လို့  အိန္ဒိယသတင်း တွေမှာ ဖော်ပြထားပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲတစ်တန်ကို ၂၃၈၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁၃၀၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၂၂၅၀၀၀ ကနေ ၂၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊မုံရွာ၊ပြည်တို့မှာလည်း တစ်တင်းကို ၇၆၀၀၀ ကနေ ၇၈၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၂၅၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။

မတ်ပဲဈေးတွေ လက်ရှိမှာ ကျဆင်းနေပေမယ့် အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်ကြောင့် ရေတို ကျဆင်းခြင်းသာ ဖြစ်ပြီး ဆက်ပြီး တက်နိုင်ဦး မယ်လို့ကုန်သည်တွေက ခန့်မှန်းသုံးသပ်မှုတွေရှိပါတယ်။ 

 ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကျဆင်းနေခဲ့တာဖြစ်ပါတယ်။ ဈေးကွက်အတွင်း ပဲလက်ကျန်မရှိတဲ့အတွက် အရောင်းအဝယ်လည်း မရှိပဲ ဈေးတွေက ကျဆင်းနေတာလို့ ပဲကုန်သည်တွေ က ဆိုပါတယ်။

ပဲစင်းငုံနီကတော့ အိန္ဒိယရဲ့လိုအပ်ကြောင့် ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး အိန္ဒိယအစိုးရကလည်း ပဲစင်းငုံနီ ကို မြန်မာနိုင်ငံအပြင် အခြား ပြည်ပနိုင်ငံတွေကပါ တင်သွင်းဖို့အတွက် ကြိုးစားဆောင်ရွက်ကာ မကြာခင် တင်သွင်းမယ်ဆိုတဲ့ သတင်းတွေ ဖော်ပြပြီး ပဲဈေးမြင့်တက်မှုကို ထိန်းချုပ်နေတာ ကိုတွေ့ရပါတယ်။

လက်ရှိမှာတော့ ပဲစင်းငုံနီက ပြည်တွင်းဈေးကွက်မှာကျဆင်းနေပေမယ့် အရောင်းအဝယ်နည်းတယ်လို့ ပဲကုန်စည်ဒိုင်တွေကနေတဆင့် သိရပါတယ်။ပြည်တွင်းငွေလဲလှယ်နှုန်းမတည်ငြိမ်မှုနဲ့အတူ ကုန်သည် တွေက စောင့် ကြည့်မှု တွေရှိနေတယ်လို့လည်း သိရပါတယ်။

 ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ က တစ်တန်ကို ၃၀၅၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်ရင် တစ်တန်ကို ၂၂၀၀၀၀ ကျပ် လောက်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ကျပ်ဈေးကျ ဆင်းသွားပါတယ်။

အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေးကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၉၇၀၀၀  ကနေ ၉၉၀၀၀  ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၅၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ အတက်အကျအနည်းငယ်နဲ့ဈေးငြိမ်နေတဲ့အခြေအနေဖြစ်နေပါတယ်။အသစ်တွေ ဈေးကွက်ထဲ အဝင်သွက်နေပြီး အဝယ်ကတော့ ပုံမှန်ရှိနေတယ်လို့သိရပါတယ်။ တရုတ်နိုင်ငံကို အဓိက ထားတင်ပို့နေတယ်လို့ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ခရမ်းရွှေဝါ)ကပဲတီစိမ်း(ပဲခူးရွှေဝါ ) ၊ပဲတီစိမ်း(ဝါးခယ်မ)က တို့က ဈေးအပြောင်းအလဲ မရှိပဲ ငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း ထိပ်စတွေက ဈေးကွက်မရှိပဲ ပဲတီစိမ်းအညာတွေက တော့တစ်အိတ်ကို ၁၅၀၀၀၀ ကနေ ၁၇၅၀၀၀ပေါက်ဈေးရှိပြီး နေ့စဉ် အဝင် နဲ့ အဝယ်ပေါ်မူတည်ပြီး အတက်အကျ အနည်းငယ်သာရှိနေပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၇၀၀၀ ကနေ ၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃၀၀၀ ကနေ ၅၅၀ ၀၀ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။စံချိန်တင်ဈေးမြင့်တက်နေတာကြောင့် အဝယ်ရပ် လိုက်တဲ့ အတွက်ဈေး တွေပြန်ကျ ဆင်းလာတာြဖစ်တယ်လို့ ကုလားပဲကုန်သည်တွေက ဆိုပါတယ်။ ပြည်တွင်းကုလားပဲဈေးမြင့်တက်နေတာကြောင့် ပြည်ပကနေတဆင့် ပြန်လည်တင်သွင်းတာတွေ လုပ် နေတဲ့ အတွက် ကုလားပဲဈေးကတော့ဆက်ပြီး ကျဆင်းနိုင်ဦးမယ်လို့ ပဲကုန်သည်အချို့က ဆိုပါတယ်။

ကုလားပဲဈေး က တစ်နှစ်အတွင်း ဈေးနှစ်ဆနီးပါး မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၄၂၅၀ ကနေ ၄၄၂၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၁၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၃၃၀   ကနေ ၄၄၂၀  ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ် ဈေးကျဆင်းသွားပါတယ် ။ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၅၉၀၀ ကနေ ၆၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၄၈၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၉၀၀၀ ကျပ်၊ ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၂၅၀၀၀၀ မှ ၂၅၂၀၀၀ ကျပ်ရှိပြီး ၁၃၀၀၀ ကျပ်၊ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၂၅၃၀၀၀ မှ ၂၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၃၀၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားပါတယ်။

အောင်လံဈေးကွက်မှာလည်း ကုလားပဲ(ဟော်လန်)နှင့်မြကြေးမုံတို့က တစ်တင်းကို ၈၇၀၀၀ ကနေ ၈၈၀၀၀ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀၀ ကနေ ၅၀၀၀ ကြားဈေးကျဆင်းသွားပါတယ်။

ထောပတ်ပဲ

ထောပတ်ပဲကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ပြည်ပကနေအဝယ်ရှိနေပြီး ဈေးကွက်ထဲကို အဝင်နည်းနေတဲ့တွက်ဈေးတွေ မြင့်တက်နေတာ ဖြစ်တယ်လို့ ကုန်စည်ဒိုင်တွေကနေသိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ထောပတ်ပဲ တစ်ပိဿာကို ၄၀၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့တစ်အိတ်ကို ၂၆၀၀၀၀ကနေ ၂၉၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကိ ၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မြေထောက်ပဲ 

မြေထောက်ပဲကတော့ တရုတ်ဘက်က အဝယ်သွက်နေတဲ့အတွက်ဈေးမြင့်တက်နေသလို ဈေးကွက်ထဲ လည်း အဝင်နည်းနေတယ်လို့သိရပါတယ်။ ဆက်တိုက်ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး ဈေးကောင်း ရရှိနေပါတယ်။

မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၈၅၀၀၀ ကနေ ၃၂၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ကျပ်ဈေးမြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၈၃၀၀၀ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ကျပ်ဈေး တက်လာပါ တယ်။

မြေပဲလုံးဆံ

မြေပဲလုံးဆံနီကတော့ လက်ရှိမှာ တစ်ပိဿာကို ၉၀၀၀ကျော်ပေါက်ဈေးရှိနေပြီး စံချိန်တင်ဈေး မြင့်တက်နေခဲ့ပါတယ်။ဈေးကွက်ထဲ လက်ကျန်မရှိတဲ့အပြင် ပြည်ပဝယ် ယူမှုနဲ့ဆီ စက်ပိုင်တွေ ဝယ်ယူမှုများတဲ့အတွက်ဈေးမြင့်တက်နေတာဖြစ်တယ်လို့သိရပါတယ်။

မန္တလေးဈေးကွက်မှာ မြေပဲလုံးဆံနီက တစ်ပိဿာကို ၈၇၀၀ ကနေ ၉၁၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

S1 လုံးဆံ ဆီဆံတို့ကတော့ တစ်ပိဿာကို ၅၈၀၀ ကနေ ၆၈၀၀ ကြားပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်များတဲ့အတွက် ဈေးအတက်အကျ အနည်းငယ်ဖြင့် အရောင်း အဝယ်ဖြစ်နေပါတယ်။နေ့စဉ်ဈေးကွက်ထဲကို ပိဿာချိန် ၁သိန်းအထက်အဝင်ရှိနေတယ်လို့ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ကြက်သွန်နီ(ဆိပ်ဖြူ၊မုံရွာ)က တစ်ပိဿာကို ၁၈၀၀ ကနေ ၂၁၂၅ပေါက်ဈေးရှိနေပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁၇၀၀ ကနေ ၂၀၂၅ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅ ကျပ်ဈေး တက်လာပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ရှမ်း)ကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးမြင့်တက်နေတာ ဖြစ်ပြီး ဒီတစ်ပတ်မှာ လည်း ဆက်ပြီးဈေးမြင့်တက်လာပါတယ်။ဈေးကွက်ထဲကို ပိဿာချိန် ၉၀၀၀ခန့်သာ အဝင်ရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာကို ၇၀၀၀ ကနေ ၈၅ ၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။နှစ်ပတ်အတွင်း တစ်ပိဿာကို ၂၅၀၀ ကျပ်ဈေးမြင့်တက်လာခဲ့ပါတယ်။

မော်လမြိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၈၅၀၀ ကနေ ၉၅၀၀ ‌ေ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

အာလူး

အာလူးကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ဒီတစ်ပတ် ဈေးကွက်ထဲကို ကားအစီးရေ အဝင်နည်းပေမယ့် တရုတ်အာလူးတွေလည်း ဈေးကွက်ထဲကို အဝင်ရှိနေတဲ့အတွက် အဝယ်လျော့ သွားပြီး ဈေးကျဆင်းသွားတာ ဖြစ်ပါတယ်။

ဘုရင့်နောင်ဈေးကွက်မှာ အာလူး(ဟဲဟိုး) တစ်ပိဿာကို ၂၂၀၀ကနေ ၂၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။နှစ်ပတ်အတွင်း တစ်ပိဿာကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

တရုတ်အာလူးကတော့ တစ်ပိဿာကို ၂၂၀၀ ကနေ ၂၄၀၀ပေါက်ဈေးရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *