ဈေးကွက်သုံးသပ်ချက် (၁၂.၆.၂၀၂၃) မှ (၁၆.၆.၂၀၂၃)

ဆန်စပါး

၂ ပတ်နီးပါးလောက်ဈေးငြိမ်နေခဲ့တဲ့ ဆန်ချောဈေးနှုန်းက ဒီတစ်ပတ်မှာတော့ ထပ်ပြီး ဈေးပြန် တက်လာပါ တယ်။ဈေးတွေ မြင့်တက်နေပေမယ့် ဈေးကွက်အတွင်းကိုတော့ ဆန်အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်အေးနေတယ်လို့သိရပါတယ်။နယ်ဈေးကွက်တွေမှာတော့ ဆန်လက်ကျန်လည်း လျော့ နည်း နေပြီး မိုးတွင်း ဖြစ်တဲ့အတွက် အရောင်းအဝယ်ပါးပြီး ဈေးအေးနေတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းဆန်က တစ်အိတ်ကို ၉၅၀၀၀ ကနေ ၁၁၂၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ဖျာပုံပေါ်ဆန်းကတစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၂၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်၊ ဒေးဒရဲက တစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၀၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ကျပ်၊မြောင်းမြပေါ်ဆန်းကတစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ကျပ်၊ပေါ်ဆန်းနယ်စုံကတော့တစ်အိတ်ကို တစ်အိတ်ကို ၈၅၀၀၀ ကနေ ၈၇၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

ဆက်တိုက်ဈေးတွေ မြင့်တက်ခဲ့တဲ့ဆန်ကြမ်းအများစုက ဒီတစ်ပတ်မှာ ဈေးငြိမ်နေပြီး ဧည့်မထဆန်ကပဲ တစ်အိတ်ကို ၅၀၀ ကျပ်ဈေးမြင့်တက်လာခဲ့ပါတယ်။တစ်အိတ်ကို ၆၀၀၀၀ ကနေ ၆၂၅၀၀ပေါက်ဈေးရှိ နေပါတယ်။

နယ်ဈေးကွက်မှာတော့စပါးဈေးတွေကတော့ အတက်အကျ အနည်းငယ်သာ အပြောင်းအလဲ ရှိနေပါတယ်။

ပြီးခဲ့တဲ့ အပတ်က မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင် အသင်းက ပြည်တွင်းက ဆန် နဲ့ဆန်ကွဲ တွေကို ပိုမို တင်ပို့နိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံက ကုမ္မဏီ ၈ ခုနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရအဖွဲ့တွေ နဲ့လည်းMOU လက်မှတ်များရေးထိုးခဲ့တယ်လို့သိရပါတယ်။

မြန်မာ့ဆန်နဲ့ဆန်ကွဲ ကို တရုတ်နိုင်ငံ မှ အများဆုံး ဝယ်ယူပြီး ဖိလစ်ပိုင်နိုင်ငံက ဒုတိယ ဝယ်ယူမှု အများဆုံး နိုင်ငံဖြစ်သည်။

မတ်ပဲ

မတ်ပဲကတော့ ဈေးမြင့်တက်လာပါတယ်။ တစ်ပတ်အတွင်းမှာတော့ ငွေကြေးလဲလှယ်ဈေးနှုန်းအပြောင်းအလဲ များကြောင့် အတက်အကျတွေ ရှိခဲ့ပေမယ့် ဈေးက ပြန်ပြီး မြင့်တက်လာပါတယ်။ ဈေးချဝယ်ယူမှုကြောင့် ဈေးအနည်းငယ်ကျဆင်းသွားခဲ့တယ်လို့ ကုန်သည်အချို့က ဆိုပေမယ့် ပဲလက်ကျန်လျော့နည်းတဲ့အပြင် အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက် ကြောင့် ဈေးက ရက်ပိုင်းအတွင်း ပြန်လည် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၂၄၆၀၀၀၀ ပေါက်ဈေးရှိပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၄၅၀၀၀ ကျော်ဈေးမြင့်တက်လာသည်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၂၄၀၀၀၀ကနေ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးမြင့်တက်လာသည်။

အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊မုံရွာ၊ပြည်တို့မှာလည်း တစ်တင်းကို ၇၈၀၀၀ ကနေ ၈၀၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၅၀၀ လောက်ဈေးတက်ပါတယ်။

နယ်အချို့မှာတော့ ပဲ အဝင်မရှိတော့ပဲ ဈေးလည်း မဖွင့်ဘူးလို့ သိရပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကျဆင်းသွားပါတယ်။ဆက်တိုက်ဈေးမြင့်တက်နေခဲ့တာဖြစ်‌ေ ပမယ့် လက်ရှိ ဈေးကျဆင်းမှုကတော့ အရောင်းအဝယ်မရှိဈေးကွက်အေးနေတဲ့အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။ နယ်ဈေးကွက်တွေမှာတော့ ဈေးဖွင့်ထားပေမယ့် အရောင်းအဝယ်မရှိဘူးလို့ ဆိုပါတယ်။ ပဲစင်းငုံနီက ဆက်ပြီး တက်နိုင်ခြေ ရှိသေးတဲ့အတွက် လက်တလော ကျဆင်းခြင်းသည် ရေတို ကျဆင်းတာဖြစ်တယ်လို့ ပဲ ကုန်သည်အချို့က ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ ပဲစင်းငုံနီ လိုအပ်ချက်က ကြီးမားနေတဲ့အတွက် ပြည်တွင်းလှောင်လက်သမားတွေကလည်း ဈေး ဆက်စောင့်နေကြတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။အိန္ဒိယနိုင်ငံကတော့ ပဲဈေး ကစားတာကို ဟန့်တား နိုင်ဖို့ အတွက် သိုလှောင်တာကို ကန့်သတ်မှုတွေ ပြုလုပ်နေပေမယ့် ဈေးကတော့ကျဆင်းသွားမျိုးမရှိဘူးလို့ အိန္ဒိယ သတင်းတွေ  မှာ ဖော်ပြထားပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ က တစ်တန်ကို ၃၂၇၀၀၀၀ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်ရင် တစ်တန်ကို ၂၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၁၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ အရောင်းအဝယ်တော့ မရှိဘူးလို့ သိရပါတယ်။

အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေးကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၁၀၃၀၀၀ ကနေ ၁၀၄၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၅၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဈေးတွေကျဆင်းပေမယ့် ဈေးကွက်ထဲကို ပဲအသစ်တွေ အဝင်ရှိ နေပြီး အသစ်တွေက ဈေးကောင်းရရှိနေပါတယ်။တရုတ်တင်ပို့မှု ရှိပေမယ့် ပြီးခဲ့တဲ့ အပတ်က ပဲတီစိမ်းတွေ တန်ချိန် အများအပြား ဖမ်းခံရပြီးနောက်ပိုင်း တင်ပို့မှု အနည်းငယ်တန့်သွားပြီး အဝယ်လည်း လျော့နည်း သွားပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၈၃၀ပေါက်ဈေးရှိပြိး ဈေးငြိမ်ပါတယ်။ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့တစ်ပိဿာကို ၃၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ပဲတီစိမ်း(ဝါးခယ်မ)ကတော့တစ်ပိဿာကို ၂၅၈၀ ကနေ ၃၀၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေး မြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း ထိပ်စတွေက ဈေးကွက်မရှိပဲ ပဲတီစိမ်းအညာတွေက တော့တစ်အိတ်ကို ၁၅၀၀၀၀ ကနေ ၁၇၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၇၀၀၀ ကနေ ၅၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃၀၀၀ ကနေ ၅၇၅၀၀ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။

ပြည်ဈေးကွက်မှာတော့ ပဲတီစိမ်း အသစ်တွေ ဈေးကွက်ထဲကို ဝင်နေပြီး တစ်တင်းကို ၆၀၀၀၀ ကျပ်ပေါက်ဈေးရရှိနေပါတယ်။

ကုလားပဲ

ကုလားပဲဈေးက ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ဈေး မြင့်တက်ပေမယ့် တစ်ပတ်အတွင်းမှာတော့ ဈေးတွေ ကျဆင်းနေပါတယ်။ ပဲစင်းငုံနီ ဈေး ကျဆင်းလာတာနဲ့အတူ ကုလားပဲဈေးပါ ကျဆင်းလာတာ ဖြစ်တယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။လက်ရှိ  ကုလားပဲဈေးက  စံချိန်တင်မြင့်တက်နေတာ ဖြစ်တဲ့ အတွက် အရောင်းရှိနေပြီး အဝယ်အေး နေတာ ဖြစ်ပါတယ်။ လက်ကျန်နည်းနေတဲ့ ကုလားပဲဈေးကတော့ ထပ်ပြီး တက်နိုင်ဦးမယ်လို့ ခန့်မှန်းမှုတွေ ရှိပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၄၅၃၀ ကနေ ၄၆၃၅ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၃၅ ကျပ်ဈေးတက်လာပါတယ်။၊ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၅၀၀   ကနေ ၄၆၇၀  ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ် ဈေးကျဆင်းသွားပါတယ် ။ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၆၀၀၀ ကနေ ၆၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၅ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၅၆၀၀၀ ကနေ ၂၅၇၀၀၀  ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၂၆၅၀၀၀ ကျပ်ရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး၊ ၊ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၂၆၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာလည်းကုလားပဲ ၉၂၉ က တစ်တင်းကို ၈၈၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ် ၊ကုလားပဲ(ဗွီတူး)ကတော့တစ်တင်းကို ၉၀၀၀၀  ပေါက်ဈေးရှိပြီး တစ်တင်းကို  ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲကြီး ၊ထောပတ်ပဲ

ပဲကြီးနဲ့ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေး မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးမြင့်တက်နေတာ ဖြစ်ပြီး ဈေးကွက်ထဲကို အဝင်နည်းတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း၊ရွှေကျွန်း)က တစ်ပိဿာကို ၄၆၉၅ မှ ၅၁၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။မန္တလေးဈေးကွက်မှာ ပဲကြီးက သုံးတင်းဝင် တစ်အိတ်ကို ၂၇၀၀၀၀ ကနေ ၂၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။အောင်လံဈေးကွက်မှာတော့ တစ်တင်း ကို ၉၆၀၀၀ ကနေ ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်း ကို ၄၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ထောပတပြဲကတော့ ရနကြုနဈြေးကှကမြှာ တဈပိူာကို ၄၀၀၀ ပေါကဈြေးရှိပှီး အတကဈြေးနဲ့‌ေ ဈးငှိမပြါတယြ။ ။မနျတလေးဈေးကှကမြှာတော့ သုံးတငြးဝငြ တဈအိတကြို ၂၅၅၀၀၀ ကနေ ၂၈၀၀၀၀ ပေါကဈြေးရှိပှီး တဈအိတကြို ၁၀၀၀၀ ကပွဈြေးမှင့တြကလြာပါတယြ။

ပြောင်းဆံ

၂ပတ်နီးပါး အကျဈေးနဲ့ ဈေးငြိမ်နေတဲ့ ပြောင်းဆံက ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ် ပြန်မြင့်တက်လာပါတယ်။ဈေးကွက်ထဲ အဟောင်းလက်ကျန်တွေ နည်းနေပြီး မျိုးပြောင်းတွေ အဝယ်သွက်နေတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၂၂၀ ကနေ ၁၂၄၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၆၀၅၀၀ ကနေ ၆၁၅၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ကျပ်ဈေးမြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၉၈၀၀ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးတက် လာပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးကွက်ထဲ အဝင်ပုံမှန်ရှိပေမယ့် အဝယ်သွက်နေတဲ့အတွက်ဈေးမြင့်တက်လာ တာ ဖြစ်ပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ကြက်သွန်ဖြူ ပိဿာချိန် ၁၈၀၀၀ နီးပါး အဝင်ရှိတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာကို ၅၆၀၀ ကနေ ၇၀၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။မော်လမြိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၆၄၀၀ ကနေ ၆၈၀၀ ‌ေ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

အာလူး

ဆက်တိုက်ဈေးမြင့်တက်နေခဲ့တဲ့ အာလူးဈေးကတော့ ဒီတစ်ပတ်မှာဈေးပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲ အဝင်များတဲ့အတွက်ဈေးကျဆင်းသွားတာ ဖြစ်ပါတယ်။ရန်ကုန်ဘုရင့်နောင်ဈေးကွက်ကို နေ့စဉ် ကားအစီးရေ ၁၀ စီးကျော် ပိဿာချိန် ၇ သောင်းနီးပါးအဝင်ရှိနေပြီး ၂ ဆ နီးပါး အဝင်များလာတာ ဖြစ်ပါတယ်။

ဘုရင့်နောင်ဈေးကွက်မှာ အာလူး(ဟဲဟိုး) တစ်ပိဿာကို ၂၂၅၀ကနေ ၂၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ငရုတ်

ငရုတ်ဈေးတွေကတော့ ဒီတစ်ပတ်ဈေးမြင့်တက်လာပါတယ်။ဈေးကွက်ထဲကို အဝင်နည်းပြီး အဝယ် သွက်နေ တဲ့ အတွက် ဈေးတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် ၁၂၀၀၀ ခန့် အဝင်ရှိတယ်လို့ သိရပါတယ်။ဇွန်လ ပထမအပတ်လောက်ကတည်းက စတင်ဈေးမြင့်တက်နေတာ ဖြစ်ပြီး ဆက်ပြီး မြင့်တက်နိုင်ခြေကတော့ နည်းတယ်လို့ငရုတ်ရောင်းဝယ်သူ တွေက ခန့်မှန်းထားပါတယ်။

ရန်ကုန်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက ကတစ်ပိဿာကို ၁၅၀၀၀ ကနေ ၁၇၀၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်၊ငရုတ်ပန်းရဲကတစ်ပိဿာကို ၁၄၅၀၀ မှ ၁၅၀၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို၅၀၀ ကျပ်၊အိမ်မဲရှည်က တစ်ပိဿာကို ၁၃၀၀၀ ကနေ ၁၄၀၀၀ ရှိပြီးတစ်ပိဿာကို ၁၀၀၀ ကျပ်၊ငရုတ်(မြစ်ဝ)ကတစ်ပိဿာကို ၁၅၀၀၀ ကနေ ၁၆၅၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ကျပ် အသီးသီးဈေးမြင့်တက်လာသည်။

Leave a Reply

Your email address will not be published. Required fields are marked *