သိုလှောင်ရုံ ကုန်အပ်လက်မှတ်ဖြင့် ချေးငွေရယူနိုင်မည့် ငွေကြေးထောက်ပံ့မှု စနစ် အကောင်အထည်ဖော်မည်

သိုလှောင်ရုံ ကုန်အပ်လက်မှတ်ဖြင့် ချေးငွေ ရယူနိုင်မည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System) ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးညွန့်အောင်က ပြောသည်။

တောင်သူများ အနေဖြင့် သီးနှံများကို သိုလှောင်ရုံများတွင် အပေါင် အဖြင့်ထားရှိကာ အပ်နှံပြီးရရှိလာသည့် ကုန်အပ်လက်မှတ်ကို အသုံးပြု ပြီး ဘဏ်များတွင် ချေးငွေ ရယူနိုင်မည့် စနစ် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။

အဆိုပါ စနစ်တွင် တောင်သူများ သည် သီးနှံပိုင်ရှင် ကုန်အပ်နှံသူ၊ သိုလှောင်ရုံပိုင်ရှင် များသည် သိုလှောင်ရုံကုန်အပ်လက် မှတ်ထုတ်ပေးသူ ၊အစိုးရ နှင့် ပုဂ္ဂလိက ဘဏ်များသည် သိုလှောင်ရုံကုန်အပ်လက်မှတ်ပေါ် အခြေခံ၍ ချေးငွေ ထုတ်ပေးသူ အဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ်ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရိတ်သိမ်းချိန်လွန်နောက်ပိုင်း ကိုင်တွယ်ထိန်းသိမ်းမှုများ အတွက် အဓိက ကျသည့် လုပ်ငန်းစဉ်များ အဓိက ပါဝင်သည့် ဆန်စပါးဥပဒေ ကိုလည်း ရေးဆွဲထားကာ မကြာမှီပြဌာန်းသွားမည်ဖြစ်ကြောင်း း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးညွန့်အောင်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *