ပြည်တွင်းဆန်စျေးကွက်အတွင်း လက်ကားဝယ်ယူမှုများ ရပ်တန့်နေကာ ဈေးနှုန်းများ ကျဆင်းနေ

ဇူလိုင်လ ၇ ရက်

ပြည်တွင်းဆန်စျေးကွက်အတွင်း လက်ကားဝယ်ယူမှုများ ရပ်တန့်နေခြင်းမှာ Exportသမားများဝယ်ယူခြင်းမရှိ၍ ရပ်တန့်နေခြင်းဖြစ်ပြီး ဆန်ဈေးနှုန်းများ ကျဆင်းနေ ‌ကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်း ရေးမှူး ဦးနေလင်းဇင်ကပြောသည်။

“ပှညတွှငွးမှာ ဆနကွိုလကကွားဝယယွူမှုတှေ ရပတွန့နွတယဆွေိုတာက ပှညပွပို့ဖို့ Exportသမားတှကေ မဝယတွဲ့သဘောပေါ့။ ဆနစွှေးတကတွာကိုစောင့နွတောတော့မဟုတဘွူး။ Re-Export သမားတှကေ မဝယရွဲတာ။ လကရွှိကတော့ ပှညပွတငပွို့မှုက ပှီးခဲ့တဲ့သုံးလ အခုက ခှောကလွရှိသှားပှီပေါ့။ ပှီးခဲ့တဲ့ ဇနနွဝါရီ ၊ဖဖဝေါရီ ၊ မတွ နဲ့ ဧပှီ၊မေ၊ဇှနကွို ယှဥကွှည့လွိုကမွယဆွိုရငွ ဧပှီ၊မေ၊ဇှနသွုံးလတာကာလက တောတွောလွေး ကဆှငွးသှားတယွ။ အဓိကတော့ ငှကှေေးမူဝါဒ Exchange Rate ပေါလွစီကှောင့ွ အမှားကှီးကသှှားတယွ။ လုပသွာကိုငသွာမရှိဘူးပေါ့။ ပတဝွနွးကငွှ နိုငငွံ တှနေဲ့ ယှဥပွှိုငနွိုငတွဲ့ အခငွးအကငွှးမှာမရှိဘူး။ မနှဈက ၁၀၀ဖိုးပို့ရငွ ဒီနှဈအတှကကွ ၇၀ လောကပွဲရှိတာပေါ့”ဟု၄ငွးကပှောသညွ။

လတ်တလောအခြေအနေအရ ဆန်သိုလှောင်သူများအနေဖြင့် ဆန်လက်ကား ဝယ်ယူမှု မရှိသည့်အတွက် လက်ကျန် ဆန်များ သောင်တင်နေကြောင်းလည်း သိရသည်။

ထို့အပြင် Exporterများက အဝယ်ရပ်လိုက်ခြင်းကြောင့် ပြည်ပပို့ကုန်ဖြစ်သည့် ဧည့်မထ၂၅မှတ်ဆန်မှာလည်း စျေးနှုန်းကျဆင်းလျက်ရှိကြောင်း ဘုရင့်နောင်ပွဲရုံ ၊ရွှေကျွန်းမဏ္ဍိုင်၊ ဆန်ရောင်းဝယ်ရေးမှသိရသည်။

“ဆန်စျေးကျပါတယ်။ဧည်မထ ဆန် ၂၅မှတ်ဆန် တွေဆက်တိုက်ကျဆင်း နေပါတယ်။နွေစပါး မိုးကြိုစပါးတွေ အလုံးအရင်း ထွက်လာသလို exporter ကြီးတွေ အဝယ်ရပ် လိုက်ကြလို့ တောင်သူတွေလည်း ထိခိုက်ခံစား ရပါတယ်။ပြည်ပကိုအများဆုံးတင်ပို့တဲ့ ဧည်မထ ဆန် ၂၅မှတ်ဆန်က ဆန်သား ၆၀ ရာခိုင်နှုန်း၊ဇကွဲ၄၀ ရာခိုင်နှုန်း ပါတဲ့ ဆန်အနိမ့်စ ပါ။ ပြည်တွင်းမှာ စားသုံးမှုအလွန်နဲပါတယ်”ဟု ရွှေကျွန်းမဏ္ဍိုင်မှ တာဝန်ရှိသူကပြောသည်။

ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်များ၏ ပျှမ်းမျှဆန်စျေးနှုန်းများမှာ၊ ရွှေဘိုအိုးဝင်ထိပ်စထူးထူးရှယ် ၁၂၅၀၀၀ကျပ်၊ရွှေဘိုပေါ်ဆန်းထူးထူးရှယ် ၁၁၅၀၀၀ကျပ်၊ကျောင်းတော်ရာမဂျမ်းတောထူးထူးရှယ် ၁၂၅၀၀၀ကျပ်၊ ရွှေဘိုမဂျမ်းတောထူးထူးရှယ် ၁၂၀၀၀၀ကျပ်၊ ဧရာဝတီမဂျမ်းတောထူးထူးရှယ် ၈၆၀၀၀ကျပ်၊ဧရာဝတီရွှေဘိုထူးထူးရှယ် ၉၉၀၀၀ကျပ်၊ ပုသိမ်ရွှေဘိုထူးထူးရှယ်၉၈၀၀၀ကျပ်၊ မြောင်းမြရွှေဘိုထူးထူးရှယ် ၉၈၀၀၀ကျပ်၊ ပုသိမ်ပေါ်ဆန်းထူးထူးရှယ် ၉၇၀၀၀ကျပ်၊ မြောင်းမြပေါ်ဆန်းထူးထူးရှယ် ၉၆၀၀၀ကျပ်၊ ကျားပျံထူးထူးရှယ် ၉၅၀၀၀ကျပ်၊တောင်ပျံထူးထူးရှယ် ၉၃၀၀၀ကျပ်၊ဖျာပုံပေါ်ဆန်းထူးထူးရှယ် ၉၄၀၀၀ကျပ်၊ပေါ်ဆန်းယဥ် ၉၂၀၀၀ကျပ်၊ပေါ်ဆန်းလတ် ၉၀၀၀၀ကျပ်၊ ပေါ်ဆန်းရိုးရိုး ၈၈၀၀၀ကျပ်၊ ပခမ်း ၈၃၀၀၀ကျပ်၊ဆင်းသွယ် ၈၀၀၀၀ကျပ်၊ မနောသုခ ၇၄၀၀၀ကျပ်နှင့် ဇီယာ ၇၀၀၀၀ကျပ် ပေါက်စျေးရှိကြောင်းသိရသည်။


လက်ရှိ ဆန်စပါးဈေးကွက် တည်ငြိမ်ရေးအတွက်နေပြည်တော်နှင့် တိုင်းဒေသကြီးလေးခုတွင် ဆန်စပါး သိုလှောင်မှုများကို စာရင်းပြုစုသွားခြင်းကို ပြုလုပ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေသိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်တန်ချိန် ၂.၄သန်းတင်ပို့နိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၃-၂၄ ခုနှစ်ဘဏ္ဍာနှစ်ဆန်တင်ပို့မှုအခြေအနေအရ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်ကို မှီ ရန်မလွယ်ကူကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၂၂ သိန်းကျော်တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ် လာ ၈၅၃ သန်းကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှသိရသည်။

၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန်ချိန် ၂ ဒသမ ၁ သန်း တင်ပို့ခဲ့ပြီး ဒေါ်လာ သန်း ၈၀၀ကျော်ရရှိခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ ဆန်စပါးတစ်နှစ်စာ ထုတ်လုပ်မှု၏ ၇၅ရာခိုင်နှူန်းသည် ပြည်တွင်းစားသုံးမှုဖြစ်ပြီး ပိုလျှံသည့် ၂၅ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ခြင်းဖြစ်ကြောင်းသိရသည်။

Exporterများအနေဖြင့် နိုင်ငံတော်သို့ ဆန်တစ်တန်လျှင် တစ်အိတ်နှုန်း နိုင်ငံတော်အရန်ဆန်ထားရှိရန် ရောင်းချပေးရသော်လည်း လတ်တလောပြည်တွင်းစားသုံးမှုအခြေအနေအရ Demand နှင့် Supply တွင် Demand က အများအပြားမရှိ၍ အရန်ဆန်ထုတ်ရောင်းရန် မလိုအပ်ကြောင်းသိရသည်။

ကောင်းကောင်း(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *