ဈေးကွက်သုံးသပ်ချက် (၁၀.၇.၂၀၂၃) မှ (၁၄.၇.၂၀၂၃)

ဆန်

ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေး တွေ ဈေးငြိမ်နေပါတယ်။ဧရာဝတီတိုင်းဈေးကွက် မှာတော့ ပထမတန်းစား ပေါ်ဆန်းစပါးတွေ ရော ဒုတိယတန်းစား ဧည့်မထ စပါးတွေပါ ဈေးမြင့်တက်ပေမယ့် ဆန်ဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ ဈေးကွက်ထဲကို အသစ်တွေ အဝင်နည်းနေသေးတာ ဖြစ်လို့ အဝင်ရှိသလောက် အရောင်းအဝယ် ရှိနေပေမယ့် ဈေးကွက် အေးနေတယ်လို့ ဆိုပါတယ်။ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ဆန်အဝင်နည်းပြီး အရောင်းအဝယ် အေးနေကာ ပြီးခဲ့တဲ့ အပတ်က ဈေးအတိုင်း ဈေးငြိမ်နေပါတယ်။

ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၂၁၆၄၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်ဈေးတက်ပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၈၉၀၀၀ နဲ့ ဈေးငြိမ် ပါတယ်။ ပုသိမ်ဧည့်မထ (မိုး)ကတော့ တင်း ၁၀၀ ကို ၁၇၃၈၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်၊ဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၁၆၅၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၈၀၀၀ ကျပ် ဈေး တက်လာပါတယ်။ဆန်ကတော့ မိုးက တစ်အိတ်ကို ၆၇၀၀၀ ကျပ် နွေက ၆၁၀၀၀ ကျပ် ဖြင့် ဈေးငြိမ်နေပါတယ်။

ဒေးဒရဲပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၁၈၉၂၀၀၀ ‌ေပါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၈၇၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ဆန်ကတော့တစ်အိတ်ကို ၈၅၀၀၀ ကျပ် ဖြင့် ဈေးငြိမ်နေပါတယ်။ ဒေးဒရဲဧည့်မထ(မိုး)ကတော့ တင်း ၁၀၀ ကို ၁၇၂၉၀၀၀ပေါက်ဈေး ရှိပြီး တင်း ၁၀၀ ကို ၃၇၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ နွေဧည့်မထကတော့ တင်း ၁၀၀ ကို ၁၆၇၄၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၇၀၀၀ ကျပ် ဈေးမြင့်တက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၆၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

အခြား ဖျာပုံ မအူပင် ပေါ်ဆန်းစပါးတွေလည်း တင်း ၁၀၀ကို အနိမ့်ဆုံး ၃၀၀၀၀ ကနေ အမြင့်ဆုံး ၁၅၀၀၀၀ ကြားထိဈေးမြင့်တက်လာပါတယ်။လက်ရှိ စပါးဈေးကတော့ အသစ်တွေ ဈေးကွက်ထဲ ဝင်နေတာ ဖြစ်တဲ့အတွက် အမြင့်ဈေး ရှိနေပေမယ့် ဈေးချဝယ်ယူမှုတွေ ရှိနေတာ ဖြစ်လို့ ဈေးကွက်ထဲ အေးနေတယ်လို့ဆန်ကုန်သည်တွေက ဆိုပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ် နဲ့ ယှဉ်ရင် ဈေး မြင့်တက်ပေမယ့် တစ်ပတ်အတွင်း မှာတော့ ဈေးအတက်အကျ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတွင်း မတ်ပဲ ဈေးမြင့်တက်မှုကြောင့် CNF ဈေးနှုန်းတွေပါ မြင့်တက်လာပြီး ပြည်တွင်း ဈေးပါ အနည်းငယ်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ဩ

ဈေးကွက်ထဲ အသစ်တွေ အနည်းငယ်ဝင်ရောက်နေပြီး အဝင်ရှိသလောက် အဝယ်ရှိပေမယ့် ဈေးက အနည်းငယ်လျော့နည်းပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ FAQ/RC က တစ်တန်ကို ၂၂၉၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ‌၈၅၀၀၀ ကျပ်ဈေးပြန် မြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ မတ်ပဲ  အဟောင်းတွေ  တစ်အိတ်ကို ၂၁၅၀၀၀ ကနေ ၂၂၀၀၀၀ ကြားပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၅၂၀၀၀ ကနေ ၆၂၀၀၀ ကြားရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တင်းကို ၄၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊ပြည်၊ တို့မှာလည်း တစ်တင်းကို ၇၀၀၀၀ ကနေ ၇၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၃၀၀၀လောက်ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ဈေးကျဆင်းသွားပါတယ်။ တစ်ပတ်အတွင်း လည်း အကျ ဈေး ဖြင့် ဈေးငြိမ်နေခဲ့ပါတယ်။ ပြည်ပတင်ပို့မှုက ပုံမှန်ရှိပေမယ့် ပြည်တွင်းဝယ်ယူမှုကတော့ လက်ကျန် မရှိတဲ့အတွက် အရောင်းအဝယ်မရှိဈေးကျဆင်းနေတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

အိန္ဒိယနိုင်ငံတွင်းမှာတော့ပဲစင်းငုံနီ တင်သွင်းတာနဲ့ ပတ်သတ်ပြီး လုပ်ဆောင်နေကြပါတယ်။ အာဖရိက နေ မကြာခင်တင်သွင်းတော့မှာ ဖြစ်ပေမယ့် ဈေးက မျှော်မှန်းထားသလောက် ကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ အိန္ဒိယကုန်သည်တွေက သုံးသပ်ထားကြောင်း အိန္ဒိယသတင်းစာတွေ မှာ ဖော်ပြထားပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၁၃၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၀၀၀၀၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။

အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေး ကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၉၈၅၀၀  ကနေ ၁၀၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်ထဲ ထိပ်စတွေ အဝင်မရှိပဲ ဈေးက ကျဆင်းသွားပေမယ့် နယ်ဈေးကွက်တွေမှာတော့ ပဲတီစိမ်းအသစ် ( အညာ)တွေ ဈေးကွက်ထဲဝင်နေပြီး ဈေးငြိမ်နေပါတယ်။

အသစ်တွေ အရည်အသွေးပေါ်တူပြီး အရောင်းအဝယ်ဖြစ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပ ဝယ်လက်တွေ ရှိပေမယ့် နည်းနေတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ခရမ်းရွှေဝါက တစ်ပိဿာကို ၃၃၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ဈေးကျဆင်းသွားပါတယ်။ ဝါးခယ်မကတော့ တစ်ပိဿာကို ၂၅၈၀ ကနေ ၂၉၂၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၁၇၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပေမယ့် နေ့စဉ် အရောင်းအဝယ်ပေါ်တူပြီး ၃၀၀၀ ကနေ ၅၀၀၀ ကြားအတက် အကျရှိနေပါတယ်။

မုံရွာဈေးကွက်မှာ‌တော့ ပဲတီစိမ်းကြီးက တစ်တင်းကို ၄၅၀၀၀ မှ ၅၅၀၀၀ ကြား  ပေါက်ဈေးရှိသည်။

ကုလားပဲ

ကုလားပဲကတော့ ပြီးခဲ့တဲ့ အပတ်က ဈေးအတိုင်း ငြိမ်နေပါတယ်။တစ်ပတ်အတွင်း မှာလည်း ဈေး အတက်အကျ အနည်းငယ်သာ ရှိခဲ့ပါတယ်။ ဈေးကွက်အတွင်း လက်ကျန်မရှိတော့ပဲ အရောင်းအဝယ် အေးပြီး ဈေးအေးနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၄၁၆၅ ကနေ ၄၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၂၅၀  ကနေ ၄၃၃၀  ပေါက်ဈေးရှိပြီး ၉၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ။ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၅၄၀၀ ကနေ ၅၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကနေ ၂၀၀ ကြား ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၄၀၀၀၀ ကျပ်၊ ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၂၄၈၀၀၀ ကျပ်၊ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၂၅၀၀၀၀ ကျပ် နဲ့ ဈေးငြိမ် ပါတယ်။

အောင်လံဈေးကွက်မှာလည်း ကုလားပဲ(ဟော်လန်)က တစ်အိတ်ကို ၈၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပြီး မြကြေးမုံကတော့  တစ်တင်းကို ၈၈၀၀၀ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

 ပြောင်း

ပြောင်းကတော့ ဆက်တိုက်ဈေးကျဆင်းနေပေမယ့် အကျဈေးဖြင့် ဝယ်ယူမှုတွေရှိနေလို့ အရောင်း အဝယ်ကတော့ သွက်နေတယ်လို့သိရပါတယ်။ နေ့စဉ် အရောင်းအဝယ်ပေါ်မူတည်ပြီး အပြောင်းအလဲ ရှိနေတဲ့အတွက် ဈေးက ဆက်ပြီး အများကြီး ကျဆင်းသွားတာမျိုး မရှိပဲ ဈေးငြိမ်နေတဲ့အခြေအနေ ဖြစ်နေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံကတစ်ပိဿာကို ၁၁၅၀ ကနေ ၁၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကိ ၅၆၀၀၀ ကနေ ၅၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၉၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်နီ

ကှကသွှနနွီကတော့ ပှီးခဲ့တဲ့အပတနွဲ့ယှဉရွငွ ဈေး ကဆှငွးသှားပမယေ့ွ တဈပတအွတှငွးမှာတော့ အကဈှေး ဖှင့ွ ‌ဈေးငှိမနွပေါတယွ။ ပှညပွ ဝယယွူမှုတှလညွေးလှော့နတော ဖှဈပှီး ဈေးကှကထွဲကို ကှကသွှနွ တှေ အဝငမွှားနတေဲ့အတှကွ ဈေးက တန့နွတော ဖှဈပါတယွ။ နေ့စဉွ ဈေးကှကထွဲကို ပိူာခှိနွ တဈသိနွး နှင့ွ အထကွ ဝငရွောကနွပေါတယွ။

ရန်ကုန်ဈေးကွက်မှာတော့ကြက်သွန်နီ(ဆိပ်ဖြူ၊မုံရွာ)က တစ်ပိဿာကို ၁၇၀၀ ကနေ ၂၁၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀ကျပ် ဈေးကျဆင်းပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁၅၀၀ ကနေ ၁၈၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ငရုတ်

ငရုတ်ဈေးကတော့ အတက်ဈေးဖြင့် ဈေးငြိမ်နေရာမှ ပြန်ပြီး ဈေးပြန်ကျဆင်းလာပါတယ်။ ဈေးကွက်ထဲကို အသစ်တွေ အဝင်များလာတဲ့အတွက်ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ ထိုင်းတင်ပို့မှု မှာလည်း လမ်းကြောင်းအခြေအနေ အရ တင်ပို့မှု နည်းနေတယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ် ဆင်ဖြူကျွန်းက တစ်ပိဿာကို ၁၅၀၀၀ မှ ၁၆၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်၊ ငရုတ်(မြစ်ဝ)က တစ်ပိဿာကို ၁၅၀၀၀ မှ ၁၆၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်၊ငရုတ်ပန်းရဲက တစ်ပိဿာကို ၁၁၀၀၀ မှ ၁၂၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀၀ ကျပ်၊မြှားနီ(ဟင်္ဿာတ)က တစ်ပိဿာကို ၁၁၀၀၀ မှ ၁၂၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

ထန်းလျက်

ထန်းလျက်ကတော့ ဈေးကွက်ထဲ အသစ်တွေ အဝင်ရှိနေပြီး ဈေးအနည်းငယ်မြင့်တက်လာပါတယ်။ လက်ကျန်တွေကတော့ ဈေးကွက်ထဲ မရှိတော့ဘူးလို့ သိရပါတယ်။

တောင်သာ(မလိုင်ဒုံး)က တစ်ပိဿာကို ၃၀၅၀ မှ ၃၁၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀ မှ ၂၅၀ ကြား၊ပခုက္ကူကြမ်းကတော့ တစ်ပိဿာကို ၃၀၀၀ မှ ၃၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်၊ ဈေးမြင့်တက်လာပါတယ်။ ညောင်ဦးဆေးရှယ်က တစ်ပိဿာကို ၃၃၀၀ မှ ၃၃၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။ရေစကြိုကတော့ တစ်ပိဿာကို ၃၀၀၀ မှ ၃၄၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *