ပျိုးသက်နုကောက်ကွက်ကြဲစိုက်ပျိုးနည်းစနစ်တွင် စပါးစိုက်တောင်သူများ လိုက်နာရမည့်အချက်များ နှင့် ရှောင်ကြဉ်ရမည့်အချက်များ

လိုက်နာရမည့်အချက်များ


၁-မျိုးအဖြစ် မျိုးသန့်စပါးမျိုးစေ့သက်လတ်စပါးမျိုးကို တစ်ဧကလျှင် မျိုးစေ့ နို့ဆီဗူး ၁၀ ဗူး အသုံးပြုပါ။


၂-နွားချေးဆွေး၊မြေဆွေး ၂ ဆ နှင့် မြေ ၅ ဆ သမအောင် ရောစပ်ထားသော မြေအား သစ်သားဘောင် ပုစံ ခွက်ထဲသို့ ညီညာစွာဖြည့်ပါ။မျိုးစေ့ကြဲပက်ပြီး မြေဆွေးခပ်ပါးပါးဖုံးအုပ်၍ ရေပန်းကရားဖြင့်ရေလောင်းပေးပါ။


၃-ပျိုးသက်(၈-၁၂) ရက်သားအရွက် (၂-၃-)ရွက်ထွက်ချိန် တစ်ပင်ချင်း စနစ်ဖြင့် ကောက်ပင်အနက် ၁ လက်မခန့် ထား၍ မြေလုံးမပျက်ပြောင်းရွှေ့စိုက်ပျိုးပါ။


၄-စိုက်ခင်းသမန်းမြေကို ညီညာစေပြီး ရေသွင်းရေထုတ်ကောင်းမွန်အောင်ဆောင်ရွက်ပါ။စိမ့်မြောင်းပတ်မြောင်းများပြုလုပ်ထားပါ။


၅-သစ်စိမ်းမြေသြဇာရနိုင်သည့် ပဲမျိုးရင်းဝင် အပင်များစိုက်ပျိုးခြင်း(သို့)တစ်ဧကအတွက် သဘာဝမြေသြဇာအဖြစ်သမန်းပြင်ချိန်တွင် နွားချေးဆွေး ၃-၄ တန် အသုံးပြုပါ။လိုအပ်ပါက တစ်ဧကလျှင် ပုလဲမြေသြဇာ ၁-၂ အိတ်ကို မှို့မကပ်မီချိန် နှင့် ပိုတက်မြေသြဇာ ၁-၄ အိတ် နှုန်းကို အလံရွက်ထွက်ချိန် ထည့်ပေးပါ။


၆-ပင်ကြား၊တန်းကြား (၁၀×၁၀)ပတ်လည်ထား၍ ၁၂ တန်းလျှင် ၁၅ လက်မခြား ၁ တန်းလှပ်စိုက်ပါ။(မျိုးစေ့ ထုတ်စိုက်ပျိုးပါက ၆ တန်း ၁ တန်း လှပ်စိုက်ပါ။ရေသွင်းရေခန်းစနစ်ကို အသုံးပြုပါ။


၇-ရွှေ့ပြောင်းစိုက်ပြီး ၁၀ ရက်သား ၂၀ ရက်သား နှင့် ၃၀ ရက်သားတွင် ပေါင်းလိုက်သမန်းနှိုးပါ။ပေါင်းလိုက် သမန်းနှိုးကိရိယာဖြင့် သမန်းမနှိုးမီ ၁ ရက်အလိုတွင် ရေသွင်းပေးပါ။


၈-လိုအပ်ပါက သဘာဝနည်းဖြင့် ဖော်စပ်ထားသော ပိုးသတ်ဆေးးများကို အသုံးပြုပါ။


၉-စပါးမရိတ်သိမ်းမှီ ၂ ပတ်အလိုတွင် ရေထုတ်ပေးပါ။


၁၀-လေလွင့်ဆုံးရှုံးမှုနည်းစေရန် ရိတ်သိမ်းချွေလှေ့စက်အသုံးပြုပါ။

ရှောင်ကြဉ်ရမည့်အချက်များ


၁-မျိုးသန့မျိုးပွား မျိုးစေ့(သို့)စီးပွားဖြစ်မျိုးသန့်မျိုးစေ့များကို တစ်ဧကလျှင် မျိုးစေ့ နို့ဆီဗူး ၁၀ ဗူး ထက်ပို၍ မသုံးရ။


၂-ရေဝပ်နိုင်သည့်နေရာများတွင်ပျိုးထောင်ခြင်းမပြုရ။


၃-ပျိုးသက်(၁၅)ရက်ကျော်သော ပျိုးပင်များကို အသုံးမပြုရ။


၄။ဓာတုပေါင်းသတ်ဆေး၊ပိုးသတ်ဆေးများ နှင့်ဓာတ်မြေသြဇာများကို လွန်ကဲစွာအသုံးမပြုရ။


၅-စိုက်ခင်းအတွင်း ရေမပြတ်လွှမ်းထားခြင်းမပြုရ။သွင်းရေသည် စိုက်ခင်းမျက်နာပြင်မှ (၁-၁.)လက်မ ထက်မပိုရပါ။

စိုက်ပျိုးရေးဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *