မျိုးစေ့ချ ကိရိယာ ဖြင့် စိုက်ပျိုးရာတွင် စပါးစိုက်တောင်သူများ လိုက်နာရမည့်အချက်များ နှင့် ရှောင်ကြဉ်ရမည့်အချက်များ

လိုက်နာရမည့်အချက်


၁. တစ်ဧက အတွက် မျိုးသန့်စပါးမျိုးစေ့ (၁-၁.၅) တင်း အသုံးပြုရမည်။


၂.စိုက်ခင်းသမန်းမြေညီညာပြီး ရေပြောင်စင်အောင် ထုတ်ထားပြီးမှ စိုက်ရမည်။ စိမ့်မြောင်း ပတ်မြောင်းများ ပြုလုပ်ထားရမည်။


၃.မျိုးစပါးကို စာပါးစပ်ပြူ အနေအထားတွင် မျိုးစေ့ချပါ။


၄. မျိုးစေ့ချပြီးချိန်မှ ၅ ရက်အတွင်းကြက် ငှက် တိရိစ္ဆာန် နှင့် ကြွက် ဖျက်စီးခြင်းများမှ ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်ရမည်။


၅. တစ်ဧကအတွက် မြေခံအဖြစ် သဘာဝမြေသြဇာ နွားချေးဆွေး(၁-၂)တန် နှင့် ၁၅-၁၅-၁၅ ကွန်ပေါင်း ဓာတ်မြေသြဇာ ၅၀ ကီလိုဂရမ် တစ်အိတ် အသုံးပြုပါ။အပင်ပွားစည်းချိန်တွင် ပုလဲမြေသြဇာ (၁၊၂)အိတ် နှုန်း၊အလံရွက်ထွက်ချိန်တွင် ပိုတက်ရှ်မြေသြဇာ(၁၊၄) နှုန်းထည့်သွင်းပေးပါ။


၆.မျိုးစေ့ချပြီး (၂)ပတ်အတွင်း ကောက်ပင်ဖာခြင်းကို မဖြစ်မနေဆောင်ရွက်ရမည်။


၇.ပေါင်းလိုက်သမန်းနှုန်း ကိရိယာသုံး၍ ပေါင်းမြတ်နှိမ်နင်းပါ။


၈.ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းသည့် နည်းစနစ်များကို လိုက်နာကျင့်သုံးပါ။


၉.လေလွင့်ဆုံးရှုံးမှုနည်းစေရန် ရိတ်သိမ်းချွေလှေ့စက်အသုံးပြုပါ။

ရှောင်ကြဉ်ရမည့်အချက်များ


၁။ အလွန်စေးကပ်သော မြေနှင့် မညီညာသော သမန်းပြင် တွင် မျိုးစေ့ချကိရိယာကို အသုံးမပြုရပါ။


၂။ မျိုးစေ့တစ်ဧက နှုန်းထား (၁.၅) တင်းထက်ပိုမသုံးရပါ။


၃။မျိုးစေ့ပုံးထဲ မျိုးစေ့ထည့်ရာတွင် ပုံး၏ သုံးပုံနှစ်ပုံထက်မပိုစေရပါ။(မျိုးညှောက်ဖောက်ရာတွင် အညှောက်မရှည် စေရန်သတိပြုရမည်။)


၄။မရိတ်သိမ်းမီ(၂)ပတ်အလို စိုက်ခင်းတွင် ရေလုံးဝမရှိစေရပါ။

စိုက်ပျိုးရေးဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *