ဈေးကွက်သုံးသပ်ချက် (၃၁.၇.၂၀၂၃) မှ (၄.၈.၂၀၂၃)

ဆန် ၊ စပါး

၂၀၀၀၀ တန် ထွက်ရှိတဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကစပြီး ရန်ကုန် ဝါးတန်းဆန်စပါးကုန်စည်ဒိုင် ဆန်ဈေးတွေက မြင့်တက်လာသလို ပြင်ပဆန်စျေးကွက်မှာလည်း ဆန်စျေးတွေမြင့်တက်လာပါတယ်။

အလားတူ စပါးစျေးကလည်း အနည်းငယ်ပြန်တက်လာကာ အရောင်းအဝယ်ပြန်လိုက်လာပြီး နွေစပါးအသစ်ကတော့ အမျိုးအစားအပေါ်လိုက်ပြီး တင်း ၁၀၀ ကို ၁၃ သိန်းအထက်ကနေ ၁၈ သိန်းအထိရှိပြီး မိုးစပါးအဟောင်းကတော့ ၁၉ သိန်းကနေ ၂၃ သိန်းအထက်ရှိပြီး ရွှေဘိုပေါ်ဆန်းကတော့ သိန်း ၃၀ ကျော်အထိစျေးပေါက်တယ်လို့ သိရပါတယ် ။

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင် ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေး က တစ်အိတ်ကို ၉၃၀၀၀ ကနေ ၉၇၀၀၀ ပေါက်ဈေးရှိပြီး မြောင်းမြပေါ်ဆန်းမွှေးကတော့ တစ်အိတ်ကို ၉၇၀၀၀ ကနေ ၉၉၀၀၀ ပေါက်ဈေးရှိပြီး ပေါ်ဆန်းနယ်စုံကတော့ တစ်အိတ်ကို ၉၃၀၀၀ ကနေ ၉၅၀၀၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၁၂၀၀၀၀ မှ ၁၃၀၀၀၀ အထိစျေးတက်လာပါတယ်။

ပြင်ပဆန်စျေးကွက်မှာကတော့ ရွှေဘိုပေါ်ဆန်း ထူးရှယ်တစ်အိတ်ကို အမြင့်ဆုံး ၁၅၀၀၀၀ အထက်ထိ မြင့်တက်သွားပါတယ်။

ဆန်ကြမ်း ဧည့်မထဆန်ကတော့ တစ်အိတ်ကို ၆၅၀၀၀ ကနေ ၆၇၀၀၀ ပေါက်ဈေးရှိပြီး ဧည့်မထ ၂၅ မှတ်တန်ကတော့ တစ်အိတ်ကို ၅၈၀၀၀ ကနေ ၆၀၀၀၀ ကျပ် ၊ ငစိန်က ၆၁၀၀၀ ကနေ ၆၅၀၀၀ ကျပ်၊ရက် ၉၀ ဆန်က ၇၄၀၀၀ ကနေ ၇၈၀၀၀ ကျပ် ၊ကျားပျံရှယ်က တစ်အိတ်ကို ၉၇၀၀၀ ကနေ ၁၀၀၀၀၀ ကျပ်အထိ စျေးဖြစ်လာပါတယ်။

ဒါကြောင့် ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၁၅၀၀၀ မြင့်တက်လာပြီး ကျန်တဲ့ဆန်တွေ လည်း တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကျပ်မြင့်တက်လာတာဖြစ်ပါတယ်။

 မတ်ပဲ

မတ်ပဲကတော့ အရင်အပတ်တွေထဲက စျေးတွေဆက်တိုက်မြင့်လာပြီး လက်ရှိမှာ ပိဿာ ၂၀ တစ်တင်းကို ၇၇၆၀၀ ကျပ်ထိ စျေးတက်လာ ပါတယ်။ မတ်ပဲက တောင်သူတွေလက်ထဲမှာ သိပ်မရှိတော့တာကြောင့် စျေးကွက်ထဲ အရောင်းအဝယ်နည်းနေတယ်လို့ ပဲကုန်သည် တွေဆီက သိရပါတယ် ။

ရန်ကုန်ဈေးကွက်မှာလည်း မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၃၇၇၀၀၀ စျေးတန်းဖြစ်လာပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၇၀၀၀၀ ကျော် ထပ်မံစျေးမြင့်တက်လာတာဖြစ်ပါတယ်။

 မန္တလေးဈေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၃၀၀၀၀ ကနေ ၂၄၀၀၀၀ ပေါက်စျေးရှိတာကြောင့် အရင်တပတ်နဲ့ယှဥ်ရင် တစ်အိတ် ၂၀၀၀၀ စျေးတက်လာပါတယ်။

ပဲစင်းငုံနီ

စျေးတန်းငြိမ်နေတဲ့ ပဲစင်းငုံနီကလည်း ၂၀၀၀၀ တန်ထုတ်အပြီးမှာ စျေးနူန်းခုန်တက်လာပါတယ်။ပဲစဥ်းငုံနီဟာ အိန္ဒိယ နိုင်ငံကိုအဓိကတင်ပို့နေရတာဖြစ်ပြီး လက်ရှိ ပဲစဥ်းငုံနီဟာ ဈေးကွက်မှာ လက်ကျန်လည်း မရှိတာကြောင့် အရောင်းအဝယ်လည်း မရှိတဲ့အခြေအနေဖြစ်နေတယ်လို့ စျေးကွက်အရသိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို အရင်ပတ်က သိန်း ၃၀ ရှိခဲ့ရာကနေ လက်ရှိမှာ တစ်တန်ကို ၃၂ သိန်း ၄၂၅၀၀ ကျပ် အထိစျေးတက်လာလို့ တစ်တန်ကို ၂ သိန်း ၄၀၀၀၀ ကျော် မြင့်တက်လာပါတယ်။

အလားတူ စျေးကွက်မဖွင့်ခဲ့တဲ့ မန္တလေးစျေးကွက်မှာလည်း ခုတပတ်မှာတော့ ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၀၅၀၀၀ ကနေ ၃၁၀၀၀၀ ကျပ်နဲ့ စျေးဖွင့် လာပါတယ်။

အောင်လံကုန်စည်ဒိုင်နဲ့ ပခုက္ကူ ကုန်စည်ဒိုင် မှာလည်း ပဲစဥ်းငုံနီ ပိဿာ ၂၀ တစ်တင်းကို ၁၀၁၅၀၀ ကျပ်စျေးပေါက် နေပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ စျေးကွက်ထဲလည်း အဝင်ရှိနေသလို တရုတ်ကလည်း အဝယ်ရှိနေတာကြောင့် စျေးတန်းကအမြင့်ပိုင်းမှာပဲ ငြိမ်နေပါတယ်။

ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာတော့ အရင်တပတ်ကအတိုင်းပဲ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၃၃၀ ကျပ်၊ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၆၆၅ မှ ၂၉၇၀ စျေးတန်းအငြိမ်နဲ့ ဆက်ရှိနေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က အရင်တပတ်ကထက် ၂၀၀၀၀ စျေးတက်လာလို့ တစ်အိတ်ကို အနိမ့်ဆုံး ၁၆၅၀၀၀ ကနေ ၁၇၅၀၀၀ ပေါက်ဈေးရှိလာပါတယ်။ 

ကုလားပဲ

ကုလားပဲကတော့ ဆက်တိုက်ဈေး မြင့်တက်နေပါတယ်။ လက်ရှိမှာ ကုလားပဲက ဈေးကွက်ထဲကို အဝင်နည်းပေမယ့် အဝယ်သွက်နေတဲ့အတွက် ဈေးမြင့်တက်နေသလို ငွေစျေးမတည်ငြိမ်မှုကြောင့်လည်း စျေးတန်းကအမြင့်ဘက်မှာရှိနေတာဖြစ်တယ်လို့သိရပါတယ်။ ကုလားပဲကပြည်ပကနေလည်း တင်သွင်းနေရတာပါ။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူ နဲ့ ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၄၅၀၀ ကနေ ၄၅၈၅ ကျပ် စျေးတန်တူရှိနေရာ အရင်တပတ်နဲ့ယှဥ်ရင် တစ်ပိဿာ ကို ၁၀၀ ကျပ်အထက် မြင့်တက်လာပါတယ်။ 

မန္တလေးဈေးကွက်မှာလည်း ကုလားပဲ ၉၂၉ ကတော့ တစ်အိတ်ကို ၂၆၂၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၃၀၀၀ ကျပ်၊ကုလားပဲ(V2)ကတော့ တစ်အိတ်ကို ၂၆၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်၊V7 ကတော့ တစ်အိတ်ကို ၂၆၅၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၈၀၀၀ ကျပ် အသီးသီးဈေး တက်လာပါတယ်။

ထောပတ်ပဲ

 အရင်တပတ်ကစပြီး မြင့်တက်လာတဲ့ ထောပတ်ပဲက ခုတပတ်မှာလည်း စျေးတန်းက ဆက်တိုက်တက်လာတာတွေ့ရပါတယ်။ထောပတ်ပဲက ပြည်ပကလည်း အဝယ်ရှိသလို ဈေးကွက်ထဲလည်း ပဲ အဝင်နည်းတာကြောင့် ဈေးက ထပ်ပြီး မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၄၅၂၀ ကျပ်စျေးရှိပြီး အရင်ပတ်ကထက် တစ်ပိဿာကို ၃၅၀ ကျပ်မြင့်တက်လာတာဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၃၀၀၀၀၀ ကနေ ၃၄၀၀၀၀ ပေါက်စျေးရှိပြီး ၁၀၀၀၀ ကျပ်စျေးတက်လာပါတယ်။

စွန်တာပဲ

စျေးကျနေတဲ့ စွန်တာပဲလည်း ခုတပတ်မှာ စျေးပြန်တက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂၈၆၅ကနေ ၃၀၄၅ ပေါက်စျေးရှိပြီး အရူ်ပတ်ကထက် တစ်ပိဿာကို ၁၇၅ ကျပ် မြင့်တက်လာတာဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာလည်း စွန်တာ (ရိုးရိုး)က တစ်အိတ်ကို ၁၆၀၀၀၀ စျေးတန်းဖြစ်လာပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်၊စွန်တာ(ကသဲ)ကတော့ တစ်အိတ်ကို ၁၇၀၀၀၀ စျေးတန်းရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးပြန်တက်လာပါတယ်။

စားတော်ပဲ

ပြည်တွင်းစားတော်ပဲကလည်း ဈေးကွက်ထဲ လက်ကျန်မရှိတော့ပေမယ့် ခုတပတ်မှာလည်း ပြည်ပကနေတဆင့် တင်သွင်းတဲ့ ကနေဒါ နဲ့ ယူကရိန် စားတော်ပဲက ဆက်တိုက်ဈေး မြင့်တက်လာသလို စားတော်ပဲကျွန်းကလည်း စျေးတက်လာ ပါတယ်။စားတော်ပဲက ပြည်တွင်း စားသုံးမှု များတဲ့ ပဲ ဖြစ်လို့ လက်ရှိ ပဲဈေးကွက်မှာ စျေးတန်း အမြင့်ဆုံး ရရှိနေတဲ့ ပဲလည်း ဖြစ်ပါတယ်။

ပြည်တွင်း စားတော်ပဲ (ကျွန်း)က တစ်အိတ်ကို ၃၉၀၀၀၀ ကနေ ၄၁၀၀၀၀ ထိစျေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် ၊ ကနေဒါစားတော်ပဲက တစ်အိတ်ကို ၂၁၀၀၀၀ ကျပ်ဖြစ်လို့ တစ်အိတ့ကို ၅၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကခုရက်မှာ ဈေးကွက်ထဲ အဝင်နည်းသွား ပေမယ့် စျေးကျတာမရှိဘဲ အမြင့်စျေးတန်းမှာပဲ ရှိနေတယ်လို့ ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

ဈေးကွက်ထဲကို နေ့စဉ် ကြက်သွန်နီ ကားအစီးရေ ၁၅ စီးကနေ ၂၅ စီးအထိအဝင်ရှိပြီး ပိဿာချိန် ၉၀၀၀၀ ကနေ ၁၅၀၀၀၀ အဝင်ရှိနေတယ်လို့ သိရပါတယ် ။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၁၈၀၀ ကနေ ၂၃၀၀ အထိ ပေါက်ဈေးရှိပြိး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၅၀ ကျပ်ဈေး တက်လာပါတယ်။ပြင်ပလက်လီစျေးကွက်မှာတော့ တစ်ပိဿာကို ၃၀၀၀ ကျပ်အထိစျေးပေါက်နေဆဲဖြစ် ပါတယ်။

ကြက်သွန်ဖြူ

ကြူကုတ် ကြက်သွန်ဖြူက တော့ တရုတ်က အဝင်ရှိနေပေမယ့်လည်း နည်းတဲ့အတွက် စျေးတန်းက အမြင့်မှာပဲ ရှိနေပါတယ်။

ရန်ကုန်စျေးကွက်မှာ ကြူကုတ်ရှယ် တစ်ပိဿာကို ၇၁၀၀ ကနေ ၇၂၀၀ စျေးပေါက်ပြီး လက်လီစျေးကွက်မှာ ၇၅၀၀ ကနေ ၉၀၀၀ အထိ စျေးတန်းရှိနေပါတယ်။တစ်ရက်ကို အိတ်ရေ ၆၀၀ ဝင်နေပြီး ကုန်ချိန် ၁၈၀၀၀ လောက် ပုံမှန်အဝင်ရှိတယ်လို့သိရပါတယ်။

ထန်းလျက်

ထန်းလျက်ကတော့ လက်ရှိမှာ အညာဘက်မှာ ကုန်ကြမ်းရှားလို့ ထုတ်လုပ်နိုင်မှု ကျပြီး ဈေးကွက်ထဲ အဝင်နည်းတာ ကြောင့် ဈေးတွေက ထပ်မံ မြင့်တက်လာပါတယ်။လက်လီစျေးကွက်မှာ မုန့်လုပ်ထန်းလျက်၊အရောအနှော ထန်းလျက်တောင် တစ်ပိဿာကို ၄၀၀၀ ကျပ်အထိ အနည်းဆုံးစျေးရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို ၃၅၀၀ ကနေ ၃၈၀၀ ပေါက်စျေးရှိပြီး တစ်ပိဿာကိ အရင်ပတ်ကထက် ၁၀၀ ကနေ ၁၅၀ တက်လာပါတယ်။

သကြား

သကြားကတော့ ကမ္ဘာသကြားပေါက်ဈေး နှုန်းမြင့်တက်မှုနဲ့အတူ ပြည်တွင်းမှာလည်း အဝင်နည်းတဲ့အတွက်ဈေးတန်းက အ မြင့်မှာပဲရှိ ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၃၃၈၀က နေ ၃၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး မြင့်တက်ကာ လက်လီစျေးကွက်မှာ ၄၀၀၀ ကျပ်အထက် ရှိပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *