ဝက်စာစျေးနှင့် ဝက်သားပေါက်စျေး၊ဝက်သားစျေးသာ မြင့်တက်နေပြီး ဝက်ခြံဖမ်းစျေး ကျဆင်းနေသဖြင့် ဝက်မွေးမြူသူများဒုက္ခရောက်နေ

ပြည်တွင်းဝက်မွေးမြူရေးလုပ်ငန်းတွင် ကုမ္ပဏီ  စျေးနူန်း နှင့် ဝက်သားပေါက်စျေးသာ မြင့်တက်လာပြီး ဝက်ကြီးခြံဖမ်းစျေး ကျဆင်းနေသည့်အတွက် ဝက်မွေးမြူရေးလုပ်ကိုင်သူများ ဒုက္ခရောက်နေကြကြောင်း သိရသည်။

လက်ရှိတွင် ဝက်စာစျေးသည် ကုမ္ပဏီ တံဆိပ်အေပါ်နဲ့ နေရာဒေသအပေါ်လိုက်ပြီး  တစ်အိမ်ကို ၁၀၀၀ ကျပ်ကနေစပြီး ၂၀၀၀ ကျပ်၊၃၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်ဝန်းကျင် အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း၊    ဝက်သားပေါက်စျေးသည်လည်း အရင်က ဝက်ငယ် ၁ ကောင်ကို ၁၅၀၀၀၀ကျပ်၊ ၁၆၀၀၀၀ ကျပ်အထိ  စျေးမြင့်တက်လာဟု.သိရသည်။

” ဝက်စာစျေးကလည်း ပြီးခဲ့တဲ့ ရက်က စျေတွေထပ်တက်တယ်။ ကချင်ဘက်၊လားရှိုးဘက်ဆို စျေးကပိုများတယ်။စျေးက တောက်လျောက်တက်လာတာ၊၁၀၀၀ တက်လိုက် ၁၅၀၀တ်လိုက်နဲ့ မကြာခဏတက်တယ်။ ကျနော်ကျွေးတဲ့ dehus အစာဆို ၃၄၀၈ တစ်အိပ်ကို ၃၈၀၀၀ ကျော်ကနေခု ၄၅၀၀၀ ကျော်တယ်၊ဝက်သားပေါက်လည်းဒီလိုပဲ တစ်ကောင်ကို ၄၀၀၀၀  လောက်တက်သွားတယ်။ဝက်ခြံဖမ်းစျေးကျ ကျနေတာ တရိပ်ရိပ်ပဲ၊ပွဲစားကနှိမ်ဝယ်တယ်။ဝက်တွေကကြီးနေပြီ ရောင်းချိန်ရောက်နေတော့ရတဲ့စျေးနဲ့ရောင်းရတဲ့အခြေနေ ဖြစ်နေတယ်။တနိုင်တပိုင်သမားတွေအရမ်းဒုက္ခရောက်နေရတယ် ” ဟု တနိုင်တပိုင်ဝက်မွေးမြူသူ ကိုသန်းဇော်မှပြောသည်။

ဝက်ကြီးခြံဖမ်းစျေးသည် Animal Health Care – Myanmar မှ ဩဂုတ်လ ၁၂ ရက်နေ့ ထုတ်ပြန်သည့် ဝက်ခြံဖမ်းစျေးများမှာ ရန်ကုန်တွင် ဝက်ခြံဖမ်းစျေး တစ်ပိဿာ  ၁၁၀၀၀ ကျပ် ၊ မန္တလေးတွင်  ၁၀၀၀၀ကျပ်၊ပြည်မြို့တွင်  ၉၄၀၀ ကျပ်၊မြစ်ကြီးနားတွင် ၁၅၀၀၀ ကျပ်၊မကွေး တွင် ၁၀၀၀၀ ကျပ် ၊လားရှိုးတွင် ၁၀၇၀၀ ကျပ်၊တောင်ကြီး ၁၀၂၀၀၊ဧရာဝတီ၊ပြင်ဦးလွင်  ၁၀၄၀၀ကျပ်၊ကျောက်မဲ ၁၀၆၀၀၊ပဲခူး ၁၀၁၀၀ ကျပ်၊နေပြည်တော် ၁၀၀၀၀ ကျပ်၊ပုသိမ် ၉၂၀၀၊မုံရွာ ၁၀၀၀၀၊မိတ္တီလာ  ၁၀၀၀၀ ကျပ်နှင့် မော်လမြိုင်တွင် တစ်ပိဿာ ၈၈၀၀ ကျပ်တို့ဖြစ်ကြောင်းသိရသည်။

အဆိုပါစျေးနူန်းများသည် စာရွက်ထဲတွင်သာရှိပြီး ပြင်ပ အမှန်တကယ်ဝက်ခြံဖမ်းစျေးသည် ယင်းသတ်မှတ်နှုှု းထက် လျော့နည်းကြောင်း သိရသည်။

” စာရွက်ထဲက စျေးက အပြင်မှာ တကယ်မရပါဘူး။ပြည်ဘက်ဆိုဝယ်သူတောင်ရှားတယ်မရှိဘူး ဝယ်ရင်လည်းစျေးတအားနှိမ်တယ်။ခုစာရွက်ထဲ ၉၄၀၀ နော်အပြင်မှာ ၉၀၀၀ အောက်ပဲပေးတယ်၊ပွဲစားတွေခုရာသီတအားကိုနှိမ်ဝယ်တယ်၊ကတ္တားချိန်တော့လည်း ကတ္တားကိုခိုးပါတယ်။မရ ရသလောက်ခိုးပါတယ်။ကျနော်မွေးမြူသူကအနာဘက်ကချည်းပဲ။ခြံကြီးသမားနဲ့တုလို့မရဘူး။တနိုင်တပိုင်သမားတွေ အမြတ်ထက် အရင်းရအောင်မနည်းလုပ်နေရပါတယ်၊” ဟု ပြည်မြို့နယ်ရှိ တနိုင်တပိုင်ဝက်မွေးမြူသူတစ်ဦးမှပြောသည်။

တနိုင်တပိုင်ဝက်မွေးမြူသူရေးလုပ်ကိုင်သူများသည် ဝက်ကြီးများ ရောင်းတန်းဝင် အရွယ်ရောက်သည့်အခါ ကတ္တားဖြင့် ရောင်းချသည့်အခါ စျေးနှိမ်ခံရခြင်း၊ အလေးချိန်အခိုးခံရခြင်း များကြောင့်  ဝက်များ ရာနှင့်ချီမွေးသည့်  မွေးမြူရေးခြံကြီးသမားများထက်  ထိခိုက်မှုပိုမိုများကြောင်းသိရသည်။

လက်ရှိတွင် ဝက်အကောင်လိုက်ခြံဖမ်းစျေးကသာကျဆင်းနေပြီး ဝက်သားစျေးက ကျဆင်းခြင်းမရှိဘဲ ဝက်သား အသား ၁ပိဿာကို ၂၂၀၀၀ ကျပ်အထိရှိကြောင်းသိရသည်။

” ဝက် ၁၀ ကောင်ကို ၄၅ သိန်းအောက်ထစ်ရင်းရတယ်၊ဝက်ကိုလည်းအချိန်ပြည့်ဂရုစိုက်ရတယ်။ပြောရရင်ဘကိုယ့်သားသမီးမိန်းမထက်တောင်ပိုဂရုစိုက်ရတယ်။ဝက်တစ်ကောင်သေသွားရင် ဆုံးရှုံးမှုကကြီးတယ်လေ။ခုလိုအစာစျေးတက်၊ဝက်သားပေါက်စျေးတက်တာနဲ့ဝက်ခြံဖမ်းစျေးကထိုးကျ ဆိုတော့ ဘယ်လိုမှကို အဆင်မပြေပါဘူး။အခုဆိုရောင်းချင်တဲ့သူတွေပုံလို့၊ဝယ်သူက အင်တင်တင်လုပ်နေကြတာ ” ဟု ဧရာဝတီတိုင်း တနိုင်တပိုင် ဝက်မွေးမြူသူကိုထွန်းမှပြောသည်။

ပြီးခဲ့သည့် မေလ အထိ ဝက်ခြံဖမ်းစျေးသည် တစ်ပိဿာ ၁၀၀၀၀ ကျပ်အထက်ထိပင် မြင့်တက်ခဲ့ပြီး ဇွန်လမှစကာ ဝက်စျေးစတင်ကျဆင်းခဲ့ကာ. ယင်းနောက်ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ၊လက်ရှိတွင်  ပဲခူးတိုင်းအနောက်ပိုင်းဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၊မကွေးတိုင်း တို့ရှိ မြေပြင်ဝက်ခြံဖမ်းစျေးသည် တစ်ပိဿာကို ၈၈၀၀ကျပ်ဝန်းကျင်သာရှိကြောင်းသိရသည်။

ဝက် တစ်ကောင်အတွက် အစားအစာ ကုန်ကျစရိတ်သည်  ရောင်းတန်းဝင် အရွယ် အထိဆိုပါက တစ်ကောင်ကို ၃ သိန်းမှ ၃ သိန်းခွဲ ဝန်းကျင်ရှိကြောင်း ၊ဝက်တစ်ကောင်ကို သားခွဲပြီးနောက် ၄ လ ၊ ၅ လ မွေးမြူပါက ရောင်းတန်းဝင် အရွယ်ရောက်ရှိဟု သိရသည်။

” အသင့်စာ အစာတောင့်ကျွေးရင်ကုန်ကျမှုကပိုများတယ်၊စပါးအမှုန့်ကျိတ်ကျွေးတာ၊တခြားဖွဲနု၊ ပွိုင့်နဲ့ရောကျွးတာက ကုန်ကျမှု သက်သာတယ်။ အခုကတော့စျေးကအကုန့တက်နေတာဆိုတော့ ကိုယ်ကျွေးမယ့်အရာကိုသေချာတွက်ချက်သင့်တယ်။မဟုတ်ရင် ခုကအရှုံးကိုပေါ်မှာ၊ငွေကအရင်းရရင် လုပ်အားနဲ့ အချိန်ကုန်တယ်ဗျာ ” ဟု ဝက်မွေးမြူသူတစ်ဦးမှပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် ဝက်ခြံဖမ်းစျေး ကျဆင်းနေမှုကြောင့် အသားတိုးဝက်မွေးမြူသူ လျော့နည်းလာပြီး ဝက်သားခွဲပေါက် မွေးမြူရောင်းချသူများလာကြောင်း သိရသည်။

ယခုမိုးတွင်းကာလသည် ဝက်များ ရောဂါဖြစ်ပွားမှုများပြားသည့်အတွက်လည်း ဝက်မွေးမြူသည့်သူ နည်းသွားကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

((သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *