ဈေးကွက်သုံးသပ်ချက် (၇.၈.၂၀၂၃) မှ (၁၁.၈.၂၀၂၃)

ဒီတစ်ပတ်မှာ ဆန်၊ စပါးစျေးက စံချိန်တင်မြင့်တက်ပြီး  မြေပဲ၊နှမ်း စတဲ့စျေးတွေလည်းတက်လာပေမယ့် မတ်ပဲ အပါအဝင် ပဲသီးနှံအချို့ကတော့ စျေးပြန်ကျသွားပါတယ်။

ဆန်

ပြည်တွင်းဆန်စျေးက ဆက်တိုက်မြင့်တက်လာနေပြီး စံချိန်တင် စျေးတန်းတစ်ခုကိုပင်ရောက်နေတယ်လို့ ဆန်ကုန်သည်တွေကဆိုပါတယ်။

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင် ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေး က တစ်အိတ်ကို ၉၅၀၀၀ ကနေ ၁သိန်း  ၁၀၀၀၀၀  ပေါက်ဈေးရှိပြီး မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေးကတော့ တစ်အိတ်ုနေ ၉၉၀၀၀ ကနေ ၁၀၂၀၀၀  ပေါက်ဈေး ရှိပြီး ပေါ်ဆန်းနယ်စုံကတော့ တစ်အိတ်ကို ၉၄၀၀၀ ကနေ  ၉၇၀၀၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၁၂၅၀၀၀ မှ ၁၃၅၀၀၀ အထိစျေးတက်လာပါတယ်။

ပြင်ပဆန်စျေးကွက်မှာက နေရာဒေသအပေါ်လိုက်ပြီး  ရွှေဘိုပေါ်ဆန်း ထူးရှယ်တစ်အိတ်ကို အမြင့်ဆုံး   ၁၆၀၀၀၀ ကျပ်ထိ မြင့်တက်သွားတယ်လို့သိရပါတယ်။

ဆန်ကြမ်း ဧည့်မထဆန်ကတော့ တစ်အိတ်ကို ၆၅၀၀၀ ကနေ ၆၇၀၀၀ ပေါက်ဈေးရှိပြီး ဧည့်မထ ၂၅ မှတ်တန်ကတော့ တစ်အိတ်ကို ၆၂၀၀၀ ကနေ ၆၃၀၀၀ ကျပ် ၊ ငစိန်က ၆၅၀၀၀ ကနေ ၆၇၀၀၀   ကျပ်၊ရက် ၉၀ ဆန်က ၇၅၀၀၀ ကနေ ၈၀၀၀၀ ကျပ် ၊ကျားပျံရှယ်က တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၀၀၅၀၀  ကျပ်အထိဖြစ်လာပြီး ဧရာပဒေသာဆန်ကလည်း ၂၄ ပြည်တ်အိတ်ကို ၁၄၀၀၀၀ ကျပ်အထိ  စျေးမြင့်တက် လာပါတယ်။

ါကြောင့် ရွှေဘိုပေါ်ဆန်း နဲ့ ဧရာပဒေသာ ဆန်က  အရင်တပတ်ကထက်  ၁၀၀၀၀ လောက် ထပ်မံ မြင့်တက်လာပြီး ကျန်တဲ့ဆန်တွေကလည်း တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကျပ်မြင့်တက်လာတာဖြစ်ပါတယ်။

စပါး
 
ဆန်စျေးမြင့်နေလို့  စပါးစျေးကလည်း ပြန်တက်လာပြီး ဝယ်လိုအားများနေတယ်လို့ စပါးရောင်းဝယ်လုပ်ကိုင်နေသူတွေဆီကသိရပါတယ်။

လက်ရှိမှာ နွေစပါးစျေးက  GW 11 စပါး တင်း ၁၀၀ ကို ၁၆၁၀၀၀၀ ၊ နှံကောက်စပါးက ၁၆၅၀၀၀၀ ရှိပြီး စတဲ့စပါးအမျိုးအစား အစိုဓာတ် အခြောက်ပေါ်မူတည်ပြီး စျေးနူန်းကွာဟမှုရှိတယ်လို့ သိရပါတယ် ။

မိုးစပါးအဟောင်းစျေးကတော့ မှော်ဘီ တင်း ၁၀၀ ကို သိန်း ၂၀ ၊ ဆင်းသုခ စပါး ၂၁ သိန်း ၊ စပါးကြီး သိန်း ၂၀ ၊ ကရင်မ ၁၉ သိန်း စသဖြင့် စပါးအမျိုးအစားပေါ်လိုက်ပြီးစျေးအမျိးမျိုးရှိကာ မြောင်းမြပေါ်ဆန်၊ပုသိမ်ပေါ်ဆန်း စပါးကတော့ သိန်း ၂၀ အထက်မှာသာရှိပြီး ရွှေဘိုပေါ်ဆန်းမွှေးကတော့ စပါးတင်း ၁၀၀ ကို ၃၅ သိန်းကနေ သိန်း ၄၀ ကြားမှာရှိတယ်လို့ သိရပါတယ်။

ဆီ

နိုင်ငံခြားငွေစျေးမတည်ငြိမ်တာကြောင့် စားသုံးဆီစျေးက ခုရက်ပိုင်း မှာ စျေးတန်းက မြင့်တက်လာတယ်လို့ ဆီရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

လက်ရှိ ရန်ကုန်စျေးကွက်မှာ လက်ကားစျေးကို  တစ်ပိဿာ  ၉၃၀၀ ကနေ ၉၇၀၀ ကျပ်အထိ စျေးမြင့်တက်နေပြီး လက်လီစျေးကွက် မှာ ၁၀၀၀၀ ကျပ်အထက်ဖြစ်နေတယ်လို့သိရပါတယ်။

မန္တလေးစျေးကွက်မှာလည်း ကန်ဆီ စားအုန်းဆီစျေးက တစ်ပိဿာကို ၉၅၀၀ ကနေ ၁၀၀၀၀ ကျပ်အထိဖြစ်နေတယ်လို့သိရပါတယ်။

စားသုံးဆီ စျေးတက်လာမှုနဲ့အတူ စျေးကွက်မှာ ဆီဝယ်ယူဖို့ခက်တဲ့ အခက်အခဲတွေလည်းရှိလာတယ်လို့သိရပါတယ်။စားသုံးဆီကို မလေးရှားနိုင်ငံကနေ အဓိကတင်သွင်းနေရတာဖြစ်ပါတယ်။

အလားတူမြေပဲဆီစျေးလည်း မြင့်တက်လာပြီး မန္တလေးစျေးကွက်မှာ ပဲဆီ တစ်ပိဿာကို  ၁၄၀၀၀ ကျပ်ရှိပြီး ပြင်ပစျေးကွက်မှာ ပဲဆီတစ်ပိဿာကို ၁၆၅၀၀ ကျပ်အထိ ရောင်းချမှုရှိပါတယ်။နှမ်းဆီက  ၁၃၀၀၀ ၊နေကြာဆီ ၁၃၀၀၀ ၊ မေဇင်နဲ့ ဂွတ်ဒီ  ဟင်းသီးဟင်းရွက်ဆီကတေ့ ၉၀၀၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။

မြေပဲ

မြေပဲဆံစျေးကလည်း ခုတပတ်မှာ မြင့်တက်လာပါတယ်၊ တောင်သူတွေလက်ထဲမှာကတော့ မြေပဲလက်ကျန်သိပ်မရှိတော့ဘဲ လှာင်သမားတွေ လက်ထဲမှာလောက်ပဲရှိတော့တယ်လို့သိရပါတယ်။

မန္တလေးစျေးကွက်မှာ မြေပဲလုံးဆံနီက အရင်ပတ်က ၉၅၀၀ ကျပ်စျေးရှိပြီး ခုတပတ်မှာတော့ ၉၈၀၀ ကျပ်စျေးတန်းဖြစ်လာလို့ ၃၀၀ ကျပ်တက်လာကာ၊ မြေပဲလုံးဆံဖြူက အရင်တပတ်က ၇၄၀၀ ကျပ် ဖြစ်ပြီး ခုတပတ်မှာ ၇၇၀၀ ကျပ်စျေးရှိလို့ ၃၀၀ ကျပ်တက်၊မြေပဲပြန့်ဆီဆန်ကလည်း အရင်တပတ်က ၇၀၀၀ ဖြစ်ပြီး ခုတပတ်မှာ ၇၅၀၀ ကျပ်စျေးတန်းဖြစ်လာလို့ ၅၀၀ ကျပ်တက်လာတာဖြစ်ပါတယ်။

မကွေးဘက်မှာ မြေပဲအသစ်တွေ စတင်နူတ်နေပြီး စျေးကွက်ထဲကိုမကြာခင် ရောက်ရှိတော့မယ်လို့လည်း တောင်သူ တွေဆီက သိရပါတယ်။

မြေပဲက တရုတ်ကအဝယ်ရှိနေတဲ့အပြင် ဆီစက်တွေက အဝယ်လိုက်လာလို့ စျေးတန်းကမြင့်လာတာဖြစ်တယ်လို့ စျေးကွက်အရသိရပါတယ်။

မတ်ပဲ

စျေးတွေဆက်တိုက်မြင့်လာတဲ့ မတ်ပဲ ခုတပတ်မှာ အကျဘက်ပြန်ဦးတည်ပြီး  ပိဿာ ၂၀ တစ်တင်းကို ၇၆၃၀၀ ကျပ် နဲ့ အရင်ပတ်ကထက်  တစ်တင်းကို  ၁၃၀၀  ကျပ် စျေးကျသွား ပါတယ်။

မတ်ပဲကတော့  တောင်သူတွေလက်ထဲမှာ သိပ်မရှိတော့တာကြောင့် စျေးကွက်ထဲဝင်လာသလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ ပဲကုန်သည် တွေဆီက သိရပါတယ် ။

ရန်ကုန်ဈေးကွက်မှာလည်း စျေးကျဆင်းနေရာ  မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၃၅၉၅၀၀ စျေးတန်းထိကျသွားပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁၇၅၀၀ ကျပ် ကျဆင်းသွားတာဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၂၈၀၀၀ ကနေ ၂၃၀၀၀၀ အထိ စျေးကျသွားရာ အရင်တပတ်နဲ့ယှဥ်ရင် တစ်အိတ်ကို  ၁၀၀၀၀ ကျပ် စျေးကျသွားပါတယ်။

ပဲစဥ်းငုံနီ

စျေးတန်းငြိမ်နေရာကနေ ပြီးခဲ့တဲ့ အပတ်မှာ စျေးပြန်တက်ခဲ့တဲ့ ပဲစင်းငုံနီလည်းခုတပ်မှာ စျေးပြန်လည်ကျဆင်းသွားပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစဥ်းငုံနီ  တစ်တန်ကို အရင်ပတ်က ၃၂ သိန်း ၄၂၅၀၀ ကျပ်ရှိခဲ့ပေမယ့်   လက်ရှိမှာ  တစ်တန်ကို  ၃၁ သိန်း ၁၅၀၀၀ ကျပ် စျေးတန်းဖြစ်သွားတာကြောင့်    တစ်တန်ကို ၁ သိန်း ၃၀၀၀၀ ကျပ် စျေးကျဆင်းသွားပါတယ်။

မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီ  အတက်အကျမရှိဘဲ   ပဲစဥ်းငုံနီ တစ်အိတ် ၃၁၀၀၀၀ ကျပ်နဲ့ စျေးတန်းမှာပဲ ရှိနေပါတယ်။

ပခုက္ကူ ကုန်စည်ဒိုင် မှာလည်း ပဲစဥ်းငုံနီ စျေးကျသွားပြီး ပိဿာ ၂၀ တစ်တင်းကို ၁၀၀၀၀၀ ကျပ် စျေးတန်းရှိနေပါတယ်။
ပဲစဥ်းငုံနီက ပြည်တွင်း စားသုံးမှုနည်းပြီး ပြည်ပပို့ကုန်အဖြစ် အိန္ဒိယကိုသာ အဓိကတင်ပို့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပဲစဥ်းငုံနီက အသစ်ပေါ်တာ နည်းတာကတကြောင်း၊ ဈေးကွက်မှာ အဟောင်း လက်ကျန်နည်းနေတာကြောင့် အရောင်း အဝယ်လည်း အေးတဲ့ အခြေအနေဖြစ်နေတယ်လို့ စျေးကွက်အရသိရပါတယ်။

ပဲတီစိမ်း
အတက်အကျမရှိဘဲ ငြိမ်နေတဲ့ ပဲတီစိမ်းကတော့ ခုတပတ်မှာ စျေးတန်းကျဆင်းသွားပါတယ်။

ရန်ကုန်ဈေးကွက်မှာ  ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၅၀၀ ကျပ်နဲ့ ၁၅၆ ကျပ်ကျဆင်း ၊  ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၂၅၀ ကျပ် နဲ့ ၅၀ ကျပ်ကျဆင်း၊ပဲတီစိမ်း(ဝါးခယ်မ)ကကတော့ စျေးနည်းနည်းတက်သွားပြီး  တစ်ပိဿာကို၂၇၅၀   ကနေ ၃၀၈၅ ကျပ်ဖြစ်သွားလို့ အရင်တပတ်ကထက် ၁၀၀ ကျပ်ဝန်းကျင် တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း စျေးတန်းကျဆင်းနေရာ  ပဲတီစိမ်း(အညာ)က တစ်အိတ်ကို အနိမ့်ဆုံး ၁၄၅၀၀၀  ကနေ ၁၆၈၀၀၀ကျပ်ဖြစ်လို့ အရင်တပတ်ကထက် ၂၀၀၀၀ လောက် စျေးကျသွားတာဖြစ်ပါတယ်။

ပဲတီစိမ်းကလက်ရှိမှာ ဟင်္သာတ ကနေ  စျေးကွက်ထဲကို ဝင်ရောက်မှုရှိသလို မန္တလေးအနီးတဝိုက်ကနေလည်း ဝင်ရောက်မှုရှိကြောင်း၊   တရုတ်ကလည်း ပဲအရည်အသွေးပေါ်လိုက်ကာ အဝယ်ရှိလို့ စျေးတန်းကကျသွားတာဖြစ် တယ်လို့သိရပါတယ်။

နှမ်း

နှမ်း စျေးကတော့ ဆက်တိုက်မြင့်တက်လာပြီး ခုတပတ်လည်း ထပ်မံမြင့်တက်လာတယ်လို့ ကုန်စည်ဒိုင် တွေကသိရပါတယ်။

မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာ ၃တင်းအိတ်ကို အနိမ့်ဆုံး ၃၈၅၀၀၀ ကျပ်ကနေ  ၄၀၀၀၀၀ ကျပ် စျေးတန်ဖြစ်လာလို့  အရင်ပတ်နဲ့ယှဥ်ရင် ၃၅၀၀၀ ကျပ်မြင့်တက်လာပြီး  နှမ်းဖြူ ဂျပန်ကတော့  ၄၁၅၀၀၀ ကနေ  ၄၂၀၀၀၀ ကျပ် စျေးဖြစ်လာပြီး  အရင်ပတ်ကထက် ၃၅၀၀၀ ကျပ် စျေးတက်လာကာ၊   နှမ်းညိုကလည်း  ၃၁၀၀၀၀ ကနေ  ၃၁၅၀၀၀ ဖြစ်လာလို့ အရင်ပတ်ကထက် ၂၀၀၀၀ ကျပ်စျေးတက်လာတယ်လို့ သိရပါတယ် ။

နှမ်းက ပြည်ပကို တင်ပို့နေရတဲ့အတွက် စေတန်းက ဆက်တိုက်မြင့်တက်လာပြီး မန္တလေးစျေးကွက်မှာ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ် ။

ကြက်သွန်နီ

ကြက်သွန်နီကခု တပတ်မှာလည်း ဈေးကွက်ထဲ အဝင်နည်းတဲ့အတွက်  စျေးတန်းက အမြင့်မှာပဲ ရှိနေပြီး အနည်းငယ်စျေးထပ်တက်လာတယ် ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၁၈၀၀ ကနေ ၂၄၀၀ ကျပ် အထိ ပေါက်ဈေးရှိပြိး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၁၀၀ ကျပ်ဈေး တက်လာပါတယ်။

ပခုက္ကူစျေးကွက်မှာလည်း ၂၃၅၀ ကျပ်အထိ စျေးတန်းရှိနေပြီး ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။

ပြင်ပလက်လီစျေးကွက်မှာတော့ တစ်ပိဿာကို ၂၂၀၀ ကျပ်ကနေ ၃၂၀၀ ကျပ်အထိစျေးတန်းရှိနေ ပါတယ်။

ရန်ကုန် ဈေးကွက်ထဲကို နေ့စဉ် ကြက်သွန်နီ ကားအစီးရေ ၁၅ စီးကနေ ၃၅ စီးအထိအဝင်ရှိပြီး ပိဿာချိန် ၉၀၀၀၀ ကနေ ၂၁၀၀၀၀အထိ အဝင်ရှိတယ်လို့ သိရပါတယ် ။

ကြက်သွန်ဖြူ

တရုတ်ကနေ တင်သွင်းတဲ့ ကြူကုတ် ကြက်သွန်ဖြူက တော့ တရုတ်ကနေ အဝင်ရှိနေပေမယ့်လည်း အဝင် နည်းတဲ့အတွက် စျေးတန်းက အရင်တပတ်ကအတိုင်း  အမြင့်မှာပဲ ရှိပြီး အနည်းငယ်တက်လာပါတယ်။

ရန်ကုန်စျေးကွက်မှာ ကြူကုတ်ရှယ် တစ်ပိဿာကို ၇၂၀၀ ကနေ ၇၃၀၀ ကျပ် စျေးပေါက်ပြီး အရင်ပတ်ကထက် ၁၀၀ ကျပ်တက်လာပါတယ်။ အောင်ပန်း ဗထူး၂ က တစ်ပိဿာ ၇၅၀၀ ကျပ်၊ အောင်ပန်းဗထူး ၃ က ၈၀၀၀ ကျပ်၊အောင်ပန်းဗထူး ၄ က ၈၅၀၀ ကျပ်၊ အောင်ပန်းဗထူး ၅ က ၉၀၀၀ ကျပ် စျေးတန်းရှိတယ်လို့သိရပါတယ်။

လက်လီစျေးကွက်မှာ ကြူကုတ်က ၈၀၀၀ ကနေ ၉၀၀၀ အထိရောင်းချမှုရှိပြီး အောင်ပန်းဗထူးကြက်သွန်ဖြူကတော့ ၉၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်ကျော်အထိရောင်းချမှုရှိနေပါတယ်။

AMIA

Leave a Reply

Your email address will not be published. Required fields are marked *