လေးလအတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ရှစ်သောင်းတန်ပို့ထား 

ယခုနှစ် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍရေးနှစ် လေးလတာ ကာလအတွင်း ပြည်ပ ခုနှစ်နိုင်ငံသို့ ရော်ဘာတန်ချိန် ရှစ်သောင်း တင်ပို့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သတင်း ရရှိ သည်။

“ဧပြီလကနေ ဇူလိုင်လအထိ ပြည်ပကို ရေ်ဘာ တန်ချိန် ရှစ်သောင်း တင်ပို့ထားပါတယ်။ အများဆုံးကတော့ တရုတ်ကို တင်ပို့တာပါ။ တရုတ် တင်ပို့မူဟာ တစ်နိုင်ငံလုံးထွက်ရှိတဲ့ ရော်ဘာတန်ချိန်ရဲ့ ၇၅ ရာခိုင်နှုန်း လောက်ရှိပါ တယ်။” ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်ကပြော သည်။

အဆိုပါ ရော်ဘာ တန်ချိန် ရှစ်သောင်းကို တရုတ် ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ထိုင်ဝမ် ၊ စင်္ကာပူ ၊ အိန္ဒိယ ၊ ဂျပန် နိုင်ငံများသို့ တင်ပို့ခဲ့ပြီး ကမ္ဘာပေါက်ဈေး၊ ပြည်တွင်း၊ပြည်ပ ဈေးကွက်ပေါက်ဈေးများနှင့်တွတ်ချက်၍ တစ်တန် လျှင်( RSS3 ) အမေရိကန်ဒေါ်လာ ၁၂၀၀ ၊ ၁၂၅၀ အကြားဖြင့် တင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။

“ပြည်တွင်းဈေးကတော့  မြန်မာပိုက်ဆံတန်ဖိုးကျနေတော့ ဈေးတက်နေတယ် ပြောတယ်။ကမ္ဘ့ရော်ဘာဈေးက တော့ အတက်အကျ သိပ်မကျန်ပါဘူး။ ဒီမှာတော့ မိုးတွင်းဖြစ်နေလို့ ရော်ဘာဈေးက ပိတ်သွားပြီး ၊ ပစ္စည်းရှား နေတယ်။ ကျိုးကြား ကျိုးကြားလောက်ပဲအရောင်းအဝယ်ဖြစ်နေတယ်ပြောတယ်။”ဟုမုဒုံမြို့ ဘုန်းသန့်ရော်ဘာရောင်းဝယ် ရေးမှ  ကိုသူရကပြောသည်။

လက်ရှိ မြန်မာရော်ဘာဈေးကွက်သည်  မိုးရာသီဖြစ်သောကြောင့် ဈေးပိတ်ထားသည့်မှာ တစ်လခန့်ရှိပြီးဖြစ်ပြီး ပစ္စည်းရှား သော်လည်း မြန်မာ ရော်ဘာ တစ်ပေါင်လျှင် ဒေသပေါ်မူတည်၍ ၁၃၀၀ကျပ်မှ ၁၇၀၀ကျပ်ဈေး ရှိကြောင်း ၊ထိုင်း နိုင်ငံမှ တရားမဝင်ဝယ်ယူသည့် ဈေးကွက်ပေါက်ဈေးတွင် ရေ်ဘာတစ်ပေါင်လျှင်  ၁၇၈၆ ကျပ် မှ ၁၉၅၉ ကျပ် ဈေးရှိသည်။

ကမ္ဘ့ ရော်ဘာပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၁၀ ၊ ၂၀ အကြားဈေးတက်ပြီး ဈေးငြိမ်နေသည့်မှာ သုံးလ ခန့်ရှိပြီးဖြစ်ကြောင်း ရော်ဘာဈေးကွက်မှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးဧက ၁၆၄၀၀၀၀ ရှိပြီး အမှန်တကယ်အစေးခြစ်ထုတ်ယူနေသည့် ဧကမှာ ရှစ် သိန်းခွဲခန့် ရှိသည်။ တစ်နှစ်လျှင် ဧက ရှစ်သိန်းခွဲခန့်မှ ရော်ဘာတန်ချိန် သုံးသိန်းထွက်ရှိသည်။

ရော်ဘာစိုက်ပျိုးသော ဒေသများမှာ ရခိုင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ကချင်ပြည် နယ် ၊ တနင်္သာရီတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီး ၊ စစ် ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) တို့တွင်စိုက်ပျိုးကြသည်။

ဖြူနွေဦး (AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *