တစ်ပတ်စာဈေးကွက်သုံးသပ်ချက်(၁၄.၈.၂၀၂၃) မှ (၁၈.၈.၂၀၂၃)

ခုတပတ်မှာလည်း ဆန်၊ စပါးစျေး ၊စားအုန်းဆီစျေးက ဆက်တိုက်မြင့်တက်လာပြီး မတ်ပဲစျေးကလည်း အတက်ကြမ်းလာပါတယ်။

ဆန်

ပြည်တွင်းဆန်စျေးကတော့ အရင်လကစပြီး ဆက်တိုက်မြင့်တက်လာတာဖြစ် ပါတယ်။ 

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင် ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေး က ၁၀၅၀၀၀ ကနေ ၁၁၀၀၀၀ အထိ ရှိလာပြီး မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေးက ၁၀၅၀၀၀ ကနေ ၁၁၀၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံက တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၀၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းက ၁၃၀၀၀၀ ကနေ ၁၄၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ခုဆန်အားလုံး ၅၀၀၀ ကနေ ၁၀၀၀၀ ကျပ်အထိ အရင်ပတ်ကထက်မြင့်တက်လာပါတယ်။

ဆန်ကြမ်း ဧည့်မထဆန်နဲ့ ငစိန် က ၆၇၀၀၀ ကနေ ၆၉၀၀၀ ကျပ် ဧည့်မထ ၂၅ မှတ်တန်က ၆၅၀၀၀ ကနေ ၆၇၀၀၀ ကျပ်၊ ကျားပျံရှယ်က ၁၁၀၀၀၀ ကနေ ၁၁၅၀၀၀ ကျပ်ဖြစ်လာပြီး စလင်းထွက်ဧရာပဒေသာဆန်ကတစ်အိတ်ကို ၁၅၈၀၀၀ ကျပ်အထိ စျေးမြင့်တက် လာပါတယ်။

ဒါကြောင့် ဧရာပဒေသာ ဆန်က အရင်တပတ်ကထက် ၁၅၈၀၀ လောက် ထပ်မံ မြင့်တက်လာပြီး ကျန်တဲ့ဆန်တွေကလည်း တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကျပ်ထပ်မံမြင့်တက်လာတာဖြစ်ပါတယ်။

စပါး 

ဆန်စျေးမြင့်နေလို့ စပါးစျေးက နွေအသစ်ရော မိုးစပါးအဟောင်းပါ စျေးထပ်မံမြင့်တက်လာပြီး ဝယ်လိုအားလည်းကောင်း နေတယ်လို့ စပါးဝယ်ရောင်း လုပ်ကိုင်နေသူတွေဆီကသိရပါတယ်။

 နွေစပါးအသစ်စျေးက GW 11 စပါး တင်း ၁၀၀ ကို ၁၆၅၀၀၀၀ကျပ်ဖြစ်လာလို့ ၄၀၀၀၀ ကျပ်တက်လာ ၊ နှံကောက်က ၁၇၀၀၀၀၀ ဖြစ်လာလို့ ၅၀၀၀၀ တက်လာပြီး တခြားနွေစပါးအသစ် တွေလည်းစျေးမြင့် တက် လာပါတယ်။

စပါးစျေးနူန်းက စပါးအမျိုးအစားနဲ့ အစိုဓာတ်၊ အခြောက်ပေါ်မူတည်ပြီးကွာ ဟမှုရှိတာဖြစ်တယ်လို့ သိရပါတယ် ။

မိုးစပါးအဟောင်းဆိုရင်လည်း မှော်ဘီ တင်း ၁၀၀ ကို သိန်း ၂၁ သိန်းအထိဖြစ်လာလို့ ၁ သိန်းတက်လာ ၊ စပါးကြီးကလည်း သိန်း ၂၁ ဖြစ်လာလို့ ၁ သိန်းတက်လာ ၊ ကရင်မက ၁၉ သိန်းခွဲ ဖြစ်လာလို့ ၅၀၀၀၀ ထပ်မံမြင့်တက်လာပါတယ်။

မြောင်းမြပေါ်ဆန်း၊ပုသိမ်ပေါ်ဆန်း စပါးကလည်း သိန်း ၂၄ သိန်း ဝန်းကျင်ရှိပြီး ရွှေဘိုပေါ်ဆန်းမွှေး စပါးက သိန်း ၄၀ လောက် စျေးတန်းရှိနေတယ်လို့သိရပါတယ်။ 

မတ်ပဲ 

 အရင်တပတ်က စျေးပြန်ကျခဲ့တဲ့ မတ်ပဲက ခုတပတ်မှာ စျေးအမြင့်တန်းတစ်ခုအဖြစ် ပြန်တက်လာတာတွေ့ရပါတယ်။ မတ်ပဲက လက်ကျန်နည်းတာ၊ မတ်ပဲအသစ်မပေါ်သေးတာလို့ စျေးကွက်ထဲအဝင်နည်းပေမယ့် ပြည်ပ အဝယ်လိုက်နေတာကြောင့် စျေးတက်လာတာဖြစ်တယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၄၈၅၀၀၀ ပြန်ဖြစ်လာပြီး အရင်ပတ်နဲ့ယှဥ်ရင် ၁၂၅၀၀၀ လောက် ပြန်တက်လာတာဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၃၅၀၀၀ ကနေ ၂၄၀၀၀၀ ဖြစ်လာပြီး ၅၀၀၀ ကျပ် တက်လာပါတယ်။

နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၇၉၈၀၀ ကျပ်အထိ မြင့်တက်လာလို့ အရင်ပတ်နဲ့ယှဥ်ရင် ၃၅၀၀ လောက် မြင့်တက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီက အရင်တပတ်မှာ စျေးကျခဲ့ပေမယ့် ခုတပတ်မှာတော့ အမြင့်စျေးတန်းအဖြစ် အတက်ကြမ်း တာတွေ့ရပါတယ်။ လက်ရှိ နိုင်ငံခြား ငွေစျေးမတည်ငြိမ်မှုတွေကြောင့် ပဲစဥ်းငုံနီ စျေးတက်လာသလို ပဲသစ် စျေးကွက်ထဲအဝင် နည်းတာ၊ပဲ အ ဟောင်းလက်ကျန် နည်းနေတာ၊ ပြည်ပဝယ် လိုအား များတာကြောင့် စျေးပြန်တက်လာတာဖြစ်တယ်လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို အရင်ပတ်က တစ်တန်ကို ၃၁၁၅၀၀၀ ကျပ် ရှိခဲ့ပြီး ခုတပတ်မှာ ၃၆၅၀၀၀၀ ကျပ်အထိဖြစ်လာလို့ တစ်တန်ကို ၅ သိန်း ၃၅၀၀၀ ကျပ်အထိ မြင့်တက်လာတာဖြစ် ပါတယ်။

 မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ စျေးတက်လာလို့ တစ်အိတ်ကို ၃၄၀၀၀၀ ကျပ် အထိရှိပြီး အရင်ပတ်ကထက် ၄၀၀၀၀ မြင့်တက်လာပါတယ်။

ပခုက္ကူ ကုန်စည်ဒိုင် မှာလည်း ပဲစဥ်းငုံနီ စျေးတက်လာလို ပိဿာ ၂၀ တစ်တင်းကို ၁၁၂၀၀၀ ကျပ်နဲ့ ၁၂၀၀၀ ပြန်တက်လာပါတယ်။

ပဲတီစိမ်း

အရင်တပတ်က စျေးကျခဲ့တဲ့ ပဲတီစိမ်းက ခုတပတ်ရန်ကုန်စျေးကွက်မှာ အကျစျေးတန်းနဲ့ငြိမ်နေပြီး မန္တလေးစျေးကွက်မှာ အနည်းငယ်တက်လာတယ်လို့ သိရပါတယ် ။

လက်ရှိမှာပဲတီစိမ်းက လက်ကျန်နည်းနေပြီး တရုတ်က ပဲအရည်အသွေးပေါ်လိုက်ကာ အဝယ်ရှိနေတာကြောင့် စျေးတန်းက မတက်ဘဲငြိမ်နေတာဖြစ် တယ်လို့သိရပါတယ်။

 ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၅၀၀ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၂၅၀ ကျပ် ၊ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၆၆၅ ကနေ ၃၁၇၀ ဖြစ်လို့ အရင်ပတ်ကထက် ၈၅ ကျပ်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) တစ်အိတ်ကို အနိမ့်ဆုံး ၁၄၅၀၀၀ ကနေ ၁၇၀၀၀၀ ကျပ်ဖြစ်လို့ အရင်တပတ်ကထက် ၂၀၀၀ လောက် စျေးတက်တယ်လို့သိရပါတယ်။

ပြောင်းဆံ

အစေ့ထုတ်ပြောင်းကတော့ ထိုင်းဘတ်စျေးမြင့်တက်မှုနဲ့အတူ ထိုင်းဘက်မှာစျေးမြင့်လာသလို ရန်ကုန်စျေး ကွက်နဲ့ မန္တလေးစျေးကွက်မှာပါ စျေးတက်လာတယ်လို့ ပြောင်းလုပ်ငန်းရှင် တွေဆီက သိရပါတယ်။

အစာစပ်စက်ရုံ တွေက စျေးတန်းကိုထိန်းပြီးဝယ်ယူနေတယ်လို့သိရပါတယ်။လက်ရှိမှာ ထိုင်းကိုပြောင်း တင်ပို့နိုင်ခြင်းမရှိဘဲ ပြည်တွင်းမှာပဲ ရောင်းချနေရတယ်လို့သိရပါတယ်။

ပြောင်း တစ်ကီလိုကို ထိုင်း စက်ရုံချစျေး ၁၁.၇၅ ဘတ်အထိပြန်တက်လာပြီး မြဝတီ စာရွက်အပါစျေး ၁၀.၉၅ ကျပ်၊ ပြည်တွင်းအစာစပ်ရုံတွေဖြစ်တဲ့ ရန်ကုန်အစာစပ်စက်ရုံက ၇၄၅ ကျပ်၊ အေးသာယာနဲ့ မန္တလေးအစာစပ်စက်ရုံက ၇၀၀ ကျပ်ဖြစ်တယ်လို့သိရပါတယ်။

နှမ်း

စျေး ဆက်တိုက်မြင့်တက်လာတဲ့နှမ်းစျေးကွက်က ခုတပတ်မှာ နှမ်းဖြူရိုးရိုးနဲ့နှမ်းညိုက စျေးတန်း ကျသွား ပြီး နှမ်းနက် စမုံ နဲ့ နှမ်း ဖြူဂျပန်က စျေးထပ်တက်သွားပါတယ်။

နှမ်းအသစ်တွေ စျေးကွက်ထဲဝင်ရောက်နေပြီး အဝယ်သွက်နေတဲ့အပြင် နှမ်းဖြူဂျပန်ကို တရုတ်နဲ့ဂျပန် ကအဝယ်လိုက်နေလို့ စျေးကအတက်ဘက်ဦးတည်နေတယ်လို့ မန္တလေးစျေးကွက်က သိရပါ တယ်။

မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာ ၃တင်းအိတ်ကို အနိမ့်ဆုံး ၃၀၅၀၀၀ ကျပ်ကနေ ၃၁၀၀၀၀ ကျပ် စျေးထိကျသွားလို့ အရင်ပတ်နဲ့ယှဥ်ရင် ၉၀၀၀၀ ကျပ် ကျဆင်း၊ နှမ်းညိုကလည်း ၃၀၅၀၀၀ ကျပ်ကနေ ၃၀၈၀၀၀ ကျပ်စျေးပေါက်ပြီး အရင်ပတ်ကထက် ၇၀၀၀ ကျပ် စျေးကျ၊ နှမ်းနက် စမုံကတော့ ၃၁၀၀၀၀ ကနေ ၃၉၀၀၀၀ စျေးပေါက်လို့ အရင်ပတ်ကထက် ၁၀၀၀၀ ကျပ် တက်လာပြီး နှမ်းဖြူ ဂျပန်ကလည်း ၄၂၀၀၀၀ ကနေ ၄၂၅၀၀၀ ကျပ် စျေးရှိလို့ အရင်ပတ်ကထက် ၅၀၀၀ ကျပ် စျေးတက်လာပါ တယ်။

စားသုံးဆီ

 စားအုန်းဆီစျေးက ဒီတစ်ပတ်မှာလည်း ထပ်မံမြင့်တက်လာပြီး စံချိန်တင်နူန်းအဖြစ်ရောက်လာတယ်လို့ ဆီရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

စားအုန်းဆီ စျေးတက်လာမှုနဲ့အတူ လိုသလောက်ပမာဏလည်း ဝယ်ယူလိူ့မရတဲ့ ဝအခက်အခဲတွေ လည်းရှိနေ တယ်လို့သိရပါတယ်။ စားသုံးဆီကို မလေးရှားနိုင်ငံကနေ အဓိက တင်သွင်းနေရ တာဖြစ် ပါတယ်။

ရန်ကုန်စျေးကွက် ၊ မန္တလေး ၊ မကွေး၊ ပြည် ၊ တောင်ငူ၊လားရှိုး စတဲ့မြို့အများစုမှာ စားအုန်းဆီစျေးက တစ်ပိဿာကို ၁၂၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။ 

အလားတူမြေပဲဆီစျေးကလည်း စက်ဆီ၊ ဆုံဆီ ဆိုပြီး စျေးကကွာဟမှုရှိကာ ၁၄၀၀၀ ကျပ်ကနေ ၁၆၅၀၀ အထိ စျေးတန်းရှိတယ်လို့သိရပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ ဆက်တိုက်ဈေး မြင့်တက်နေပါတယ်။ ဈေးကွက်ထဲကို ကြက်သွန်အဝင် ထက်ဝက် နီးပါး‌လျော့နည်းသွားတဲ့အတွက် ဈေးမြင့်တက်လာ တာ ဖြစ်ပါတယ်။‌ ဈေးကွက်အတွင်း ငွေကြေး ဖောင်းပွနေမှုများကြောင့် ကုန်သည်များအနေဖြင့် စောင့်ကြည့်ရောင်းဝယ် မှုတွေ ပြုလုပ်နေတဲ့အတွက် ဈေးကွက်ထဲ အဝင်နည်းတယ်လို့လည်း သိရပါတယ်။

နေ့စဉ် ဈေးကွက်ထဲကို ကြက်သွန် ကားအစီးရေ ၁၅ စီး ပိဿာချိန် တစ်သိန်းခန့် သာ အဝင်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊မုံရွာ)က တစ်ပိဿာကို ၂၂၀၀ မှ ၂၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၁၇၀၀ မှ ၂၇၀၀ ကြားပေါက်ဈေးရှိနေပြီ တစ်ပိဿာကို ၄၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ရှမ်း)ကတော့ ပြီးခဲ့တဲ့ အပတ်က တည်းက ဈေးမြင့်တက်နေခဲ့တာ ဖြစ်ပြီး (ကြူကုတ်)ကတော့ ဆက်တိုက်ဈေးမြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းတဲ့အပြင် ပြည်တွင်း ကြက်သွန်ထက် ဈေး သက်သာ တဲ့အတွက် အ‌ရောင်းအဝယ်လည်း သွက်နေတယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာကို ၇၅၀၀ မှ ၉၀၀၀ ပေါက်ဈေးရှိပြီး အတက်ဈေး နဲ့ ငြိမ်နေပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်)ကတော့ တစ်ပိဿာကို ၇၇၀၀ မှ ၇၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေး တက်လာပါတယ်။

သကြား

သကြားဈေးတွေလည်း ဆက်တိုက် မြင့်တက်လာပါတယ်။ ကမ္ဘာ သကြားပေါက်ဈေး မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း ငွေကြေး ဖောင်းပွ မှုတို့ကြောင့် ဆက်တိုက်ဈေး မြင့်တက်နေတာ ဖြစ်ပါတယ်။ ထို့ပြင် သကြားစက်ရုံ မှ ကြံ ဝယ်ယူမှု နဲ့ပတ်သတ်ပြီး ဈေးတိုးမြင့်ဝယ်ယူမှုတွေကြောင့်လည်း သကြားဈေးက မြင့်တက်လာ တာ ဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ သကြား က တစ်ပိဿာကို ၃၄၆၀ မှ ၃၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

ထန်းလျက်

ထန်းလျက်ဈေးတွေကလည်း မြင့်တက်လာပါတယ်။ဈေးကွက်ထဲ ကုန်ကြမ်း ရှားပါးသည့် အပြင် ပြည်တွင်း ဝယ်လို အားကောင်းနေသည့် အတွက် ဈေးမြင့်တက်လာခြင်း ဖြစ်သည်ဟု သိရသည်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ထန်းလျက် က တစ်ပိဿာကို ၃၅၅၀ ကနေ ၄၁၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးမြင့်တက်လာသည်။

Leave a Reply

Your email address will not be published. Required fields are marked *