မွေးမြူရေး လုပ်ငန်း သုံးခုကို ငွေကျပ် သိန်း ၁၅၀ မှ ၃၅၀ အထိ ထုတ်ချေးပေးသွားမည်

မွေးမြူရေး လုပ်ငန်း သုံးခုကို ငွေကျပ် သိန်း ၁၅၀ မှ ၃၅၀ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

အဆိုပါချေးငွေကို ကြက် ၊ ဘဲ ၊ ဝက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင် သူများလျှောက်ထားနိုင်ကြောင်း ၊ချေးငွေရယူလိုပါက သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မွေးမြူရေးဦးစီးဌာနသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

” နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထဲကနေ ထုတ်ချေးပေးမှာပါ ။ ဝက်ဆိုရင် အကောင် ၁၀၀ ကနေစပြီး မွေးသူကို ချေးမှာပေါ့။သတ်မှတ်စည်းကမ်းချက်တွေရှိပါတယ်၊ကိုယ့်သက်ဆိုင်ရာမြို့နယ်မှာအသေးစိတ်ကိုစုံစမ်းရယူနိုင်ပါတယ် ” ဟု စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးမှပြောသည်။

ချေးငွေ ထုတ်ချေးမည့်ပုံစံမှာ ဝက် တစ်ယူနစ် (ခေါ်) ဝက်ကောင်ရေ ၁၀၀ အတွက်ကို ချေးငွေ ကျပ်သိန်း၃၅၀နှုန်း ဖြစ်ပြီး ကြက်နှင့် ဘဲမွေးမြူသူများအနေဖြင့် တစ်ယူနစ် ( ခေါ်) ကြက် ၊ ဘဲ အကောင်ရေ ၃၀၀၀ အတွက် ငွေကျပ် သိန်း ၁၅၀ နှုန်း ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချေးငွေထုတ်ချေးမည့်အစီအစဥ်တွင် မပါဝင်သေးသည့် တပိုင် မွေးမြူသူများနှင့်အ လတ်စား မွေးမြူရေးလုပ်ကိုင်သူများက ၎င်းတို့ကိုပါ ထောက်ပံ့မှုပေးရန် ပြောဆိုကြသည်။

” အကောင် ၁၀၀ ကစပေးတယ်ဆိုတော့ ကျနော်တို့ တနိုင်တပိုင်သမားတွေမပါဘူး။လုပ်ငန်းရှင်တွေကိုပဲမထောက်ပံ့ပါနဲ့ တနိုင်တပိုင် သမားတွေကို လည်းချေးပေးပါ။အောက်ခြေက ပိုခက်ခဲပါတယ်။ အကောင် ၂၀ က ‌စ မွေး ဖို့ကိုမလွယ်ကူပါဘူး ” ဟု တနိုင်တပိုင် ဝက်မွေးမြူရေးလုပ်ကိုင်သူ ကိုမင်း သက်နိုင် မှပြောသည်။

လကရွှိ မှနမွာနိုငငွံတှငွ ကှကမွှေးမှူရှေးလုပငွနွး၌ အသားစားကှကနွှင့ွ ဥစားကှကမွှေးမှူခှငွးရှိပှီး ဝကမွှေးမှူရေးလုပငွနွးတှငလွညွး အသားတိုးဝကွ မှေးမှူခှငွး၊ဒသဝကေမွှေးမှူခှငွး ရှိကာ ဘဲမှေးမှူရေးလုပကွိုငသွူမှာ နညွးကှောငွးသိရသညွ။

မွေးမြူရေးကဏ္ဍတွင် စီးပွားဖြစ် လုပ်ကိုင်သည့် လုပ်ငန်းရှင် များရှိသလို အလတ်စားမွေးမြူရေးလုပ်ကိုင်မှုရှိကြောင်း၊မိသားစုစားဝတ်းနေရေးအတွက် တနိုင်တပိုင် မွေးမြူသူများလည်းရှိကြောင်းသိရသည်။

လက်ရှိတွင် အသားတိုး ဝက် ခြံဖမ်းစျေး ကျဆင်းနေသလို ကြက်ခြံဖမ်းစျေးလည်း ကျပေမယ် ဝက်သားစျေးက ကျဆင်းခြင်းမရှိဘဲ တစ်ပိဿာ ကို ၂၂၀၀၀ အထိရှိကာကြက်သားစျေးက ၁၄၀၀၀ စျေးအထိရှိဟုသိရသည်။

..

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *