ဆန်၊ စပါးဈေး ကျရန် အစိုးရမှ မူဝါဒ ထိန်းညှိလုပ်နေသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ထိုက်သင့်သည့် အမြတ်ရယူပြီးလုပ်ရန်လိုဟု ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောဆို

ပြည်တွင်း၌ စံချိန်တင်မြင့်တက်နေသည့် ဆန် စျေးနူန်း ပြန်လည် ကျဆင်းအောင် မူဝါဒအရထိန်းညှိဆောင်ရွက်မှုများပြုလုပ် နေသဖြင့် စီးပွားရေးလုပ် ငန်းလုပ်ရှင်များအနေဖြင့်လည်းထိုက်သင့်သော အကျိုး အမြတ်သာ ရယူ လုပ် ဆောင်ရန်လိုအပ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောသည်။

နိုင်ငံတော်အနေဖြင့် ဆန်ကို အဓိ ပြည်တွင်းဖူလုံရေးကိုဉီးစားပေးမှာဖြစ်ပြီး ပြည်တွင်းစားနပ်ရိက္ခာပြည့်စုံဖူလုံမှသာ နိုင်ငံ ခြား တင်ပို့ခြင်း ကို ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

“စီးပွားရေးလုပ်ငန်းလုပ်တာသည် အမြတ်လိုချင်လို့လုပ်တာမှန်ပါတယ်။ ဒါပေမယ့် ထိုက်သင့်သော အမြတ်ပဲ ဖြစ်ဖို့ကောင်းပါတယ်။အစိုးရအနေနဲ့လည်း လိုအပ်တဲ့ မူဝါဒ ထိန်းညှိမှုတွေ ကိုဆောင်ရွက်သွားမှာဖြစ်တယ် ” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဩဂုတ်လ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆန်စျေးနှုန်းမြင့်တက်နေမှု ကိုထိန်းကျောင်းနိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းပြီး ဆန်များကို တိုက်ရိုက် ရောင်းချခြင်းအပြင် နိုင်ငံတော်အနေဖြင့်လည်း အရန်ဆန်စုဆောင်းသည့် အစီအမံ ကိုဆောင်ရွက်နေကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်း ဝန် ဦးမင်းမင်းမှလည်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

လက်ရှိတွင် ဆန် စျေးသည် အမြင့်ဆုံး စံချိန်တင်နူန်းထားကိုရောက်ရှိနေရာ ဆန် တစ်အိတ်ကို ၆၇၀၀၀ ကျပ်မှ အမြင်ဆုံး ရွှေဘိုပေါ်ဆန်း သည် တစ်အိတ်ကို ၁၇၅၀၀၀ ကျပ်အထိ မြင့်တက်လာနေကြောင်း သိရသည်။

စပါးစျေးနူန်းသည်လည်း နွေစပါးအသစ် ပေါင် ၅၀ တင်း၁၀၀ ကို ၁၆၅၀၀၀၀ မှ ၁၇ သိန်းကျပ်အထိ စျေးပေါက်ပြီး စပါးအမျိုးအစား နှင့် စပါးအစိုဓာတ် ၊အခြောက် အေပါ်မူတည်ပြီးစျေးနူန်းက မြင့်တက်ကြောင်း၊ မိုးစပါးအဟောင်းက တင်း ၁၀၀ ကို သိန်း ၂၀ မှစပြီး သိန်း ၄၀ ဝန်းကျင် အထိစျေးတန်းရှိနေကြောင်းသိရသည်။

“ဆန်စပါးစျေးဘာလို့တက်လဲ ၊ ပထမဆုံး အကြောင်းပြတာက သွင်းအားစုစျေးမြင့်တက်တယ်လို့ပြောပါတယ်၊ သွင်းအားစု စျေးမြင့်တက်တယ်ဆိုတဲ့နေရာမှာ ဆန်စပါးစိုက်ပျိုးမှု သူ့သွင်းအားစုတွေ ရှိပါတယ်၊ ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွ သုံးရတာရှိပါတယ်၊သို့သော် ဓာတ်မြေသြဇာနဲ့ပတ်သက်ပြီး ဉီးစားပေးပြီး ဘယ်လိုတင်သွင်းနေလဲ၊ ဘယ်လောက်စျေးနဲ့ဝယ်ရလဲ နှိုင်းယှဉ်ကြည့်ပါ၊နောက်တစ်ခုက ၂၀၂၁ခုနှစ် မိုးစပါးက ၉ သိန်းနဲ့ ၁၀သိန်းပဲရှိတယ် ၊ ခု ဒီနှစ်မှာ ၁၇ သိန်း ၁၈ သိန်း လယ်သမားဆီကစျေးကိုကအဲ့လိုမျိုးဖြစ်နေတာဖြစ်တယ် ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းမှထပ်မံ ပြောသည်။

ဆန်စျေး အဆမတန်မြင့်တက်လာမှုကြောင့် ခုနောက်ပိုင်းတွင် ပြည်တွင်း၌ စပါး စိုက်တောင်သူများအပါအဝင် အခြေခံ လူတန်းစားအချို့သည် ဆန်ဝယ်ယူစားသုံးနိုင်ခြင်းမရှိတော့ဘဲ ပေါ်ဆန်းဆန်ကွဲ ကိုစားသုံးမှုများလာကြောင်း ဆန်ရောင်းဝယ်ရေး လုပ်ကိူင်သူများပြောပြချက်အရသိရသည်။

” မနှစ်က အဲ့လောက်မရှိဘူးနည်းတယ်၊ခုနှစ်တော့ ဆန်ကွဲစားသူတအားများလာတယ်၊ဆန်ဝါစားသူလည်းများလာတယ်။ စပါးစိုက်တဲ့လယ်သမားတွေကိုယ်တိုင်ဆန်ကွဲစားရတယ်ဆိုပြီး လယ်သမားတွေငြီးကြတယ်။ဆန်ကွဲတောင် ၇၀၀၀၀ ဝန်းကျင်ရှိပါတယ်။ နယ်တွေကိုအဓိကပို့ရတယ်။ တောင်သူကျတော့လည်းစပါးစျေးတက်မှ စိုက်ပျိုးစရိတ်မြင့်တာတွေကို ကာမိမှာနလား၊ ” ဟု ရန်ကုန်မှ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးမှပြောသည်။

ယခုလို ဆန်စျေး မြင့်တက်နေချိန်တွင် စားသုံးသူများအနေဖြင့် ဆန်များကို လိုအပ်သည့်ပမာဏထက်ပိုပြီး ဝယ်ယူသိုလှောင်ခြင်းများမလုပ်ဘဲ လိုအပ်သည့်ပမာဏ သာဝယ်ယူစေလိုကြောင်း အကြံပြုပြောဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဆန်လက်ကျန် သည် မြေပြင်လက်ကျန်တွက်ချက်မှုအရကြည့်ပါက တန်ချိန် ၃ ဒသမ ၅သန်းကျော်ရှိကြောင်း ၊ အဆိုပါပမာဏသည် လာမည့်မိုးစပါး ထွက်ရှိမည့် ကာလအထိ ပြည်တွင်းစားသုံးမှုအတွက် ဆန်လုံလောက်မှုရှိကြောင်းသိရသည်။

သတင်းဓာတ်ပုံအား မြဝတီသတင်းစာမှ ကူးယူဖော်ပြထားပါသည်

Leave a Reply

Your email address will not be published. Required fields are marked *