တစ်ပတ်စာဈေးကွက်သုံးသပ်ချက်(၂၈.၈.၂၀၂၃) မှ (၁.၉.၂၀၂၃)

ဆန်

ဆက်တိုက်မြင့်တက်လာတဲ့   ဆန်စျေးက ပြင်ပဆန်စျေးကွက်မှာက  အမြင့်စျေးတန်းမှာပဲ ဆက်လက် ရှိနေပြီး ရန်ကုန်ဝါးတန်းကုန်စည် ဒိုင် မှာတော့ ဆန်တစ်အိတ် ကို ၂၀၀၀၀ လောက်ပြုတ် ကျသွားတာ တွေ့ရပါတယ်။

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင် ဈေးကွက်မှာ ကျားပျံရှယ်၊ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေး ၊မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေး၊ပေါ်ဆန်းနယ်စုံ ဆန်အမျိုးအစားတွေက ၁ သိန်းကျပ်စျေးပေါက်ပြီး အရင်တပတ်ကနဲ့ယှဥ်ရင် ၁၀၀၀၀ ကနေ ၂၃၀၀၀ကျပ် အထိစျေးကျသွားကာ  ရွှေဘိုပေါ်ဆန်းကလည်း အရင်တပတ် ၁၄၅၀၀၀ ကနေ ၁၂၅၀၀၀ ကျပ်အထိစျေးကျသွားပါတယ်။

ဆန်ကြမ်းဖြစ်တဲ့ဧည့်မထ၂၅မှတ်တန်ကတော့  ၆၅၀၀၀ ကနေ ၆၉၀၀၀ ကျပ်စလင်း ထွက်ဧရာ ပဒေသာဆန်ကတော့   ၁၅၈၀၀၀ ကျပ်မှာ စျေးငြိမ်နေ ပါတယ်။

ပြင်ပ ဆန် စျေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းက ၁၇၀၀၀၀ ဝန်းကျင် နဲ့ ကျားပျံရှယ်၊ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေး ၊မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေး၊ပေါ်ဆန်းနယ်စုံ ဆန်အမျိုးအစားတွေက ၁၀၀၀၀၀ အထက်စျေးတန်းအမြင့်မှာပဲရှိပါတယ်။

စပါး 

လက်ရှိမှာ နွေစပါးအသစ်တွေ ရိတ်သိမ်းမှု သိပ်မကျန်တော့ပေမယ့် ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်းက နေရာအချို့မှာ မိုးစပါးအသစ်တွေ စတင်ရိတ်သိမ်းနေပြီ ဖြစ်လို့ စပါးစျေးက အေးနေပြီး စျေးကလည်းငြိမ်နေတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။ 

စပါးအသစ်က  ပေါင် ၅၀ တင်း ၁၀၀ ကို ၁၇ သိန်း ဝန်းကျင်ရှိပြီး  မိုးစပါး အဟောင်းကတော့ စပါးတင်း ၁၀၀ ကို သိန်း ၂၀ ကနေစပြီး ရွှေဘိုပေါ်ဆန်းက သိန်း၄၀ ဝန်းကျင်အထိ ရှိတယ်လို့သိရပါတယ်။

မတ်ပဲ 

စျေးပြန်ကျသွားတဲ့  မတ်ပဲက ခုတစ်ပတ်မှာ  စျေးတက်လာပါတယ်။ မတ်ပဲက လက်ကျန်နည်းတာ၊ မတ်ပဲအသစ်မပေါ်သေးတာကြောင့်  စျေးကွက်ထဲအဝင်နည်းပေမယ့် ပြည်ပ အဝယ်လိုက် နေတာ ကြောင့် စျေးကအမြင့်တန်းမှာပဲရှိနေတာ ဖြစ်တယ်လို့ ကုန်သည်တွေဆီ ကသိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၅၁၅၀၀၀ စျေးပေါက်ပြီး   အရင်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၈ သောင်းနီးပါးဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၄၀၀၀၀ ကျပ်မှ ၂၄၅၀၀၀ စျေး ပေါက်လို့  အရင်ပတ်ကထက် ၈၀၀၀  ကျပ်ပြန်တက်လာတယ်လို့သိရ ပါတယ်။

နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၈၀၇၀၀ ကျပ်အထိ မြင့်တက်လာလို့ အရင်ပတ်နဲ့ယှဥ်ရင် ၃၅၀၀ ဝန်းကျင်ပြန်လည် မြင့်တက်လာပါတယ်။

ပဲစဉ်းငုံနီ

 ပဲစင်းငုံနီကလည်း ခုတစ်ပတ်မှာ  စျေးပြန်တက်လာတယ်လို့ ကုန်စည်ဒိုင် တွေဆီကသိရပါတယ်။ ပဲစဥ်းငုံနီကို ပြည်ပက အဝယ်လိုက်လာလို့  စျေးတန်းက ပြန်လည်မြင့်တက်လာတာ ဖြစ်တယ်လို့ စျေးကွက်အရသိရ ပါတယ်။

ရန်ကုန်ဈေးကွက်မှာ  ပဲစဥ်းငုံနီ တစ်တန်ကို ၃၈၇၅၀၀၀ ကျပ်အထိ စျေးတက်လာလို့ အရင် တစ်ပတ်ကထက် ၄သိန်းနီးပါးဈေးမြင့်တက်လာပါတယ်။

မန္တလေးစျေးကွက်မှာလည်း   ပဲစဥ်းငုံနီ စျေးက  တစ်အိတ်ကို ၃၆၀၀၀၀ ကျပ် စျေး ပေါက်ပြီး  အရင်တစ်ပတ်ကထက် ၂၅၀၀၀ ကျပ် စျေးပြန်တက်လာ  တာတွေ့ရပါတယ်။
ကုလားပဲ

ကုလားပဲဈေးကတော့ ဈေးကွက်အတွင်း ဈေးပြန်မြင့်တက်လာပါတယ်။ဈေးကွက်အတွင်း ပစ္စည်းရှား ပါးနေသည့် အပြင် ငွေကြေးဈေးတည်ငြိမ်မှု မရှိတဲ့အတွက် ဈေးက မြင့်တက်နေတာ ဖြစ်ပါတယ်။ဈေးကွက်အတွင်း ဈေးတွေ မြင့်တက်နေပေမယ့် အ‌ရောင်းအဝယ်အနည်းသာ  ရှိတယ်လို့ ကုန်သည်တွေ ထံကနေ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၄၅၈၀ မှ ၄၆၇၀ ကျပ်၊ကုလားပဲ လုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၆၆၅ မှ ၄၇၅၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါတယ်။

ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅၈၀၀ မှ ၆၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၆၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ကျပ်၊ကုလားပဲ၉၂၉)က တစ်အိတ်ကို ၂၇၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်၊ကုလားပဲ(ဗွီတူး)က တစ်အိတ်ကို ၂၇၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်အသီးသီး ဈေးမြင့်တက်လာသည်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့  ခုတစ်ပတ်မှာလည်းစျေးတက်လာခြင်းမရှိပဲ  အကျစျေးတန်းမှာပဲ  ငြိမ်နေတယ်လို့  သိရပါတယ်။ ပဲတီစိမ်းက လက်ရှိမှာ တရုတ်က ဝယ်လိုအားနည်းသွားတာကြောင့်  ဈေးက အခြား ပဲ နည်းတူ တက်မလာပဲ ဈေးက ကျဆင်းနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ မန္တလေးအနီးတဝိုက်ဒေသတွေကနေ မန္တလေး ကုန်စည်ဒိုင်စျေးကွက်ကို ပဲတီစိမ်းတွေ ဝင်ရောက်မှုရှိ နေတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၅၀၀ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၂၅၀ ကျပ် ရှိပြီး ဈေးငြိမ်ပါတယ်။ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၆၃၀ ကနေ ၃၁၇၀ ကျပ်  ရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေးကျဆင်းလာပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ) တစ်အိတ်ကို အနိမ့်ဆုံး ၁၅၀၀၀၀ မှ ၁၆၃၀၀၀ စျေးပေါက်ပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

ပဲလွန်း

ပဲလွန်းကတော့ ဈေးကွက်အတွင်း ဆက်တိုက်ဈေးမြင့်တက်နေရာ မှ ဒီတစ်ပတ်မှာတော့ အနီ က ဈေးငြိမ်သွားပြီး ပဲလွန်းပြာ နှင့် ပဲလွန်းဖြူကတော့ ကတော့ ဈေး ထပ်ပြီး မြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း အဝင်နည်းနေတယ်လို့လည်း သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲလွန်းဖြူက တစ်ပိဿာကို ၂၄၁၅ မှ ၂၇၂၀ ပေါက်ဈေးရှိပြီး တ်စပိဿာကို ၃၅ ကျပ်ဈေးတက်လာပါတယ်။ပဲလွန်းနီကတော့ တစ်ပိဿာကို ၃၀၈၀ မှ ၃၅၀၀ ပေါက်ဈေးရှိပြီး အတက်ဈေး ဖြင့် ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာကတော့ တစ်အိတ်ကို ၁၉၀၀၀၀ မှ ၁၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မြေပဲလုံးဆံ

ဈေးဆက်တိုက်မြင့်တက်ခဲ့တဲ့ မြေပဲလုံးဆံကတော့ ဈေးကွက်အတွင်း အဝင်များနေပြီး ဈေးချဝယ်ယူမှု တွေကြောင့် ဈေးက ပြန်ကျဆင်းသွားပါတယ်။ လက်ရှိမှာတော့ ပြည်ပဝယ်ယူမှုတွေလည်း မရှိဘူးလို့ သိရပါတယ်။ မြေပဲလုံးဆံက ပြီးခဲ့တဲ့နှစ်က ဈေးကောင်းရရှိခဲ့ပြီး လက်ရှိမှာလည်း ဈေးအမြင့်ဆုံး ပဲ ဖြစ်ပြီး ဆီစက်တွေကဝယ်ယူမှု များတယ်လို့သိရပါတယ်။

မန္တလေးဈေးကွက်မှာ မြေပဲလုံးဆံနီက တစ်ပိဿာကို ၉၂၀၀ မှ ၉၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀လောက်ဈေးကျဆင်းသွားပါတယ်။

အောင်ပန်းဈေးကွက်မှာတော့ မြေပဲဆံနီက တစ်ပိဿာကို ၈၅၀၀ မှ ၈၇၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀၀ ကျပ်ဈေး  ကျဆင်းသွားပါတယ်။မြေပဲလုံးဆံဖြူကတော့ တစ်ပိဿာကို ၆၅၀၀ မှ ၆၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

နှမ်း

နှမ်းမျိုးစုံဈေးကတော့ ဆက်တိုက်ဈေးမြင့်တက်နေရာမှ ဒီတစ်ပတ်မှာတော့ ဈေးပြန်ကျဆင်းသွား ပါတယ်။ ဈေးကွက်ထဲကို နှမ်းအသစ်တွေ အဝင်ရှိနေပြီး ပြည်ပကနေ အဝယ်အေးသွားတဲ့အပြင် အရည်အသွေးပိုင်းအားနည်းတဲ့အတွက် ဈေးကျဆင်းသွားတာဖြစ်တယ်လို့ နှမ်းကုန်သည်တွေက ဆိုပါတယ်။

မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာ ၃တင်းအိတ်ကို ၄၀၀၀၀၀ ကနေ ၄၁၀၀၀၀ ကျပ်ပေါက်ဈေးရှိပြီး    အရင်ပတ်နဲ့ယှဥ်ရင် ၁၅၀၀၀ ကျပ် ၊ ပြီး နှမ်းဖြူ ဂျပန်ကလည်း ၄၁၂၀၀၀ ကနေ ၄၃၀၀၀၀ကျပ်စျေးပေါက်ပြီး၁၀၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။
အလားတူ နှမ်းညိုကလည်း ၃၁၈၀၀၀ ကျပ်စျေးပေါက်ကာ ၇၀၀၀ ကျပ် စျေးပြန်ကျပြီး နှမ်းနက် စမုံကတော့ ၃၀၀၀၀၀ သိန်းမှ ၃၇၅၀၀၀ ကျပ်စျေးပေါက်လို အရင်တစ်ပတ်ကထက် ၆၀၀၀၀ လောက်စျေးပြန်ကျသွားတာတွေ့ရပါတယ်။

ကြက်သွန်နီ

ခုတစ်ပတ်မှာ  ကြက်သွန်နီက စျေးပြန်တက်လာတယ်လို့    ကုန်စည်ဒိုင်တွေဆီ က သိရပါတယ် ။ဈေးကွက်ထဲ အဝင်နည်းခဲ့ပြီး ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေလည်း ကြက်သွန်တန်ချိန် ၂၀၀ ဝယ်ယူမည်ဆိုတဲ့ သတင်းတွေကြောင့်  ကြက်သွန်ဈေးကတော့ ဆက်ပြီးတက်နိုင်ဦးမယ်လို့ကုန်သည်တွေက သုံးသပ်ထားပါတယ်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ  တစ်ပိဿာကို  ၂၉၀၀ မှ   ၃၄၅၀  ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးတက်လာပါတယ်။

လက်လီစျေးကွက်မှာတော့  ၄၀၀၀ ကျပ်အထိ စျေးရောင်းချမှုရှိနေပါတယ်။

ဘုရင်နောင်စျေးကွက်ကိုတပတ်အတွင်းမှာကြက်သွန်နီကားအစီးရေ၁၂၅စီး၊ကုန်ချိန်  ၆၇၂၀၀၀ ဝင်ရောက်ခဲ့ လို့ အရင်တစ်ပတ်နဲ့ယှဥ်ရင် ၁၀ စီးကျော်ပိုမိုဝင်ရောက်မှုရှိခဲ့တာတွေ့ရပါတယ်။

အာလူး

အာလူးကတော့ စျေးပြန်တက်လာတာမရှိဘဲ အကျစျေးမှာပဲ ရှိနေတယ်လို့သိရပါတယ်။ 

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ အရင်တပတ်က အာလူး ၁ ပိဿာကို ၂၁၅၀ ကျပ်ပေါက်စျေးရှိပြီး လက်လီစျေးကွက် မှာ တစ်ပိဿာကို ၄၀၀၀ ကျပ်အထိ ရောင်းချနေကြဆဲဖြစ်ပါတယ်။

ဘုရင့်နောင် စျေးကွက်ကို တပတ်အတွက်း အာလူးကား အစီးရေ ၅၁ စီးဝင်ရောက်မှုရှိပြီး အာလူးကုန်ချိန် ၃၀၆၀၀၀ ရှိခဲ့ကာ အရင်တစ်ပတ်ကထက် ကားအစီးရေ ၈ စီးလျော့ကျလို့ ကုန်ချိန် ၄၈၀၀၀ လျော့ကျခဲ့တယ်  လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *