မြန်မာ့ ထောပတ်သီးကို ဘာရိန်းနိုင်ငံက ဝယ်ယူမည်

မြန်မာ့ ထောပတ်သီးကို ဝယ်ယူရန်အတွက် ဘာရိန်းနိုင်ငံမှ ကမ်းလှမ်းထားသည့်အတွက် လာမည့် အောက်တိုဘာလတွင် ထောပတ်သီး နမူနာပို့သွားမည်ဖြစ်ကြောင်းသိရသည်။

 ထောပတ်သီး နမူနာလက်ခံရရှိပြီး အဆင်ပြေပါက မြန်မာ့ထောပတ်သီးကို ဝယ်ယူမည်ဖြစ်ကြောင်း ၊ ယင်းအချိန်မှသာ ဘာရိန်းနိုင်ငံမှဝယ်ယူမည့် ထောပတ်သီး တန်ချိန်ကို သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

” အိန္ဒသံရုံးကနေကမ်းလှမ်းတယ်၊ဒီဘက်မြန်မာသံရုံးကိုလာတယ်၊ပြီးမှစီးပွားကူးသန်းကကျနော်တို့ကိုချိတ်ဆက်ပြီးစကား ပြော တာပေါ့။ကျနာ်တို့ရဲ့Quality ကိုလည်းသူတို့မသိသေးဘူး၊ထောပတ်သီးကိုလည်း မမြင်ဖူးသေးဘူး၊ ဒါကြောင့်ထော ပတ် သီးကိုအောက်တိုဘာလလယ်ပိုင်းမှာနမူနာပို့ပြီးမှ ပြောလို့ရမှာပါ၊သူတို့ကတော့လိုချင်ပါတယ်။ဆွေးနွေးတဲ့အဆင့်ပဲရှိသေးတော့ လိုချင်တဲ့ တန်ချိန်ကိုတော့မပြောသေးဘူး၊စျေးနူန်းလည်းမပြောနိုင်သေးဘူး၊” ဟု မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စိုးမင်းမှပြောသည်။

မြန်မာထောပတ်သီးကိုသာ ဘာရိန်းနိုင်ငံကိုတင်ပို့ခွင့်ရရှိမည်ဆိုပါက စျေးကွက်ကျယ်ပြန့်ပြီး တည်ငြိမ်သည့် စျေးနူန်းလည်းရရှိမည်ဖြစ်သလို မြန်မာနိုင်ငံ မှထွက်ရှိမည့် ထောပတ်သီး အားလုံးပြည်ပ စျေးကွက်ရောင်းချနိုင်မည်ဖြစ်ကြောင်းသိရသည်။

ပြည်ပကို တရားဝင်လမ်းကြောင်းမှပြည်ပကိုတင်ပို့ပါက အခက်အခဲအနေဖြင့် နိုင်ငံခြားငွေလဲနူန်း မတည်ငြိမ်မှု ၊ စည်းမျဥ်းစည်းကမ်းများရှိနိုင်ကြောင်း ၊ ယင်းအခက်အခဲကိုကျော်လွှားနိုင်ပါက ထောပတ်သီးများတင်ပို့ရန်အဆင်သင့်ဖြစ်နေဟုသိရသည်။

” ကျနော်တို့ပို့နိုင်အားဘယ်လောက်ရှိလဲမေးတယ်၊ကျနော်တို့က တန် ၁၀၀၀ ကနေ ၃၀၀၀ ကြားပို့နိုင်တယ်လို့ပြောထားတယ်၊ တင်ပို့ရမယ်ဆိုရင် မြန်မာကထွက်သမျှထောပတ်သီးအကုန်ကုန်မှာပေါ့။ ” ဟု ၎င်းမှထပ်မံပြောသည်။

လက်ရှိတွင် ထောပတ်သီးကို ထိုင်းနိုင်ငံကိုသာ တရားမဝင်နယ်စပ် လမ်းကြောင်းမှတဆင့် အဓိကတင်ပို့နေရပြီး တရားမဝင်တင်ပို့ရောင်းချရသဖြင့်  စျေးကွက်ခိုင်မာမှုမရှိသလို စျေးနှိမ်အဝယ်ခံခြင်းများလည်း ရင်ဆိုင်ရဟုသိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီးကို တရုတ်နိုင်ငံကိုလည်း G to G စနစ်ဖြင့်  တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက်ကြိုးစားနေကြောင်းသိရသည်။

ပြည်ပကို  နှစ်စဥ် ပတ်သီး  တန်ချိန် ၃၀၀၀ ဝန်းကျင် တင်ပို့မှုရှိကြောင်း ၊မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ် တောင်ပိုင်း၊ရှမ်းပြည် မြောက်ပိုင်း၊မန္တလေးတိုင်းက ပြင်ဦးလွင်၊မိုးကုတ်၊ကရင်ပြည်နယ်၊ မြစ်ကြီးနား၊ချင်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *