ပြည်တွင်းမြေပဲ စျေး ကျ ပြီး အဝယ်အေးလာ 

စားဆီဘက် အဝယ်လိုက်လာသည့် အတွက် မြေပဲ အရောင်းအဝယ် စျေးကွက် အေးလာကြောင်း  ပဲကုန်သည်များ ထံမှ သိရသည်။ 

လကရြှိတှငြ မှပေဲထှကြ သည့ြ ကာလဖှဈသည့ြ အပှငြ စားဆီမွားကို စွေးလွော့ ရောငြးခပွေးနသညေ့ြ  အတှကြ စားဆီ ဘကအြသုံးပှုသူမွားလာကာ  ပဲဆီ အရောငြးဝယအြေးလာ၍မှပေဲဆနြ စွေးပါ ကဆွငြးနခှငြေးဖှဈကှောငြးသြိရသညြ။

“ မြေပဲစျေး အေးတာက စားဆီ ဆွဲချလို့လဲပါတယ်  ။စားဆီက အခုက ရည်ညွန်းစျေး နဲ့ရောင်းပေးနေတာဆိုတော့ ပဲဆီဝယ်တဲ့ အရေအတွက် ကျသွားတယ်။ ဒါကြောင့် မြေပဲဆန် လိုင်း ကောကျသွားတယ်။လူတွေ ကြပ်တည်းတော့ စားဆီဘက်ကို ပြောင်းမှာပဲလေ၊ အဲ့တော့ ဝယ်လိုအားလျော့တော့စျေးကွက်အရ အေးမှာပေါ့  ”ဟု အောင်လံမြို့ မှ ရွှေထွန်း ဆီစက် မှ ကို ရွှေထွန်းပြောသည်။ 

အောင်လံတွင် ယခင် မြေပဲလုံးဆန် တပိဿာလျှင် ၇၅၀၀ မှ လက်ရှိ တပိဿာလျှင် ၆၄၀၀ ကျပ် အထိ ကျဆင်းသွား ကြောင်း သိရသည်။

ပြီးခဲ့ သည့် နှစ်ဖြင့် ယှဉ်ရင်တော့ မြေပဲလုံးဆံ စျေး မှာ အတက်စျေး တွင်ရှိကြောင်း မြေပဲဆီ စက်ပိုင်ရှင်များထံမှ သိရသည်။ 

လက်ရှိ စျေးကွက်တွင် နယ်ပေါင်းစုံမှ မြေပဲဆန် ဝင် ရောက်လာမှုနှင့် ဆီစက်သမားများ ဝယ်ယူမှု နည်းခြင်းကြောင့် တစ်ပတ် အတွင်း မြေပဲဆန် စျေး တစ်ပိဿာလျှင် ကျပ် ၁၀၀၀ နီးပါ ခန့် စျေးကျ ဆင်းခြင်း ဖြစ်ကြောင်းသိရသည်။

“လောလောဆယ် က စျေးကွက်မှာ မြေ ပဲဆန်စျေး က ကျဆင်းနေတယ်။ အမြင့်ဆုံးမှ ၆၄၀၀ စျေးရှိတာ၊ အရင် က အမြင့်ဆုံး ကျပ် ၇၄၀၀ စျေး ရှိတယ်။စားအုန်းဆီစျေး က ကျတာလည်း ပါတယ်။ ပြီးခဲ့နှစ်က မြေပဲလုံးဆန် စျေးက ပထမက ၆၃၀၀ဖြစ်တယ်။နောက်ပိုင်း၄၇၀၀ထိ ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင်တော့ မြင့်တယ် ။ မြေပဲပေါ်လာရင် ကျတာပဲ” ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။ 

ပြည်တွင်းမြေပဲမှာ ဩဂုတ်လ တတိယပတ်တွင် စတင် ထွက်လေ့ ရှိ ပြီးယခုနှစ်တွင် အထွက်နှုန်း မြင့်နေကြောင်း သိရသည်။ 

လက်ရှိတွင် ပြည်၊ အောင်လံ၊ မကွေးရှိ မြေပဲစိုက်ပျိုးသည့်ဒေသများမှ မြေပဲဆန်များထွက်ရှိနေပြီဖြစ်ပြီး မကြာမီ အခြား မြေပဲစိုက်ပျိုးသည့်ဒေသများမှ မြေပဲဆန်များ ထွက်ရှိတော့မည်ဖြစ်ကြောင်းသိရသည်။

မြေပဲများကို ယခင် ပြည်ပနိုင်ငံတချို့သို့ တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာကြောင်း သိရသည်။

ဖိုးချဲ(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *