တစ်ပတ်စာဈေးကွက်သုံးသပ်ချက်(၁.၉.၂၀၂၃) မှ (၈.၉.၂၀၂၃)

ဆန်စျေးကွက်


ပြည်တွင်းဆန်စျေးကတော့ အရင်လကတည်းက ဆက်တိုက်မြင့်တက်လာခဲ့ပြီး လက်ရှိအထိ ပြန်လည် ကျဆင်းတာမရှိသေးဘဲ အမြင့်စျေးတန်းမှာပဲဆက်ရှိနေပါတယ်။ရန်ကုန်ဝါး တန်း ကုန် စည် ဒိုင်ကတော့ ဆန်စျေးမြင့်တက်မှုကိုထိန်းဖို့ဆိုပြီး  ဆန်စျေးတွေကို လျှော့ချပြီးရောင်းချပေးနေပါတယ်။

ကျားပျံရှယ်၊ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေး ၊မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေး၊ပေါ်ဆန်း နယ်စုံ၊ပေါ်ဆန်းသစ်ရှယ် ဆန်အမျိုးအစားတွေကို ၁ သိန်းကျပ်စျေးပေါက်ပြီး ရွှေဘိုပေါ်ဆန်း က  ၁၂၅၀၀၀ ကျပ်နဲ့ရောင်းချပေးနေပါတယ်။


ပြင်ပ ဆန်စျေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းက ၁၇၀၀၀၀ ကျော်စျေးတန်းရှိပြီး  ကျားပျံရှယ်၊ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေး ၊မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေး၊ပေါ်ဆန်းနယ်စုံ ဆန်အမျိုးအစားတွေက ၁၁၀၀၀၀ အထက်စျေးတန်းအမြင့်မှာပဲဆက်ရှိနေပါတယ်။


ကုန်ကြမ်းဖြစ်တဲ့ စပါးကစျေးမကျသလို ၊ စပါးစိုက်ခင်း အတွက် ကုန်ကျရတဲ့ သွင်းအားစု၊ အလုပ်သမားငှားရမ်းခ၊စက်ထွန်ယက်ခအပါ စတဲ့ကုန်ကျစရိတ်တွေ ကြီးမြင့်နေလို့ စပါးစျေးမကျသလို ဆန်စျေးကလည်း ကျဖို့အလားအလားမရှိဘူးလို့ ကုန်သည် တွေကသုံးသပ်ကြပါတယ်။

စပါးစျေးကွက်

ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်းက နေရာအချို့မှာ မိုးစပါးအသစ်တွေ စတင်ရိတ်သိမ်းနေပြီဖြစ်ပေမယ့် အရင်နှစ်မိုး စပါးအဟောင်းစျေးနဲ့ မိုးစပါးအသစ်စျေး က ကျသွားတာမျိုးမရှိပဲ အမြင့်စျေးတန်း မှာပဲ  ရှိနေတယ်လို့ စပါးဝယ်ရောင်းလုပ်ကိုင်တဲ့ကုန်သည်တွေဆီကသိရပါတယ်။

အခုစတင်ရိတ်သိမ်းနေတဲ့  မိုး စပါးအသစ်က  ပေါင် ၅၀ တင်း ၁၀၀ ကို ၁၇ သိန်း ဝန်းကျင်ရှိပြီး အရင်နှစ် မိုးစပါး အဟောင်းလက်ကျန်တွေကတော့  စပါးတင်း၁၀၀ ကို ၂၁ သိန်း ကနေစပြီး ရွှေဘိုပေါ်ဆန်း အဟောင်း က သိန်း၄၀ ဝန်းကျင်အထိ ရှိတယ်လို့သိရပါတယ်။

မတ်ပဲ

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၂၅၀၅၀၀၀ ပေါက်ဈေးရှိနေပြီး အရင်တစ်ပတ်နဲ့ ယှဉ်ပါက တစ်တန်ကို ၁၀၀၀၀ လောက် ‌ဈေးမြင့်တက်လာကာ မတ်ပဲ (RAW) ကလည်း တစ်ပိဿာကို ၄၁၃၀  မှ ၄၁၇၅ ပေါက်ဈေးရှိပြီး အရင်တစ်ပတ်ကထက်  တစ်ပိဿာကို ၁၂၅ ကျပ်ဈေးမြင့်တက်လာတာတွေ့ရပါတယ်။

နယ်တွေမှာလည်း  မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၈၁၅၀၀ ကျပ်အထိ မြင့်တက်လာလို့ အရင်ပတ်နဲ့ ယှဥ်ရင် ၁၀၀၀ ဝန်းကျင်ပြန်လည် မြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့  မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို  ၂၄၅၀၀၀ ပေါက်စျေးရှိပြီး စျေးငြိမ်နေပါ တယ်။

မတ်ပဲကို အိန္ဒိယက ပြန်ပြီးအဝယ်လိုက်လာတာကြောင့် စျေးနူန်းပြန်လည်မြင့်တက်လာတာဖြစ်ပြီး လက်ကျန်မတ်ပဲကတော့နည်းနေပြီလို့သိရပါတယ်။
 
ပဲစဥ်းငုံနီ

ပဲစင်းငုံနီကတော့  ခုတစ်ပတ်မှာလည်း   စျေးထပ်မံမြင့် တက်လာတယ်လို့ ကုန်စည်ဒိုင် တွေဆီကသိ ရပါတယ်။

ရန်ကုန်ဈေးကွက်မှာ  ပဲစဥ်းငုံနီ တစ်တန်ကို ငွေကျပ် သိန်း ၄၁၅၀၀၀၀ ကျပ်အထိ စျေးမြင့်တက်လာပြီး အရင်တစ်ပတ်ကထက် ၂ သိန်း ၄၀၀၀၀ ကျပ် မြင့်တက်လာပါတယ်။

မန္တလေးစျေးကွက်မှာလည်း   ပဲစဥ်းငုံနီ စျေးက  တစ်အိတ်ကို ၃၈၅၀၀၀ ကျပ်ပေါက်စျေး ရှိပြီး  အရင်တစ် ပတ်ကထက် ၂၅၀၀၀ ကျပ် စျေးတက်လာ  တာတွေ့ရပါတယ်။

အိန္ဒိယနိုင်ငံမှာ မိုးကြောင့်  ပဲစင်းငုံနီအထွက်ရှိနှုန်းလျော့ကျတာတဲ့အတွက်   မြန်မာနိုင်ငံက ပဲစဥ်းငုံကို အဝယ်လိုက်လာလို့   ပြည်တွင်း  ပဲစင်းငုံနီဈေးက ဆက်တိုက်မြင့်တက်လာခဲ့တာ ဖြစ်တယ်လို့စျေးကွက် အရသိရပါတယ်။

ပဲတီစိမ်း


အကျစျေးတန်းမှာပဲ ငြိမ်နေတဲ့ ပဲတီစိမ်းက ဒီတစ်ပတ် မန္တလေးစျေးကွက်မှာ အနည်းငယ် ပြန်တက်လာပြီး ရန်ကုန်စျေးကွက်မှာတော့ အရင်တပတ်ကဖြစ်ပေါ်ခဲ့တဲ့ အကျစျေးတန်း မှာပဲ ဆက်ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၅၀၀ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၂၅၀ ကျပ် ၊ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၆၃၀ ကနေ ၃၁၇၀ ကျပ်  စျေးတန်းမှာပဲ ဆက်ရှိနေတာဖြစ် တယ်။

မန္တလေးဈေးကွက်မှာတော့ပဲတီစိမ်း(အညာ)ပိဿာ ၅၆.၂၅  တစ်အိတ်ကို ၁၅၅၀၀၀ ကျပ်မှ  ၁၇၀၀၀၀ ကျပ်ပေါက်စျေးရှိပြီး အရင်တစ်ပတ်ကထက် ၅၀၀၀ ကျပ် မြင့်တက်လာတယ်လို့သိရပါတယ်။

လက်ရှိမှာ မန္တလေးအနီးတဝိုက်ဒေသတွေကနေ မန္တလေး ကုန်စည်ဒိုင်စျေးကွက်ကို ပဲတီစိမ်းတွေဝင် ရောက်မှုရှိနေပေမယ့်   တရုတ်က အဝယ်သွက်လာလို့   စျေးတန်းကအနည်းငယ် ပြန် မြင့်လာတယ် လို့သိရပါတယ်။

ပြောင်း

ပြောင်းဈေးကတော့ အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ထိုင်းတင်ပို့မှု မရှိတော့တဲ့အတွက်‌ ဈေးကွက် ထဲ ပြန်အေးသွားတာလည်း ဖြစ်ပါတယ်။တရုတ်နိုင်ငံ တင်ပို့မှုကတော့ အနည်းငယ်သာ ရှိနေ တယ် လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံက တစ်ပိဿာကို ၁၁၉၀ မှ ၁၂၁၀ ပေါက်ဈေးရှိပြီး ဈေးငြိမ် ပါ တယ်။

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်း တစ်အိတ်ကို ၆၀၀၀၀ မှ ၆၁၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ် ကို ၂၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

စားတော်ပဲ

စားတော်ပဲဈေးတွေကလည်း ဈေးကွက်အတွင်း ဈေးပြန်ကျဆင်းသွားပါတယ်။ဈေးကွက်အတွင်း ပြည်တွင်းလက်ကျန်တွေက မရှိပဲ ပြည်ပကနေတင်သွင်းတဲ့ ပဲတွေ အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။လအတန်ကြာ အတက်ဈေး နဲ့ ငြိမ်နေခဲ့ပြီး စက်တင်ဘာ လဆန်းပိုင်းမှာ စတင်ကာ ဈေးများပြန်ကျဆင်းလာတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ စားတော်ပဲက တစ်ပိဿာကို ၆၈၃၀ မှ ၇၃၃၅ ပေါက်‌ ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၂၁၈၀၀၀ မှ ၃၈၀၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

နှမ်း

အရင် တစ်ပတ်က စျေးပြန်တက်လာခဲ့တဲ့  နှမ်း က ခုတစ်ပတ်မှာ စျေးပြန်ကျဆင်းသွားတာကို တွေ့ရပါ တယ်။မိုးနှမ်းအသစ်တွေ စျေးကွက်ထဲဝင်ရောက်တာ ၊ တရုတ်ဘက်က ဝယ်လိုအားနည်း သွားတဲ့အချက်တွေ ကြောင့် နှမ်းစျေးကျဆင်းလာတာဖြစ်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။

ဒီတစ်ပတ်မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာ ၃တင်းအိတ် ကို  ၃၆၀၀၀၀ က နေ  ၃၉၀၀၀၀ ကျပ်စျေးပေါက်ပြီး အရင်တစ်ပတ်ကထက် ၂၀၀၀၀ ကျပ် ပြန်ကျ၊  နှမ်းဖြူ ဂျပန်က လည်း ၃၉၀၀၀၀ ကျပ်ဖြစ်သွားလို့ အရင်တစ်ပတ်ကထက် ၄၀၀၀၀ ကျပ် ပြန်ကျသွားပါတယ်။

အလားတူ နှမ်းညိုကလည်း ၃၁၀၀၀၀ မှ ၃၁၅၀၀၀ ကျပ်စျေးပေါက်ပြီး အရက်တစ်ပတ်ကထက် ၃၀၀၀ ကျပ်စျေးကျသွားသလိုနှမ်းနက်စမုံကလည်း ၂၈၀၀၀၀ ကျပ်မှ ၃၅၅၀၀၀ ကျပ်ပေါက်စျေးရှိပြီး ၂၀၀၀၀ ကျပ်စျေး ပြန်လည်ကျဆင်း သွားပါတယ်။

သကြား


ပြည်တွင်းက ထွက်တဲ့သကြားကလည်း တစ်ပိဿာကို ၃၇၀၀ ကျော်အထိ မြင့်တက်ခဲ့ရာကနေ ခုတစ်ပတ်မှာတော့ ၃၅၉၀ ကျပ် အထိ စျေးပြန်ကျသွားပါတယ်။လက်လီစျေးကွက်မှာတော့ ၄၀၀၀ ကျပ်အထိထိရောင်းချမှုရှိနေပါတယ်။

ပြည်တွင်းမှာ သကြားလက်ကျန်နည်းတဲ့အပေါ်အခွင့်ကောင်းယူပြီး ကုန်သည်တွေက စျေးကစားနေတာ ကြောင့် သကြားစျေးက တည်ငြိမ်မှုမရှိဘဲ ဖြစ်နေတယ်လို့ လုပ်ငန်းရှင် တွေဆီကသိရပါတယ်။

ကြက်သွန်နီ

ခုတစ်ပတ်မှာတော့  ကြက်သွန်နီကလည်း စျေးပြန်ကျ လာတယ်လို့ ကုန်စည်ဒိုင်တွေဆီ က သိရပါတယ်။

စျေးကွက်ကို ဝင်ရောက်လာတဲ့ ကြက်သွန်အရည်အသွေးပေါ်လိုက်ပြီး အရောင်းအဝယ်ဖြစ်နေကာ ပစ္စည်းညံ့တဲ့ကြက်သွန်တွေက အရောင်းအဝယ်အေးပြီး ဝယ်သူမရှိတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာဆိုရင် ခုတစ်ပတ်မှာ  ကြက်သွန် တစ်ပိဿာကို    ၃၂၅၀  ကျပ်အထိ စျေးပြန်ကျလာပါတယ်။

ပခုက္ကူစျေးကွက်မှာတော့ ၃၁၀၀ အထိစျေးတန်းရှိနေပါတယ်။ လက်လီစျေးကွက်မှာတော့  ၄၀၀၀ ကျော်အထိရောင်းချနေဆဲဖြစ်ပါတယ်။

ဘုရင်နောင်စျေးကွက်ကို တစ်ပတ်အတွင်းမှာ ကြက်သွန်နီကားအစီးရေ ၁၀၅ စီး ၊ကုန်ချိန် ၆၃၀၀၀၀ ဝင်ရောက်ခဲ့ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဈေးကလည်း ပြန်ကျဆင်းသွားပါတယ်။ဈေးကွက်ထဲ အဝင်ပုံမှန်ရှိနေပေမယ့် စံချိန်တင်ဈေးမြင့်မှုကြောင့် ဝယ်ယူမှု နည်းသွားပြီး ဈေးတွေ ပြန်ကျဆင်းလာတာ ဖြစ်တယ်လို့ ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၇၈၀၀ မှ ၇၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ(ရှမ်း)ကတော့ တစ်ပိဿာကို ၇၅၀၀ မှ ၉၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

သီးနှံ‌ ဈေးနှုန်းများ သည် အချိန် နှင့် အမျှ ပြောင်းလဲမှု ရှိနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *