ပြည်တွင်းစားသုံးသူဈေးကွက်တွင် စားအုန်းဆီများဈေးလျော့ရောင်းချနေသော်လည်း  ကျန်စားသုံးဆီများ ဈေးထပ်မတက်ဘဲ ဈေးငြိမ်နေ

ပြည်တွင်းစားသုံးဆီဈေးကွက်တွင် စားအုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနေသည့် ကိုးရက်အ တွင်း မြန်မာစားသောက်ကုန်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာန FDA ကခွင့်ပြုမိန့်လိုင်စင်ထုတ်ပေးထားသော ပဲဆီသန့်များမှလွဲ၍ ကျန်စားသုံးဆီများ အတက်မရှိဘဲ ငြိမ်နေကြောင်း ဆီစက်လုပ်ငန်းရှင်များ မှ သတင်းရရှိ သည်။

FDAက ခွင့်ပြုမိန် လိုင်စင်ထုတ်ပေးထားသည့် လုံးချော ၊ လုံးသန့် မြေပဲဆီဈေးနှုန်းများ ကိုးရက်အတွင်း တစ်ပိ ဿာ သုံးထောင်ကျပ်ခန့် ဈေးကျဆင်းသွားသော်လည်း ပြည်တွင်းတွင် စားသုံးမူများသည့် ပဲဆီရိုးရိုးနှင့် နေကြာ ဆီ ၊ ဟင်းသီး ဟင်းရွက်ဆီများ ကျဆင်းခြင်းမရှိဘဲ ရပ်တန့်နေခြင်းဖြစ်သည်။

“ FDA အသိမှတ်ပြု ပဲဆီတွေ ဈေးကျပေမယ့် ရိုးရိုးတွေကတော့ မကျပါဘူး။ ဒီအတိုင်းပါပဲ။ နှမ်းဆီလည်း ပုံမှန် ပဲ ၊ နှမ်းဆီက လူသုံးနည်းတော့ မတင်ကြတာများတယ်။” ဟုအောင်သရဖူ ဆီစက်မှ လုပ်ငန်းရှင်တစ်ဦးကပြော သည်။

မြေပဲဆီဈေးမှာ အမျိုးအစားနှင့် ဒေသထွက်ကုန်ပေါ်မူတည်၍ ဈေးကွက်တွင် ဈေးအမျိုးမျိုးရှိနေပြီး တစ်ပိဿာ လျှင် ၁၆၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အကြားရှိသည်။ ပဲဆီအစစ် ရိုးရိုးတစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ် အကြားရှိသည့်ဟု ဈေးကွက်အတွင်းမှ စုံးစမ်းသိရှိရသည်။

“ဟုတ်ပါတယ်။ ဈေးမကျပါဘူး။ ဒါပေမယ်လည်း ဈေးလည်း ထပ်မတက်လာဘူး။ ဈေးငြိမ်နေတယ်။ ပဲဆီအစစ် ဆိုရင် တစ်ပိဿာ ၁၅၀၀၀ ကျပ် ၊ နေကြာဆီဆိုရင် တစ်ပိဿာ ၁၁၀၀၀ ကျပ်ရှိပါတယ်။ ဈေးငြိမ်နေတာပါ။” ဟု ရန်ကုန်မြို့ ဘုရင်နောင် ကုန်စည်ဒိုင်မှ ဆီကုန်သည် ဦးဖိုးပါကပြောသည်။

မန္တလေးမြို့ စားသုံးဆီဈေးကွက်တွင် အမြင့်စား ပဲဆီများ ဆက်တိုက်ကျဆင်းနေပြီး ကိုးရက်အတွင်း တစ်ပိဿာလျှင် ငွေကျပ် သုံးထောင်အထိ ကျဆင်းလာကြောင်း မန္တလေးမြို့ အောင်ဇတိလ ဆီစက်မှ ကုန်သည် ဦးမိုး ကျော်ကပြောသည်။

“ ပဲဆီသန့် ရှယ် ၊ ပဲဆီသန့် ရိုးရိုး ဈေးပြန်ကျနေပါတယ်။ လေးငါးရက်အတွင်း ကျလာတာပေါ့။ စားအုန်းဆီ ဈေး တွေ လျော့ချလိုက်လို့လည်း ပါသလို မြေပဲဆံအသစ်တွေ ပေါ်လာတာလည်း ပါတယ်။ ရက်ပိုင်းအတွင်း တစ်အားပြန်ပြီး အခု အကျရပ်ပြီး ငြိမ်နေတယ်။” ဟု အောင်ဇတိလ ဆီစက်မှ ကုန်သည် ဦးမိုးကျော်ကပြော သည်။

ပဲဆီသန့် ရှယ်  တစ်ပိဿာ လျှင် ၁၇၀၀၀ ကျပ်ရှိရာမှ ယခုအခါတစ်ပိဿာ ၁၃၅၀၀ ကျပ် ၊ ပဲဆီ သန့် ရိုးရိုး တစ်ပိဿလျှင် ၁၆၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်သို့ကျဆင်းသွားခြင်းဖြစ်သည်။ ပဲဆီဈေးနှင့်အတူ မြေပဲဆံဈေး မှာလည်း တစ်ပိဿ ၇၅၀၀ ကျပ် မှ ၈၀၀၀ ကျပ်အကြားရှိရာမှ ၇၀၀၀ ကျပ်သို့ ကျဆင်းလာခြင်းဖြစ်သည်။

ပြည်တွင်းစားသုံးသူဈေးကွက်တွင် မြေပဲဆီ ဆုံဆီတစ်ပိဿလျှင် ၁၇၀၀၀ ကျပ် ၊ နှမ်းဆီ စစ်စစ် တစ်ပိဿ လျှင် ၁၆၀၀၀ ကျပ် ၊ နေကြာဆီ တစ်ပိဿလျှင် ၁၁၀၀၀ ကျပ် ၊ ပဲပိစပ်ဆီ ၁ဒသမ ၉ လီတာလျှင် ၁၃၉၀၀ ကျပ် ဖြင့် ဈေးငြိမ်လျှက်ရှိသည်။

ငွေဈေးနှုန်းများတည်ငြိမ်မူ မရှိခြင်းနှင့်စားအုန်းဆီများတစ်ပိဿာလျှင်၁၁၀၀၀ကျပ် ဈေးတက်လာခြင်းတို့ကြောင့် သြဂုတ်လ ဒုတိယအပတ်တွင် မြေပဲဆီ တစ်ပိဿ ၉၂၀၀၀ ကျပ်ရှိရာမှ တစ်လအတွင်း ၁၆၀၀၀၀ ကျပ်မှ ၁၇၀၀၀၀ကျပ်သို့ ဈေးမြင့်တက်လာပြီး တက်ဈေးဖြင့် ဈေးငြိမ်နေခြင်းဖြစ်သည်။

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *