တစ်ပတ်စာဈေးကွက်သုံးသပ်ချက် ((၈.၉.၂၀၂၃) မှ (၁၅.၉.၂၀၂၃)

မတ်ပဲ

အိန္ဒိယဘက်မှာ မတ်ပဲအသစ်တွေစတင်ပေါ်နေတာကြောင့် ပြည်တွင်းမတ်ပဲ စျေးတန်းအနည်းငယ်အေး သွားပေမယ့်စျေးတန်းပြုတ်ကျတဲ့ အထိတော့ မဖြစ်နိုင်ဘူးလို့ ကုန်သည်တွေဆီကသိရပါတယ်။ထို့ပြင်  အိန္ဒိယနိုင်ငံ မိုးစိုက်မတ်ပဲက ဧရိယာက က ဒီနှစ် မှာ ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းနေတာ ဖြစ်လို့ ရေရှည်မှာ  ဈေးက မြင့်တက်နိုင်ဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။

လက်ရှိရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၂၄၉၀၀၀၀ ပေါက်ဈေးရှိနေပြီး အရင်တစ်ပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၄၀၀၀၀ လောက် စျေးပြန်ကျသွားပါတယ်။ မတ်ပဲ (RAW) ကလည်း တစ်ပိဿာကို ၄၀၅၀ မှ ၄၀၈၅ ကျပ်စျေးရှိပြီး ၁၀၀ လောက် စျေး ကျသွား ပါတယ်။

မန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၃၅၀၀၀ မှ ၂၄၀၀၀၀ ကျပ်စျေးရှိလို့ အရင်အပတ် ကထက် ၅၀၀၀ လောက်စျေးပြန်ကျသွားပါတယ်။ 

နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ ကို အရင်တစ်ပတ်က ၈၁၅၀၀ ကျပ်ရှိခဲ့ရာကနေ ၈၀၀၀၀ ကျပ်အထိ ပြန်ကျသွားပါတယ်။ 

ပဲစဉ်းငုံနီ

ဆက်တိုက်စျေးမြင့်လာခဲ့တဲ့ ပဲစင်းငုံနီက နိုင်ငံခြားငွေစျေးမတည်ငြိမ်မှုအပေါ် လိုက်ပြီး စျေးကစားနေတာကြောင့် ခုတစ်ပတ်မှာတော့ စျေးပြန်ကျသွားပါတယ်။

ပဲစဥ်းငုံနီက အိန္ဒိယကိုပဲအဓိကတင်ပို့နေရတာဖြစ်လို့ အဝယ်များရင်စျေးတက်ပြီး ဝယ်လိုအားနည်းရင် စျေးကပြန်ကျတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ငွေကျပ်သိန်း ၄၀ စျေးရှိပြီး အရင်တစ်ပတ်ထက် ၁၅၀၀၀၀ ကျပ် ကျသွားပါတယ်။

မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၇၅၀၀၀ မှ ၃၈၀၀၀၀ စျေးရှိပြီး ၅၀၀၀ ကျပ် ကျသွားပါတယ်။ 

ပဲတီစိမ်း

တရုတ်ဘက်က အဝယ်လိုက်လာလို့ ပဲတီစိမ်းက ဒီတစ်ပတ် ရန်ကုန်ဈေးကွက်ရော  မန္တလေးစျေးကွက် မှာ ပါ ဈေး ပြန် တက်လာပါတယ်။ပဲတီစိမ်းက ပြီးခဲ့တဲ့ အပတ်က အထိ အကျဈေး နဲ့ ရှိနေတာ ဖြစ်ပြီး ဈေးကွက်ထဲ လည်း အရောင်းအဝယ် အေးနေခဲ့တာပါ၊

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၅၈၀ ကျပ်ရှိပြီး ၈၀ ကျပ်တက်လာ၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က ၃၃၀၀ စျေးပေါက်လို့ ၅၀ ကျပ်တက်လာပြီး ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၆၃၀ ကနေ ၃၁၇၀ ကျပ်နဲ့အရင် စျေးတန်းမှာပဲ ရှိနေပါ တယ်။

မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(အညာ)ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၆၀၀၀၀ မှ ၁၇၇၀၀၀ စျေးရှိပြီး အရင်တစ်ပတ်ကထက် ၇၀၀၀ ကျပ် မြင့်တက်လာပါတယ်။ 

ကုလားပဲ

ပြည်တွင်းစားသုံးမှုများတဲ့ ကုလားပဲကတော့ ခုတစ်ပတ်မှာ စျေးအနည်ငယ်ပြန်ကျလာတယ်လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။

နိုင်ငံခြားငွေစျေးမတည်ငြိမ်မှုအပေါ်လိုက်ပြီး ကုလားပဲစျေးကလည်း အတက်အကျဖြစ်နေတာကြောင့် ငွေစျေးအေးချိန်မှာ ကုလားပဲစျေးအနည်ငယ်ပြန်ကျလာတာလို့ဆိုပါတယ်။

ရန်ကုန်စျေးကွက်မှာ ကုလားပဲဖြူလုံးက ၄၅၀၀ ကနေ ၄၅၈၀ ကျပ်၊ ကုလားပဲဖြူလုံးကြီးက၄၅၈၀ ကနေ ၄၆၆၅ ကျပ်စျေးပေါက်နေပြီး အရင်တစ်ပတ်ကထက် ၂၀၀ ကျပ်လောက်ကျသွားတာတွေ့ ရပါတယ်။

မန္တလေးဈေးကွက်မှာလည်း ကုလားပဲ ၉၂၉ တစ်အိတ်ကို ၂၆၆၀၀၀ ကနေ ၂၆၇၀၀၀ ကျပ် ၊ကုလားပဲ(V2)က ၂၆၈၀၀၀ကျပ်၊ ကုလားပဲ V7 က ၂၈၀၀၀၀ ကနေ ၂၈၁၀၀၀ ပေါက်ဈေးရှိလို့ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်အိတ်ကို ၄၀၀၀ ကနေ ၁၀၀၀၀ လောက်စျေးကျသွားပါတယ်။ 

ပဲလွန်း 

ပဲလွန်းတွေကတော့ ဈေးကွက်ထဲ အဝင်နည်းနေပြီး တရုတ်ဝယ်လက် အနည်းငယ်ရှိနေလို့ ဈေးမြင့် တက်လာတယ်လို့သိရပါတယ်။

ရန်ကုန်စျေးကွက်မှာ ပဲလွန်းဖြူပဲခူးက ၂၇၅၀ ကနေ ၂၈၃၅ ကျပ်စျေးပေါက်ပြီး ၃၅ ကျပ်၊ ပဲလွန်းဖြူ မြစ်ဝကျွန်းပေါ်က ၂၅၀၀ ကနေ ၂၅၅၀ စျေးရှိပြီး ၃၅ ကျပ် မြင့်တက်လာကာ ပဲလွန်းနီမြစ်ဝကျွန်းပေါ်ကတော့ ၃၀၈၀ ကနေ ၃၅၀၀ ကျပ်နဲ့အရင်စျေးတန်းမှာပဲ ရှိနေပါတယ်။ 

မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာက တစ်အိတ်ကို ၁၉၀၀၀၀ ကနေ ၁၉၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေး တက်လာပါတယ်။ပဲလွန်းဖြူကတော့ တစ်အိတ်ကို ၁၇၀၀၀၀ ဖြင့် အတက်ဈေး နဲ့ ငြိမ်နေပါတယ်။

ပြောင်း

ပြောင်းဈေးကတော့ ထိုင်းနိုင်ငံ တင်ပို့မှု မရှိတော့တဲ့ နောက်ပိုင်း ဈေးများက ဆက်ပြီး ကျဆင်းနေပါ တယ်။ ဈေးကွက်ထဲကို လည်း အသစ်တွေ ဝင်တော့ မှာ ဖြစ်လို့ အကျဈေး နဲ့ ရှိနေတယ်လို့လည်း ပြောင်းတောင်သူတွေက ပြောပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံက တစ်ပိဿာကို ၁၁၇၀ မှ ၁၁၉၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးကျဆင်းသွားပါတယ်၊

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်း တစ်အိတ်ကို ၅၆၀၀၀ မှ ၅၇၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ် ကို ၄၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

မြေပဲ

ဈေးကွက်ထဲကို အသစ်တွေ အများအပြား  အဝင်ရှိနေပြီး ဈေးတွေ ဆက်တိုက် ကျဆင်းသွားခဲ့တဲ့ မြေပဲက ဒီတစ်ပတ်မှာတော့ အကျဈေး နဲ့ ဈေးပြန်ငြိမ်သွားပါတယ်။ ငွေကြေးဈေး အပြောင်းအလဲ ပေါ် တောင်သူတွေအနေနဲ့ စောင့်ကြည့် ဝယ်‌ေရာင်းတာတွေ လုပ်နေတဲ့အတွက် ဈေးကွက် အဝင်နည်းပြီး ဈေး အကျ တန့်သွားတာ ဖြစ်တယ်လို့ ကုန်သည်အချို့က ပြောပါတယ်။

မန္တလေးဈေးကွက်မှာတော့ မြေပဲလုံးဆံနီက တစ်ပိဿာကို ၈၂၀၀ မှ ၈၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အောင်လံဈေးကွက်မှာတော့ မြေပဲလုံးဆံနီတစ်ပိဿာကို ၈၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေး ကျဆင်းပါတယ်။မြေပဲလုံးဆံဖြူကတော့ တစ်ပိဿာကို ၆၄၀၀ မှ ၆၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿဦကို ၂၀၀ ကျပ်ဈေး တက်လာပါတယ်။

နှမ်းမျိုးစုံ

နှမ်းမျိုးစုံကတော့ တစ်ပတ်အတွင်း ဈေး အတက်အကျ ကတော့ တည်ငြိမ်မှု မရှိပါဘူး။တရုတ်ငွေဈေး ရုတ်တရက် ထိုးကျသွားတဲ့အတွက် တရုတ်ကို အဓိက တင်ပို့နေတဲ့ နှမ်းဖြူဈေးတွေကလည်း ဈေးကွက်

အတွင်း ကျဆင်းသွားပါတယ်။

တစ်ရက်အတွင်း ငွေကြေးဈေး ပြန်မြင့်တက်လာတဲ့အတွက် နှမ်းဖြူရိုးရိုးနဲ့နှမ်းဖြူဂျပန်ကတော့ စျေးပြန်တက်လာပြီး အဝင်များနေတဲ့ နှမ်းညိုနဲ့ နှမ်းနက် စမုံကတော့ စျေးထပ်ကျသွား တာတွေ့ရပါတယ်။

အခြား နှမ်းတွေကတော့ ဈေးကွက်ထဲ အသစ်တွေ ဆက်တိုက် အဝင် ရှိနေတာ ဖြစ်လို့ အဝင်များ ပြီး ဈေး အေးသွားပါတယ်။

မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို ၃၅၀၀၀၀ မှ ၃၉၅၀၀၀ ကျပ်စျေးရှိပြီး အရင်တစ်ပတ်ကထက် ၅၀၀၀ ကျပ် ပြန်တက်လာကာ နှမ်းဖြူ ဂျပန်က ၃၉၀၀၀၀ မှ ၄၁၀၀၀၀ ကျပ်ဖြစ်သွားလို့ ၂၀၀၀၀ ကျပ် ပြန်တက်လာပါတယ်။

နှမ်းညိုကတော့ ၃၀၀၀၀၀ မှ ၃၀၅၀၀၀ စျေးရှိပြီး အရက်တစ်ပတ်ကထက် ၁၀၀၀၀ ကျပ် စျေးကျသွားသလို နှမ်းနက် စမုံကလည်း ၂၇၀၀၀၀ မှ ၃၅၀၀၀၀ ကျပ်စျေးပေါက်ပြီး ၅၀၀၀ကျပ် စျေးကျသွားပါတယ်။

ပန်းနှမ်းကတော့ တစ်အိတ်ကို ၂၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် ဈေး ပြန်ကျဆင်းသွားပါတယ်။ဈေးကွက် ထဲ အဝင်များနေတဲ့အပြင်  ဈေးမြင့်တက်မှုကြောင့် ပြည်တွင်းဝယ်ယူမှု အား ကျဆင်းသွားပြီး ဈေးက ကျဆင်းသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ၊မုံရွာ)က တစ်ပိဿာကို ၂၆၀၀ မှ ၃၁၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ပါက ၁၅၀ ကျပ်ဈေးကျဆင်းသွားသည်။

ကြက်သွန်ဖြူ

တရုတ်ကနေ ဝင်ရောက်နေတဲ့ ကြူကုတ် ကြက်သွန်ဖြူ နဲ့ ပြည်တွင်းထွက် ကြက်သွန်ဖြူအားလုံး စျေးတန်အနည်းငယ်ပြန်ကျသွားပါတယ်။

ရန်ကုန်စျေးကွက်မှာ ကြူကုတ်ရှယ် တစ်ပိဿာကို ၇၄၀၀ မှ ၇၅၀၀ ကျပ်၊ရှမ်းပြည်နယ်ကထွက်တဲ့ အောင်ပန်းထူး ၂ က ၇၆၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၈၂၀၀ ကျပ်၊ အောင်ပန်ထူး ၄ က ၈၄၀၀ ကျပ်နဲ့ အောင်ပန်းထူး ၅ က ၈၈၀၀ ကျပ်စျေးပေါက်လို့ အရင်တစ်ပတ်နဲ့ယှဥ်ရင် ၂၀၀ ကျပ်ကနေ ၄၀၀ ကျပ်ကြန်ကျသွားတာတွေ့ရပါတယ်။

အရင်တစ်ပတ်ကထက်စျေးကျသွားတာမှန်ပေမယ့် စျေးတန်းကတော့ အမြင့်စျေးတန်းမှာပဲရှိနေတာ ဖြစ်တယ်လို့ကုန်စည်ဒိုင်တွေကသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *