တစ်ပတ်စာဈေးကွက်သုံးသပ်ချက်(၁၅.၉.၂၀၂၃)မှ ( ၂၂.၉.၂၀၂၃)

ခုတစ်ပတ်မှာ ဆန်က စျေးငြိမ်နေပြီး စပါးစျေးကွက်က  လှုပ်ခတ်ပြီးဂယက်ထ နေပါတယ်၊ ၊ကုလားပဲ၊ မတ်ပဲနဲ့ပဲစဥ်းငုံနီကတော့ ခုတစ်ပတ်မှာ  စျေးနူန်းပြန်လည် မြင့်တက်လာပါတယ်။

ဆန်စျေးကွက်


ဆန်စျေးမြင့်တက်တာကိုထိန်းဖို့ ဆိုပြီး ပြည်ပဆန်တင်ပို့တာတွေရပ်ထားသလို၊ ဆန်ကိုနယ်ကျော် သယ်ယူတဲ့အခါခွင့်ပြုချက်တောင်းခံရတာ၊တောင်သူတွေဆီကတိုက်ရိုက်ဆန်မဝယ်ပဲကုန်စည်ဒိုင်ကနေသာ ဝယ်ယူဖို့အပါအဝင် စတဲ့တင်းကျပ်မှုတွေလုပ်နေပေမယ့်လည်း ဆန်စျေးက ကျမသွားပဲ အမြင့်စျေး တန်းမှာပဲငြိမ်နေပါတယ်။

ရန်ကုန်ဝါးတန်းဈေးကွက်မှာ ကျားပျံရှယ်၊ ဖျာပုံ၊‌ဒေးဒရဲ၊မြောင်းမြပေါ် ဆန်း၊ပေါ်ဆန်းနယ်စုံ က  တစ်အိတ် ကို ၁၀၀၀၀၀ ကျပ် စျေးပေါက်ပြီး ပြင်ပစျေးကွက်မှာတော့ တစ်အိတ် ကို ၁၂၀၀၀၀ မှ ၁၃၅၀၀၀ ကြားရှိနေပါတယ်။

အလားတူရွှေဘိုပေါ်ဆန်း က ရန်ကုန်ဝါးတန်းစျေးကွက်မှာ တစ်အိတ်ကို ၁၂၅၀၀၀ ကျပ်စျေးပေါက်ပြီး ပြင်ပစျေးကွက်မှာ တစ်အိတ်ကို ၁၅၀၀၀၀ မှ ၁၆၀၀၀၀ ရှိနေပါတယ်။

စပါးစျေးကွက်


မိုးစပါးသစ်ကို   ရည်ညွှန်းစျေး သတ်မှတ်လိုက်တာကြောင့် စျေးကွက်ကမောက် ကမဖြစ်မှာကို တောင်သူတွေကိုစိုးရိမ်နေကြပါတယ်။ ရည်ညွှန်းစျေးက ပြင်ပစပါးပေါက်စျေးထက်နည်းနေတာကြောင့် ဖြစ်ပါတယ်။

 ဆန်စပါးအသင်းချုပ်ကထုတ်ပြန်တဲ့ ရည်ညွှန်းဈေးက ငစိန် နဲ့ ဧည့်မထစပါးကို ၁၃ သိန်းမှ ၁၅ သိန်း၊ ဧရာမင်း ဧရာပဒေသာ နဲ့ ဧရာဝတီပေယ်ဆန်းက ၁၆ သိန်းမှ ၁၈ သိန်း၊ရွှေဘိုပေါ်ဆန်းကတော့ ၁၈ သိန်းမှ သိန်း၂၀ကျပ်ဖြစ်ပါတယ်။

ပြင်ပစျေးကွက်ပေါက်စျေးက ရွှေဘို ၊ဧရာမင်း၊ဧရာပဒေသာ၊ဧရာဝတီပေါ်ဆန်းက  စပါးတင်း ၁၀၀ကို အနိမ့်ဆုံးဈေး သိန်း ၂၀ မှ အမြင့်ဆုံးဈေး ၂၅ သိန်းဝန်းကျင်ထိ ပေါက်ဈေးရှိပြီး ငစိန်အပါ ဆန်ကြမ်းအုပ်စုဝင် စပါးတွေကတော့ တင်း ၁၀၀ ကို ၁၆ သိန်း မှ သိန်း ၂၀ ကြား ရှိတယ်လို့ သိရပါတယ် ။လက်ရှိမှာမိုးစပါးတွေစတင်ရိတ်သိမ်းနေပြီဖြစ်ပါတယ်။

မတ်ပဲ

အရင်တပတ်က စျေးကျခဲ့တဲ့မတ်ပဲကလည်း ခုတစ်ပတ်မှာ စျေးပြန်လည်မြင့်တက်လာပါတယ်။

အိန္ဒိယဘက်မှာ မတ်ပဲအသစ်တွေစတင်ပေါ်နေပေမယ့်လည်း စားနပ်ရိက္ခာလုံလောက်မှုမရှိတာ၊ မြန်မာ ပြည်တွင်းမတ်ပဲအဟောင်းလက်ကျန်နည်းတာကြောင့် စျေးကပြန်တက်လာတာဖြစ်တယ်လို့ ကုန်သည် တွေဆီကသိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၂၆၃၄၀၀၀ ပေါက်ဈေးရှိနေပြီး အရင်တစ်ပတ်နဲ့ ယှဉ်ရင်  တစ်တန်ကို ၁၄၄၀၀၀  စျေးပြန်တက်လာပါ တယ်။  မတ်ပဲ (RAW) ကလည်း တစ်ပိဿာကို ၄၂၇၅ မှ ၄၃၂၅ ကျပ်စျေးရှိပြီး   ၂၀၀ ကျော်  စျေးပြန်တက်လာ ပါတယ်။

နယ်တွေမှာလည်း  မတ်ပဲ ပိဿာ ၂၀ ကို   ၅၂၀၀  ကျပ်စျေးပေါက်နေပြီး အရင်တပတ်ကထက် ၅၀၀၀ ကျော်  စျေး ပြန်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း  မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၄၀၀၀၀ မှ ၂၄၅၀၀၀ ကျပ်စျေးရှိလို့ အရင်တစ်ပတ် ကထက် ၅၀၀၀ စျေးပြန်တက်လာပါတယ်။

ပဲစဥ်းငုံနီ

အရင်တပတ်ကစျေးကျခဲ့တဲ့ပဲစဥ်းငုံနီကခုတပတ်မှာ  စျေးပြန်မြင့်တက်လာပေမယ့်အရောင်းအဝယ်အေးနေတယ်လို့ကုန်စည်ဒိုင်တွေကပါတယ်။တစ်တန်ကို သိန်း ၄၀အောက် ထိ ရောက်ရှိသွားခဲ့ပြီး တစ်ပတ်အတွင်း ပြန် လည် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ဈေးကွက်မှာ  ပဲစဥ်းငုံနီ တစ်တန်ကို ငွေကျပ်သိန်း ၄၀၅၀၀၀၀ စျေးရှိပြီး အရင်တစ်ပတ် ထက် ၅၀၀၀၀ ကျပ်ပြန်တက်လာပါတယ်။

မန္တလေးစျေးကွက်မှာတော့  ပဲစဥ်းငုံနီ ကိုစျေးဖွင့်ထားခြင်းမရှိပါဘူး။ပဲစဥ်းငုံနီ ကိုတော့   အိန္ဒိယကို အဓိကတင်ပို့နေရတာဖြစ်ပါတယ်။

ကုလားပဲ

အရင်တပတ်က စျေးကျသွားခဲ့တဲ့ ကုလားပဲက ခုတစ်ပတ်မှာ ရန်ကုန်စျေးကွက်မှာ စျေးအနည်းငယ်ပြန်တက်လာပေမယ့် မန္တလေးစျေးကွက်မှာတော့ စျေးထပ်ကျသွားတာတွေရပါတယ်။ ကုလားပဲက ပြည်တွင်းစားသုံးမှုအဓိကဖြစ်ပြီး လက်ကျန်နည်းနေတယ်လို့ မန္တလေးစျေးကွက် ကသိရပါ တယ်။

ရန်ကုန်စျေးကွက်မှာ  ကုလားပဲဖြူလုံးက ၄၅၀၀ ကနေ ၄၅၈၀ ကျပ်၊ ကုလားပဲဖြူလုံးကြီးက ၄၆၃၀ ကျပ်ကနေ ၄၇၂၀ ကျပ်စျေးပေါက်ပြီး အရင်တပတ်ကထက် ၅၅ ကျပ်ပြန်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့  ကုလားပဲ ၉၂၉  တစ်အိတ်ကို ၂၅၇၀၀၀ မှ ၂၅၈၀၀၀ ကျပ်စျေးရှိပြီး ၉၀၀၀ကျပ်ပြန်ကျ၊   ကုလားပဲ(V2)က ၂၆၇၀၀၀ ကျပ်စျေးရှိပြီး ၁၀၀၀ကျပ်ပြန်ကျသွား သလို  ကုလား ပဲ V7 က တော့ စျေးဖွင့်ထားတာမတွေ့ရပါဘူး။


ပဲတီစိမ်း

ပဲတီစိမ်းကတော့  ဒီတစ်ပတ်ရန်ကုန်စျေးကွက်မှာ ပြန်တက်လာပြီး   မန္တလေးစျေးကွက်မှာ အနည်း ငယ်ပြန်ကျသွားပါတယ်။တရုတ်ဘက် မှ အဝယ်ရှိနေသည့် အတွက် ဈေးပြန်မြင့်တက် လာသည်ဟု ကုန်သည်များက ပြောသည်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၆၃၀  ကျပ်ရှိပြီး ၅၀ ကျပ်တက်လာ၊   ပဲတီစိမ်း(ပဲခူးရွှေဝါ)က ၃၄၆၅  စျေးပေါက်လို့ ၁၃၅ ကျပ်တက်လာပြီး ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၇၁၅ မှ ၃၂၅၀ ကျပ်စျေးရှိပြီး အရင်တပတ်ကထက် ၈၀ ကျပ်တက်လာ ပါတယ်။

မန္တလေးဈေးကွက်မှာပဲတီစိမ်း(အညာ)ပိဿာ ၅၆.၂၅  တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၇၅၀၀၀ စျေးပေါက်ပြီး   အရင်တစ်ပတ်ကထက် ၂၀၀၀ ကျပ် ကျသွား ပါတယ်။

ပဲလွန်း

ပဲလွန်းအမျိုးအစားတွေ ကတော့ အရင်တစ်ပတ်ကထက် စျေးပြန်တက်လာတာတွေ့ရပါတယ်။ပြည်ပ ဝယ်လက်ရှိနေတဲ့အတွက် အရောင်းအဝယ်သွက်နေတာ ဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်စျေးကွက်မှာ ပဲလွန်းဖြူပဲခူးက ၂၈၀၀ မှ ၂၈၈၅  ကျပ်စျေးပေါက်ပြီး ၅၀ ကျပ်မြင့်တက်လာ၊  ပဲလွန်းဖြူ မြစ်ဝကျွန်းပေါ်က ၂၅၈၀ မှ ၂၇၅၀ စျေးရှိပြီး ၂၀၀ ကျပ် တက်လာပါတယ်။ ပဲလွန်းနီမြစ်ဝကျွန်းပေါ်ကတော့ ၃၁၆၅ မှ ၃၆၅၀   ကျပ်စျေးပေါက်ပြီး ၁၅၀ မြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာက တစ်အိတ်ကို ၁၉၀၀၀၀ ရှိပြီး အမြင့်ဈေး နဲ့ ငြိမ်နေပါတယ်။၊

ပြောင်း

ပြောင်‌းဈေးကတော့ ဆက်ပြီး ကျဆင်းနေပါတယ်။လက်ရှိမှာ ငွေကြေးဈေး တည်ငြိမ်မှု မရှိသေးတဲ့အပြင် ပြည်ပ တင်ပို့မှု အတွက်လည်း အဝယ်နည်းနေသေးတယ်လို့ ဆိုပါတယ်။လှောင် သမား တွေ သာ အဝယ်ရှိနေသေးတာ ဖြစ်လို့ အစိုဓာတ်ပေါ်မူတည်ပြီး ဈေးလျော့နည်းနေတာလို့ ပြောင်း ကုန်သည်အချို့ကဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံက တစ်ပိဿာကို ၁၁၅၀ မှ ၁၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးကျဆင်းသွားပါတယ်၊

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်း တစ်အိတ်ကို ၅၆၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ် ကို ၁၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

မြေပဲ


မန္တလေးဈေးကွက်မှာတော့ မြေပဲလုံးဆံနီက တစ်ပိဿာကို ၇၅၀၀ မှ ၇၉၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အောင်လံဈေးကွက်မှာတော့ မြေပဲလုံးဆံနီ ကဈေးမဖွင့်ပဲ  မြေပဲလုံးဆံဖြူကတော့ တစ်ပိဿာကို ၆၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ဈေးက ကျဆင်းနေပါတယ်။ ဈေးကွက်ထဲ အဝင်များနေတဲ့အတွက်ဈေးတွေ ကျဆင်းသွားတာ ဖြစ်ပါတယ်။နေ့စဉ် ဈေးကွက်ထဲကိုကြက်သွန်ကား အစီးရေ ၂၀ ကျော် ပိဿာချိန် ၁ သိန်း၂ ကျော် အဝင်ရှိနေပြီး ပြီးခဲ့တဲ့ အပတ်ထက် ပိဿာချိန် ၅ သောင်းကျော် များလာပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ၊မုံရွာ)က တစ်ပိဿာကို ၂၆၀၀ မှ ၃၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ပါက ၁၀၀ ကျပ်ဈေးကျဆင်းသွားသည်။

ကြက်သွန်ဖြူ

ကှကသြှနဖြှူ(ကှူကုတြ)ကတော့ ဈေး အကွ နဲ့ တန့သြှားပမယေ့ြ ရှမြးကတော့ ရနကြုနဈြေးကှကြ အတှငြး မှာ ဈေးကဆွငြးသှားခဲ့ပါတယြ။ ဈေးမှင့နြတေဲ့အတှကြ ဝယလြိုအားလွော့သှားတယလြို့ ကုနစြညဒြိုငတြှကေ ပှောပါတယြ။ နယြ‌‌ဈေးကှကတြှမှောတော့ မကဘွူးလို့ သိရပါတယြ။

ရန်ကုန်စျေးကွက်မှာ ကြူကုတ်ရှယ် တစ်ပိဿာကို ၇၄၀၀ မှ ၇၅၀၀ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။ရှမ်းပြည်နယ်ကထွက်တဲ့ အောင်ပန်းထူး ၂ က ၇၃၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၈၀၀၀ ကျပ်၊ အောင်ပန်ထူး ၄ က ၈၂၀၀ ကျပ်နဲ့ အောင်ပန်းထူး ၅ က ၈၆၀၀ ကျပ်စျေးပေါက်လို့ အရင်တစ်ပတ်နဲ့ယှဥ်ရင် ၂၀၀ ကျပ် ကျသွားပါတယ်။

ထန်းလျက်

ထန်းလျက်ဈေးကတော့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဆက်တိုက်ဈေးမြင့်တက်နေပေမယ့် နယ်သွင်းဒိုင်တွေမှာတော့ ဈေးကျဆင်းနေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အဝင်နည်းနေတဲ့အတွက် ဈေးမြင့်တက်နေတယ်လို့ ဆိုပေမယ့် ရန်ကုန်ဘက် မှ ဝယ်ယူမှု နည်းလို့ ဈေးကွက်ထဲ ဈေးကောင်းမရဘူးလို့ ထန်းလျက်ထွက်ရာ ဒေသမှ တောင်သူတွေက ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ထန်းလျက်(တောင်သာ၊ရေစကြို၊ညောင်ဦးဆေးရှယ်)တို့က တစ်ပိဿာကို ၃၈၀၀ မှ ၅၂၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်ကထက် တစ်ပိဿာကို ၅၅၀ ကျပ်‌ဈေးမြင့်တက်လာပါတယ်။

သကြား

သကြားဈေးကတော့ ပြန်ကျဆင်းနေခဲ့ပါတယ်။ကမ္ဘာ့သကြားဈေးကွက်မှာ တော့ သကြားဈေး မကျဆင်းပေမယ့် ပြည်တွင်းမှာတော့ လက်ကျန်နည်း အရောင်းအေး လို့ အနည်းငယ်ကျဆင်းသွားတာ လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ သကြား တစ်ပိဿာကို ၃၅၈၀ မှ ၃၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်‌ဈေး ကျဆင်းသွားပါတယ်။

နှမ်းမျိုးစုံ

အရင်တပတ်ကစျေးပြန်တက်လာတဲ့ နှမ်းမျိုးစုံက ခုတစ်ပတ်မှာတော့   စျေးပြန် ကျသွားတာတွေ့ရပါတယ်။ မန္တလေးစျေးကွက်ကို မိုးနှမ်းအသစ်တွေဝင်နေသလို တရုတ်ဘက်ကလည်း အဝယ်အေးနေတာကြောင့် စျေးကျနေတာဖြစ်တယ်လို့သိရပါတယ်။

မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို ၃၄၅၀၀၀ မှ ၃၇၅၀၀၀  ကျပ်စျေးရှိပြီး အရင်တစ်ပတ် ကထက် ၂၀၀၀၀ ကျပ်ပြန်ကျသွားပြီး နှမ်းဖြူဂျပန်ကလည်း  ၃၅၀၀၀၀ မှ ၃၈၀၀၀၀   ကျပ်ဖြစ်သွားလို့  ၃၀၀၀၀ကျပ်ပြန်ကျသွားပါတယ်။
နှမ်းနက် စမုံကလည်း ၃၄၅၀၀၀ စျေးပေါက်ပြီး ၅၀၀၀ကျပ်  စျေးထပ်ကျသွားပြီး နှမ်းညိုကတော့ စျေးဖွင့်ထား ခြင်းမရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *