ချေးငွေမရရှိသေးသည့်  ဆီစက် လုပ်ငန်းရှင်များကို  ချေးငွေထုတ်ချေးပေးသွားမည်

စက်တင်ဘာ ၂၅ ၊ရန်ကုန်

ယခုအချိန်ထိ ချေးငွေမရရှိသေးသည့်  ဆီစက် လုပ်ငန်းရှင်များကို  ချေးငွေထုတ်ချေးပေးသွားမည်ဖြစ်သဖြင့် ချေးငွေရယူလိုသည့် ဆီစက် လုပ်ငန်းရှင်များ လျှောက်ထားနိုင်ကြောင်း သိရသည်။

ဆီစက်လုပ်ငန်းရှင်များကို ငွေထုတ်ချေးမှုအနေဖြင့် လုပ်ငန်းသုံးရင်းနှီးငွေ  Working Capital အတွက် အနည်းဆုံး ကျပ်သန်း(၁၀)၊မတည်ရင်းနှီးငွေ  Fixed Capital အတွက် အနည်းဆုံး ကျပ်သန်း(၂၀) အများဆုံး ကျပ်သန်း(၃၀၀)အထိ ဖြစ်ကြောင်း သိရသည် ။

လုပ်ငန်းသုံးရင်းနှီးငွေ (Working Capital) အတွက် ချေးယူပါက ငွေပြန်ဆပ်ရမည့်ကာလမှာ  အများဆုံး (၁) နှစ်ဖြစ်ပြီး မတည်ရင်းနှီးငွေ (Fixed Capital) အတွက် အနည်းဆုံး (၅၀%) အသုံး ပြုရန်ချေးငွေရ ယူပါက ပြန်ဆပ်ရမည့်ကာလမှာ  အများဆုံး (၃) နှစ်အထိ ဖြစ်ကြောင်းသိရသည်။

” မတည်ရင်းနှီးငွေ ချေးမယ်ဆိုရင်  ဆီစက်အဆင့်မြှင့်တင်တာ၊ အဆင့် မှီစက်ပစ္စည်းတိုးချဲ့တပ်ဆင်တာ၊ ဆီစက်အသစ်တည် ဆောက်တာတွေရမယ်၊ အတိုးကတော့ တစ်နှစ် ၅ ရာခိုင်နူန်း ၊ ၃ လတစ်ကြိမ်အတိုးပေးရမယ်။အပေါင်သဘော သူတို့ကိုပေးရမယ့် စာရွက်စာတမ်းတွေကလည်းများတယ်။အဆောက်အဦးဆိုလည်း ကန့်သတ်ချက်ရှိတယ်၊သူတို့ကတော့ အသေးစား၊အလတ် စား၊အကြီးစား အကုန်လုံးချေးငွေလျှောက်နိုင်တယ်ဆိုပေမယ့် အသေးစား ကတော့ ရမယ်မထင်ပါဘူး ၊အလတ်စားလုပ်ငန်းနဲ့အကြီးစားလုပ်ငန်းတွေလောက်ပဲရနိုင်မယ် ” ဟု ဆီစက်လုပ်ငန်းရှင်တစ်ဦးမှပြောသည်။

ချေးငွေ ရရှိပါက အတိုးနူန်းနှင့် ငွေအရင်း ကို သတ်မှတ်ကာလအတွင်းပေးသွင်းရန်လိုအပ်ကြောင်း၊အကယ်၍ငွေအရင်းကိုပေးဆပ်ရန် သတ်မှတ်ထားသည့်ရက်ကျော်လွန်ပါက ရက်ကျော်  ကာလများ အတွက် (၁) နှစ်လျှင် အတိုးနှုန်း(၁) ရာခိုင်နှုန်း၊ အတိုးပေးဆပ်ရန်ပျက်ကွက်ပါက ပျက်ကွက်အတိုးအပေါ် စာရင်းပို ထုတ်ချေးငွေအတိုးနှုန်းဖြင့် ပျက်ကွက်ကြေး ပေးဆောင်ရမည်ဟုသိရသည်။

ဆီစက်ချေးငွေရယူလိုသည့်လုပ်ငန်းရှင်များအနေဖြင့် အာမခံထားရှိရမည့် မြေနှင့် အဆောက်အဦးအမျိုးအစားမှာ  ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ လန(၃၉) မြေ၊ (၃)(ခ)မြေ၊ လယ(၃၀) (က) (ခ)မြေ၊ ပုံစံ(၇) ဖြစ်ရန်လိုအပ်သလို  အဆောက်အဦအမျိုးအစားက ကွန်ကရစ် တိုက်(RC) ၊ အုတ် ညှပ်အဆောက်အဦး၊ တိုက်ခံအိမ်၊ အုတ်ပတ်ကားတိုက် အဆောက်အဦ၊ Steel Structure ဖြစ်ရန်လိုအပ်ကြောင်းသိရသည်။

ချေးငွေလျှောက်ထားခြင်းကို လာမည့် အောက်တိုဘာလ ၂၃ ရက်တေ့နောက်ဆုံးသတ်မှတ်ထားသည့်အတွက် ချေးငွေရယူလိုသူများအနေဖြင့်  ဆီစက်ချေးငွေအဆိုပြုလွှာပုံစံကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ဝက်ဘ်ဆိုက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ရယူပြီး လိုအပ်သည့် စာရွက်စာတမ်းများနှင့်အတူ သတ်မှတ်ရက်အတွင်း လျှောက်ထားနိုင်ကြောင်းသိရသည်။

ပြည်တွင်းတွင် တရားဝင်မှတ်ပုံတင်ထားပြီး လုပ်ငန်လုပ်ကိုင်နေသည့် ဆီစက် ၃၀၀၀ ကျော်ရှိပြီး တပိုင်တနိုင်လုပ်ကိုင်နေသည့် ဆီစက်လုပ်ငန်းက ၁၀၀၀ ကျော်ရှိကြောင်းသိရသည်။

လက်ရှိတွင် ဆီစက်လုပ်ငန်းရှင်(၁၉)ဦးကို လုပ်ငန်းလုပ်ကိုင်ရန်အတွက် ချေးငွေ  ကျပ်(၁၄၉၈)သန်းထုတ်ချေးထားကြောင်းသိရသည်။

မှနမြာနိုငငြံတှငြ ပှညပြမှစားသုံးဆီတငသြှငြးမှု လွော့ကစွရေေးနှင့ြ ပှညတြှငြးစားသုံးဆီ ဖူလုံရေး အကောငအြထညဖြောဆြောငရြှကနြိုငရြနြ အရညအြသှေးကောငြး စားသုံးဆီမွား ထုတလြုပြ နိုငရြနအြတှကြ ပှညတြှငြးဆီစကမြွားကို အဆင့မြီစကြ ပဈစညြးမွား တိုးခွဲ့တပဆြငခြှငြး၊ ခတြမေီဆီ စကအြသဈမွား ထပမြံတညဆြောကခြှငြးနှင့ြ လကရြှိဆီစကမြွား အဆင့မြှှင့တြငခြှငြးတို့ကို ဆောငြ ရှကရြနြ ဆေီစကလြုပငြနြးမွားကို ခွေးငှထေုတပြေးနခှငြေးဖှဈပှီး  နိုငငြံ့စီးပှားမှှင့တြငရြေးရနပြုံငှမှေ ကပွြ(၅၀)ဘီလီယံ ခှင့ပြှုပေးထားကှောငြးသိရသညြ။

ညိုပြာဝိုင်(AMIA)

..(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *