ဓါတ်မြေသြဇာကို အကျိုးသက်ရောက်မှု အကောင်းဆုံးဖြစ်အောင် အသုံးပြုရေး

စပါးစိုက်ပျိုး ရာတွင် ဓါတ်မြေသြဇာကို အကျိုးသက်ရောက်မှု အကောင်းဆုံးဖြစ်အောင် အသုံးပြုရန် အရေးကြီးပါသည်။

ဤသို့ အသုံးပြုတတ်စေရန် လယ်သမား များကို နည်းပညာ ဗဟုသုတ စဉ်ဆက်မပြတ်ဖြန့်ဖြူး အသိပညာ ပေးရန် လိုမည်ဖြစ် ပါသည်။

အများစုသည် ဓါတ်မြေသြဇာကို အလွန်အကျွန် အသုံးပြုခြင်း (သို့မဟုတ်) အသုံးပြုမှု နည်းလွန်းခြင်း (သို့မဟုတ်) လုံးဝ အသုံးမပြုခြင်း (သို့မဟုတ်) အချိန်အခါမဟုတ် (at a wrong time) အသုံးပြုခြင်း တို့ကို ဆောင် ရွက်လျက် ရှိကြောင်း လေ့လာ စီစစ်မှတ်တမ်းများ အရ သိရပါသည်။

 နိုင်ထရိုဂျင် ဓါတ်မြေသြဇာ အသုံးပြုမှု ပိုမိုခြင်းသည် ပိုးမွှား နှင့်ရောဂါကျရောက်မှု တိုးလာခြင်း၊ ပတ်ဝန်းကျင် ကို ထိခိုက် ပျက်စီးစေခြင်းနှင့် အကျိုးအမြတ် ဝင်ငွေနည်းခြင်း ၊စီးပွါးရေး တွက်ခြေမကိုက်ခြင်း တို့ကို ဖြစ်စေကြောင်း  ကြုံတွေ့ရလျက် ရှိပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *