ဦးစားပေးသင့်သည့် စပါး စိုက်ရေမြေ သဘာဝ (Rice Ecosystem, priority to be given)

မည်သည့် စပါးစိုက်ရေမြေ သဘာဝ (Rice Ecosystem) အတွက် ဦးစားပေးဆောင်ရွက် သင့်သည်ကို မြန်မာ နိုင်ငံ၏ စပါးစိုက်ပျိုးမှု အခြေအနေ အရ ရွေးချယ်လျှင် မိုးရေသောက် လယ်စပါး စိုက်ရေမြေသဘာဝ (Rainfed Lowland Rice Ecosystem) ကို သာ ဦးစားပေး ရွေးချယ် သင့်ပါသည်။

ဆည်ရေသောက် စပါးစိုက်ရေမြေ သဘာဝ (Irrigated Lowland Rice Ecosystem) ၌ စပါးစိုက်ပျိုးရာတွင်

သွင်းရေရရှိခြင်း (Irrigation)

အထွက်ကောင်းမျိုး (HYV)

အထူး အထွက်တိုးမျိုး (Hybrids) စသည့်ခေတ်သစ် စပါးမျိုးများ အသုံးပြုခြင်း (Modern Varieties) နှင့်ဓါတ်မြေသြဇာ အသုံးပြုခြင်း (Fertilizers) တို့ဖြင့် စပါးသီးနှံ စိုက်ပျိုးု ထုတ်လုပ်မှု တိုးတက်စေနိုင်ပါသည်။

အစစအရာရာ အားသာသော အခြေအနေ (Favourable Ecosystem)ဖြစ်၍ဆောင်ရွက်ရန် လွယ်ကူပါသည်။ သို့သော်  မိုးရေသောက် လယ်စပါး စိုက်ရေမြေ သဘာဝ (Rainfed Lowland Rice Ecosystem) တွင်မူ စိန်ခေါ်မှု များစွာ ရှိနေသည်။ မိုးခေါင်ခြင်း (drought) ၊ရေကြီးရေလွှမ်းခြင်း (flood) ၊ပိုးမွှားရောဂါ (Pests) ၊ပေါင်းမြက် (weeds) နှင့်မြေဆီ လွှာပြဿနာ (Soil Problems) များ ရှိနေပါသည်။

စပါးစိုက်ပျိုး သည့်မြန်မာ့ရေမြေ သဘာဝသည် အမျိုးမျိုး ကွဲပြားခြား နားနေပါသည်။ မိုးရွာသွန်းမှု မမှန်မှုများ ကြုံတွေ့ ရသည်။ မမျှော်မှန်းနိုင်သည့် အခြေအနေ များလည်း ဖြစ်လေ့ ရှိသည်။ တစ်နှစ် စပါးအထွက်ကောင်းသော် လည်း  နောက်နှစ်တွင် မိုးခေါင်ခြင်း (သို့မဟုတ် )ရေလွှမ်းခြင်း တို့ကြောင့် စပါးအထွက် ဆုံးရှုံးသည်များလည်း ရှိပါ သည်။

ထို့ပြင် မိုးရေသောက် လယ်စပါးစိုက်ရေမြေ သဘာဝ (Rainfed Lowland Rice Ecosystem) တွင် စပါးစိုက်ပျိုးသည့် လယ်သမားအများစုမှာ ဆင်းရဲကြသည်။

ငွေကြေး အရင်းအနှီးကို မစွန့်စားဝံ့သော အခြေအနေဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် မိုးရာသီ၌ ဆည်ရေ၊ သွင်းရေနည်းလမ်း အသွယ်သွယ်ဖြင့် စပါးစိုက်ပျိုးမှုမှာ ၁၅% ပင်မပြည့်ချေ။ မိုးရေသောက် စိုက်ပျိုးမှုမှာ ၈၅%ကျော်သည်။ မိုးရေသောက် စိုက်ပျိုးမှုတွင်ရေတေ် မိုးတော် စိုက်ဧရိယာမှာ အများစုဖြစ်သော်လည်း သဲဆန် ကုန်းကြော၊ ယာ ၊တောင်ယာ ၊ရေကြီးကွင်းရေနက်ကွင်း၊ ပင်လယ်ရေငန်ဝင် စသည် အစစအရာရာ အားနည်းသော အခြေအနေ (Unfavorable Ecosystem) များ ပါဝင်နေ ပါသည်။

သို့ဖြစ်၍ အထွက်အများဆုံး (Maximum Yield) ကို မမျှော်မှန်း နိုင်သော်လည်း  တစ်နှစ်ပြီး တစ်နှစ် ယုံကြည် အားထားရသော အထွက် (Reliable Yield) ရရှိရေးနှင့် နှစ်စဉ် တည်ငြိမ်သော အထွက် (Sustainable Yield) ရရှိရေး အတွက် မိုးရေသောက် လယ်စပါး စိုက်ရေမြေသဘာဝ (Rainfed Lowland Rice Ecosystem) သုတေသနနှင့် နည်း ပညာ ဖွံ့ဖြိုးရေးကို ဦးစားပေ‌ေဆာင်ရွက်ရခြင်းဖြစ်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *