ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အခြေခံရည်ညွှန်းစပါးဈေးနှုန်း   ၇ သိန်းခွဲ သတ်မှတ်၊ စျေးကွက်ပေါက်စျေးကမြင့်နေရင် ပေါက်စျေးအတိုင်းဝယ်ယူရမည်

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို  တင်း ၁၀၀ လျှင် ငွေကျပ်  ၇၅၀၀၀၀ ( ၇ သိန်းခွဲ) အဖြစ်သတ်မှတ်ကြောင်း ယနေ့အောက်တိုဘာလ ၁၀ ရက်နေ့တွင် အသိပေးထုတ်ပြန်လိုက်ပြန်သည်။

စပါးမှာ အစိုဓာတ် (၁၄)% ရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေး ဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ၄၆ ပေါင် ဖြင့်  စပါးတင်း (၁၀၀)ကို အခြေခံရည်ညွှန်းစပါးဈေးနှုန်း ၇၅၀၀၀၀ကျပ် သတ်မှတ် လိုက်ခြင်းဖြစ်သည်။

သို့သော် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်း အောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည် ဖြစ်ကြောင်းလည်း တစ်ပါတည်းပြောဆိုထားသည်။

အဆိုပါ အခှခေံ စပါးရညညြှှနြးစွေးသတမြှတသြည့အြပေါမွှနမွာနွိုငငွံဆနစွပါးအသငြးခွုပြ MRF ဥကျကဋျဌ ဦးရဲမငြးအောငြ က”ဒါက အခှခေံရညညြှှနြးစွေး ပါ၊ကှမြးခငြးစွေး ပါ။ floor price လို့ ခေါပြါတယြ၊ကွှနတြောတြို့ ထုတတြာက ရောငြးဝယရြနစြွေး Market Price ဖှဈပါတယြ ” ဟု ပှောဆိုသညြ။

  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ်ထုတ်ပြန်ထားသည့် ရောင်းဝယ်ရမည့် မိုးစပါးစျေးမှာ ဆန်ကြမ်း အုပ်စုဝင်အနိမ့်ဆုံး စပါးကို ၁၃ သိန်းကနေ ၁၅ သိန်းကြားဝယ်ယူရန်၊ဧရာမင်း ဧရာပဒေသာ ဧရာဝတီပေါ်ဆန်းကို ၁၆ သိန်းကနေ ၁၈ သိန်းအထိဝယ်ရန် နှင့် ရွှေဘိုပေါ်ဆန်းကိုတော့ ၁၈ သိန်းကနေ သိန်း ၂၀ ထိ ဖြစ်သည်။

လက်ရှိတွင် မိုးစပါးပေါက်စျေးသည် တင်း ၁၀၀ ကို ၁၃ သိန်းမှ ၁၅ သိန်းအထိ ဝယ်ယူနေကြကြောင်းသိရသည်။

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီကာလတွင် မြေဩဇာ ၊ပိုးသတ်ဆေး၊စက်မောင်းခ၊ရိတ်ချွေခ၊အလုပ်သမားခ စသည့် အထွေထွေကုန်ကျစရိတ်များ မြင့်တက်လာသည့်အတွက် လယ်တစ်ဧကကို ၆ သိန်းမှ ၇ သိန်းဝန်းကျင်အထိကုန်ကျမှုရှိကြောင်းသိရသည်။

ထို့ကြောင့် စပါးစျေးအနေဖြင့် အနိမ့်ဆုံး ပေါင် ၅၀ တင်း၁၀၀ ကို ၁၅ သိန်းကျပ်ရမှသာအဆင်ပြေကြောင်းသိရသည်။

” ၁၅ သိန်းရမှ တောင်သူတွေအကျိုးအမြတ်ရှိမယ်လို့ ဒီလောက်တောင် ဝိုင်းအော်နေကြတာတောင် ဒီ၇သိန်းခွဲဆိုပြီးထပ်ထုတ်တာ စဥ်းစားလို့တောင်မရဘူး၊ဒါပေမဲ့စာထဲဖတ်ကြည့်တော့ ဒါကအောက်ဆုံးစျေးဖြစ်ပြီး တကယ်လို့စျေးကွက်က ၁၆ သိန်းဖြစ်နေရင် အဲ့စျေးနဲ့ပဲဝယ်ရမယ်လို့လည်းတွေ့ရတယ်၊အရင်နှစ်ကလည်း ၁၁၅၀၀၀၀ အထိအရောင်းအဝယ်ဖြစ်ခဲ့တာပါ ” ဟု ပဲခူးအနာက်ပိုင်းမှ တောင်သူ ကိုမင်းဇော်က ပြောသည်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့အနေဖြင့်မူ စပါးကို အခြေခံ ရည်ညွှန်းစျေး သတ်မှတ်ခြင်းသည်   တောင်သူ လယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်စေရန်   အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ သတ်မှတ်ခြင်းဖြစ်ဟု ဆိုထားသည်။

ယခုသတ်မှတ်သော အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၃ ခုနှစ် မိုးစပါးနှင့် ၂၀၂၄ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ဟုသိရသည်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့သည် ၂၀၂၂ ခုနှစ်တွင်လည်း အခြေခံစပါးရည်ညွှန်းစျေးအဖြစ် ၆၃၀၀၀၀ သတ်မှတ်ခဲ့သော်လည်း စျေးကွက်ပေါက်စျေက ၁၁၅၀၀၀၀ ရှိခဲ့ကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *