ပဲခူးမြစ်ရေတက်မှု စပါးစိုက်ဧက ၁ သိန်းဝန်းကျင် ရေနစ်ပျက်စီးမှုရှိ

ပဲခူး မြစ်ရေကြီးမှုဖြစ်စဥ်ကြောင့် စပါးစိုက်ဧက ၁ သိန်းဝန်းကျင် ရေနစ်မြှုပ်ှုက်စီးမှုရှိခဲ့ကြောင်း   မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (ဒေသကော်မတီ-၁) ပဲခူးခရိုင်အဖွဲ့မှ သိရသည်။

စပါးစိုက်ခင်းများရေနစ်မြှုပ် ပျက်စီးခဲ့သည်မှာ  ပဲခူးမှ စပါးခင်းများအပြင် ညောင်လေးပင်၊ ဝေါ၊ဒိုက်ဦး ၊ကျောက်တံခါး၊ ရွှေကျင် ၊ ကဝ၊ သနပ်ပင် မြို့နယ် ၈ ခုတွင် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရသိရသည်။

” ဟုတ်တယ် စပါးစိုက်ဧက ၁ သိန်းဝန်းကျင် လောက် ရေနစ်မြှုပ်ှုက်စီးသွားတယ်ပေါ့၊ ရိတ်ဆဲကာလ မတိုင်မီစပ်ကြားလေးမှာပေါ့၊အကြမ်းဖျင်း သိရတဲ့အခြေအနေပေါ့။ ” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (ဒေသကော်မတီ-၁) ပဲခူးခရိုင် ဥက္ကဌ ဦးအောင်မြင့်မှပြောသည်။

အဆိုပါ စပါးစိုက်ဧက ရေနစ်မြှုပ်ှုရမှုစာရင်းသည် လတ်တလော တောင်သူကြီးများ၏ သုံးသပ်ချက်အရ အကြမ်းဖျင်းသိရှိရခြင်းဖြစ်ကြောင်း အတိအကျကိုတော့ မြို့နယ်ထွေအုပ်ရုံးကသာသိရှိနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကတော့  စပါးခင်း ရေကြီး ရေနစ်မြှုပ်သှုင့် အခက်အခဲရှိပါက ဆက် လက် ဆောင်ရွက်ရမည့်အခြေအနေကို စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ထွေအုပ်ကို အကူအညီတောင်းသင့်ကြောင်း အောက် တိုဘာလ ၁၂ ရက်နေ့ သတင်းစာရှဲင်းလင်းပွဲ တွင်ပြောသည်။

” အကူအညီတောင်းတဲ့နေရာမှာ အကုန်လုံး ကတော့ပေးနိုင်ချင်မှပေးနိုင်မယ်၊ ဒါပေမယ့် ဝိုင်းပြီးတော့စဉ်းစားပေးလို့ရတာပေါ့၊ ဒီပြဿနာကိုဘယ်လိုကျော်ဖြတ်ရင်ကောင်းမလဲ၊ရေကြီးတဲ့နေရာဆိုဘယ်လိုစပါးမျိုးကို စိုက်မလဲလဘယ်လိုပုံစံလုပ်မှာလဲ  စပါးရောစိုက်သင့်လား မစိုက်သင့်ဘူးလား စဉ်းစားရမယ့်အပိုင်းရှိတယ်၊မွေးမြူရေးလုပ်မလားစသဖြင့် စဥ်းစားရမယ့်အပိုင်းရှိတယ်၊ဒါတွေက mrf အနေနဲ့ဝိုင်းပြီးကူပြီးစဉ်းစားပေးလို့ရတယ်တချို့နေရာတွေဆို ဝင်ကူပေးလို့ရနိုင်တာရှိကောင်းရှိနိုင်တယ်ဘယ်ကျေးရွာ ၊ဘယ်ကွင်းမှာဖြစ်နေပါတယ်ဆိုတာကို specific သိဖို့လိုပါ တယ် ” ဟု ပြောသည်။

အလားတူပဲခူးမြို့ပေါ်တွင် ရေကြီးနစ်မြှုပ်ခဲ့မှုကြောင့် မြေဩဇာ ဂိုဒေါင်များ၊ဆန်ပွဲရုံ၊သီးနှံသိုလှောင်ရုံများထဲသို့ ရေများဝင်ရောက်ကာ ပျက်စီး ဆုံးရှုံး မှုများရှိခဲ့ကြောင်းသိရသည်။

” အမတို့ မြေဆီအိတ် ၄၀၀ လောက်ရှိမယ်၊ရေနစ်ကုန်တာပေါ့။ခုကမြေဆီစျေးကလည်းကောင်းတယ်၊ပုလဲအိတ်ကလည်းများတယ်၊စျေးကပုလဲဆို ၈၅၀၀၀ လောက်ရှိတယ်၊၁၅ ပတ်လည်ဆိုရင် ၁ သိန်းကျော်တော့ ခန့်မှန်းရတာတော့ သိန်း ၄၀၀ လောက်ဆုံးရှုံးမှုရှိမယ်ပေါ့။ခု ရေနစ်မြှုပ်ခံရတဲ့ထဲက မြေဆီအိတ်တွေကို ရောင်းမရတဲ့ဟာတွေကို လယ်သမားတွေကို အလကားပေးမယ်ပြောတာတောင် လာယူသူမရှိသေးဘူး။အကုန်လုံးကမြှုပ်တော့ဒုက္ခတွေရောက်တာပေါ့၊ရောင်းလို့ရတဲ့ဟာကို လျှော့စျေးနဲ့ရောင်းထွက်ရင်တော့ အရှုံးနည်းနည်းသက်သာမှာပေါ့ ” ဟု ပဲခူးမြို့က ဇောတိက မြေဩဇာ ဆိုင်ပိုင်ရှင်မှပြောပြသည်။

လက်ရှိတွင် ပဲခူးမြို့ပေါ်တွင် ရေပြန်ကျသွားသော်လည်း စပါးစိုက်ခင်းများတွင်ရေနစ်မြှုပ်မှုများရှိနေသေးကြောင်းသိရသည်။

ပဲခူးတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် အောက်တိုဘာလ ၇ ရက်နေ့ညမှ ၁၀ ရက်နေ့အထိ  ရေကြီးရေလျှံမှုဖြစ်ပြီး ရေနစ်မြှုပ် ပျက်စီးမှုများရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *