မိုးရွာသွန်းမှုလျော့လာပြီး နေသာချိန်ပိုများလာမည်

မြန်မာတစ်နိုင်ငံလုံးတွင် မနက်ဖန် အောက်တိုဘာလ ၁၃ ရက်နေ့မှစပြီး မိုးသိသိသာသာလျော့နည်းသွားပြီး နေပူချိန်ပြန်လည်မြင့်တက်လာနိုင်ကြောင်း လေကြောင်းမိုးလေဝသပညာရှင် ဦးဝေဖြိုးဟန်မှပြောသည်။

နေပူချိန်ကာလ ပြန်လည်ရောက်ရှိမည်ဖြစ်သဖြင့် စပါးရိတ်သိမ်းကြမည့် တောင်သူများအနေဖြင့်  ကြိုတင်ပြင်ဆင်မှုများကို လုပ်ထားနိုင်ပြီဖြစ်ကြောင်းသိရသည်။

” ကြိုတင်ခန့်မှန်းပေးထားခဲ့တဲ့အတိုင်း ရှမ်းတောင်၊ မန္တလေး၊ ပဲခူးအရှေ၊ရှမ်းပြည်တောင်ပိုင်း မိုးအသင့်အတင့်ရွာနိုင်တာကလွဲပြီး နေသာတဲ့နေရာတွေများလာတော့မှာဖြစ်လို့ ရိပ်သိမ်းခြွေလှေ့ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့ပါ၊မြန်မာတစ်ပြည်လုံးမှာမိုးသိသိသာသာ ပြည်လည်လျော့နည်းလာကာ နေ့အပူချိန်များမြင့်တက်လာပြီး အိုက်စပ်စပ်ဖြစ်လာနိုင်ပါတယ် ” ဟု ဦးဝေဖြိုးဟန်မှပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့် ကချင်ပြည်နယ်အောက်ပိုင်းတွင်  နေရာစိပ်စိပ် မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်လောက်သာသွန်းနိုင်ပြီး နေသာချိန်ပိုးများလာနိုင်ကြောင်း ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အသိပေးပြောဆိုထားသည်။

အလားတူ.မိုးလေဝသ ခန့်မှန်းချက်များကို နေ့စဥ်ထုတ်ပြန်အသိပေးနေပြီး တောင်သူများ၏ယုံကြည်မှုကိုရရှိနေသည့် စုစုစံကလည်း မြန်မာနိုင်ငံမှ မုတ်သုန်လေဆုတ်ခွာသွားနိုင်ကြောင်း ပြောဆိုထားသည်။

အနောက်တောင်မုတ်သုန်လေသည် အိန္ဒိယနိုင်ငံအစိတ်အပိုင်းတော်တော်များများမှဆုတ်ခွာလာခဲ့ပြီးဖြစ်သဖြင့် လာမည့် နောက်၃ရက်အတွင်း အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားပင်လယ်အော် ဘင်္ဂလားဒေချ့်နိုင်ငံ၊ မြန်မာနိုင်ငံမှ ၂၀၂၃ မုတ်သုန်လေသည်  အပြီးဆုတ်ခွာသွားနိုင်ကြောင်း ယနေ့တွင်အသိပေးထားခြင်းဖြစ်သည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *