ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ ဈေးများ ကျဆင်းနေ

အောက်တိုဘာ ၁၃

ပြည်ပ ဝယ်လိုအား မရှိခြင်းကြောင့် ပြည်တွင်း ကြက်သွန်နီ ဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး အကျဘက်တွင်ရှိနေကြောင်း ပြည်တွင်းကြက်သွန်နီ  ကုန်သည်များမှ သတင်းရရှိသည်။

ပြည်တွင်းဖြုန်းအားများသည့် ရန်ကုန်မြို့ ဘုရင်နောင့် ကုန်စည်ဈေးကွက်တွင် အောက်တိုဘာလ ၃ ရက်နေ့က ကြက်သွန်နီ တစ်ပိဿာ၏ အမြင့်ဆုံးဈေးသည် ၃၀၀ ကျပ်ဖြစ်ခဲ့သည်။ တစ်ပိဿာ သုံး ထောင်ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး အောက်တို ဘာလ ၉ ရက်နေ့မှစ၍  တစ်ရာကျပ်စီ ဈေးတက် လာခြင်းဖြစ်သည်။

ပဲခူးမြို့ ရေကြီးရာမှ မြန်မာနိုင်ငံအလယ်ပိုင်းက ကြက်သွန်နီကားများ ပိတ်မိခဲ့ပြီး ကြက်သွန်နီ ဈေးများ တစ်ပိဿာ လျှင် ၃၀၀ ကျပ်အထိ ခုန်တက်ခဲ့သည်။ ့ကြောင့် ကြက်သွန်နီ အမြင့်ဆုံးဈေးသည် တစ်ပိ ဿာလျှင် ၃၄၀၀ ကျပ်အထိ ဈေးပေါက်ခဲ့သည်။

ထိုမှတစ်ဆင့် ဈေးပြန်ကျလာရာ ယခုအခါ ကြက်သွန်နီ အမြင့်ဆုံးဈေးမှာ တစ်ပိဿာလျှင် ၃၂၀၀ကျပ် ဖြစ်လာပြီး နှစ်ရာကျပ် ဈေးကျဆင်းလာခြင်းဖြစ်သည်။ ရန်ကုန်ဘုရင်နောင်ဈေးကွက်တွင် ဒေသသုံး ခုမှ ဝင်ရောက်သည့် ကြက်သွန်နီ အမျိုးအစားကိုလိုက်၍ တစ်ပိဿာ ၁၅၀၀ ကျပ်မှ ၃၂၀၀ကျပ်အထိ ရှိသည်။

ယနေ့ အောက်တိုဘာ ၁၃ရက်နေ့တွင် ရန်ကုန်ဘုရင်နောင့်ဈေးကွက်သို့  မြင်းခြံ ၊ ပျော်ဘွယ် ၊ ဆိတ် ဖြူ မြို့နယ်မှ ကြက်သွန်နီကုန်ကား ၁၆ စီး ဝင်ရောက်ခဲ့ပြီး ကုန်ပိဿာချိန် ၉၆၀၀၀ ခန့်ဝင်ရောက်ခဲ့ သည်။

ရန်ကုန်မြို့တွင်လည်း ဈေးများစတင်ကျဆင်းနေပြီး ရန်ကုန်မြို့တွင် ဈေးကွက်တွင် ဈေးကောင်းရနေ သည့် ဆိတ်ဖြူ မှ ဝင်ရောက်သော ကြက်သွန်နီသည့်လည်း ၎င်းဈေးကွက်တွင်  တစ်ပိဿာ ၁၀၀ နှင့် ၅၀ အကြား ကျဆင်းနေသည်။

 ဆိတ်ဖြူမြို့ ကုန်စည်ဒိုင်ဈေးကွက်တွင် တစ်ပိဿာ ၂၄၀၀ ကျပ်မှ ၂၃၀၀ ကျပ်အကြားဈေး ပေါက်နေ ပြီး  အရောင်းအဝယ်ပါးနေကြောင်း ၊ ဆိတ်ဖြူမြို့ ကုန်စည်ဒိုင်တွင်လည်း မိုးများရွာသွန်းမူကြောင့်  ကုန်ဝင်နည်းနေကြောင်း ၊ ကုန်ဝင်နည်းသော်လည်း ကြက်သွန်နီဈေးမှာ တက်နေခြင်းမရှိကြောင်း ဆိတ်ဖြူမြို့နယ် ကြက်သွန်နီကုန်သည်များမှ သတင်းရရှိသည်။

“ပြည်ပ ဝယ်လိုအားနည်းလို့ ထင်တယ်။ အဓိက က ထိုင်းက အဝယ်များတာ။ အခုမဝယ်တော့ဘူး။ အရောင်းအဝယ်က အေးတယ်။ ကြက်သွန်နီကလည်း မိုးများလို့ အရည်သွေးနိမ့်လာတယ်။ ရန်ကုန် မှာလည်း အသေးဆုံးစက ၁၀၀ လောက်ကျတယ် ကြားတယ်။” ဟု ဆိတ်ဖြူမြို့နယ်မှ ကြက်သွန်နီ ကုန်သည် ကိုမိုးမြင့်အောင်ကပြောသည်။

မြင်းခြံ ကုန်စည်ဒိုင်တွင်ကုန်တန်ချိန် ၄၁၀၀၀ ဝင်ပြီးအခြားရက်များနှင့်နှိုင်းယှဉ်ပါက ကုန်ဝင်ထက်ဝက် ခန့် လျော့ကျလာကာ တစ်ရက်အတွင်း တစ်ပိဿာ လျှင် ၅၀ ကျပ် တက်နေသည်။

အရောင်းအဝယ် ပြတ်ကာ ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံးဈေးမှာ ၂၇၀၀ ကျပ်ရှိခဲ့ပြီး ၊ အနိမ့်ဆုံးဈေးမှာ တစ်ပိဿာ ၂၂၀၀ ကျပ် ဈေးပေါက်လျှက်ရှိသည်။

မန္တလေးမြို့ တောင်သူပေါက်ဈေးတွင် ကြက်သွန်နီ အရော တစ်ပိဿာ လျှင် ၂၃၀၀ ကျပ် မှ ၂၄၀၀ကျပ် ဈေး ပေါက်နေပြီး ကြက်သွန်နီ လုံးချော ၊ လုံးသန့် တစ်ပိဿာ လျှင် မန္တလေးမြို့ရောက် တစ်ပိဿာ ၂၆၀၀ ကျပ်ဈေးပေါက်ကာ ၊ လက္ကား ဖြန့်ဖြူးဈေးမှာ တစ်ပိဿာ ၂၇၀၀ ကျပ်ဈေးပေါက်သည်။

“ ကျွန်မတို့ နယ်ဘက်တွေတော့ တစ်ပိဿာ ၃၀၀ ကျပ်လောက်ဈေးကျတယ်။ ဘုရင်နောင့်ဈေးကျပြီး နောက်ပိုင်း နယ်တွေလည်း တစ်ပြေးညီကျတော့တာပဲ။ အခုကျဈေးနဲ့ ငြိမ်နေပါတယ်။” ဟုမန္တလေးမြို့ တွင် ဈေးကွက်ဖြန့်နေသည့် Super Onion ပွဲရုံမှာ ကုန်သည်တစ်ဦးကပြောသည်။

ကြက်သွန်နီ နည်းတူ ကြက်သွန်ဖြူ ဈေးမှာလည်း ဈေးကျနေပြီး တစ်ပိဿာ လျှင် ၁၀၀ ကျပ်မှ ၂၀၀ကျပ် အကြား ဈေးကျနေသည်။

ဘုရင်နောင့် ကုန်စည်ဈေးကွက်တွင် ကြူကုတ် ကြက်သွန်ဖြူမှာ တစ်ပိဿာ လျှင် ၇၃၀၀ ကျပ်မှ ၇၄၀၀ ကျပ်အကြားရှိနေပြီး အောင်ပန်းမြို့နယ်မှ ဝင်ရောက်သည့် ကြက်သွန်ဖြူ မှာ အမြင့်ဆုံးဈေး  ၈၉၀၀ ကျပ်မှ အနိမ့်ဆုံးဈေး ၇၅၀၀ ကျပ်ရှိနေသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ဈေးများနှင့် နှိုင်းယှဉ်ပါက ကြူကုတ် ကြက်သွန်ဖြူမှာ တစ်ပိဿာ လျှင် ၁၂၀၀ ကျပ် ကျဆင်းလာခြင်းဖြစ်သည်။

တရုတ်ပြည်မှ ဝင်ရောက်သည့် ကြူကုတ်ကြက်သွန်ဖြူမှာ ဈေးသိသိသာသာ ကျဆင်းခဲ့သော်လည်း အောင်ပန်း ကြက်သွန်ဖြူဈေးမှာ တစ်ပိဿာ လျှင် ၁၀၀ ကျပ် မှ ၂၀၀ ကျပ်အကြားသာ ကျဆင်းခဲ့ခြင်းဖြစ်သည်။

ကြက်သွန်ဖြူ ထွက်ရှိသည့် အောင်ပန်း ဈေးကွက်တွင်  ထူး ၁ ကြက်သွန်ဖြူ အမျိုးအစားမှာ ဈေးကွက် ပြောင်းလဲမူမရှိသော်လည်း ထူး ၂ မှ ထူး ၅ အထိ တစ်ပိဿာ လျှင် ၂၀၀ ကျပ်မှ ၄၀၀ ကျပ်အထိဈေးကျ ဆင်းခဲ့သည်။ ထူးလွန် ကြက်သွန် ဖြူ အမျိုးအစားမှာ တစ်ပိဿာလျှင် ၅၀၀ ကျပ်အထိ ကျဆင်းခဲ့သည်။

အောင်ပန်း ဈေးကွက်တွင် ကြက်သွန်ဖြူ ထူး ၁ တစ်ပိဿာလျှင် ၇၂၀၀ကျပ် ၊ ထူး ၂ တစ်ပိဿာလျှင် ၇၄၀၀ ကျပ် ၊ ထူး ၃ တစ်ပိဿာလျှင် ၈၀၀၀ ကျပ် ၊ ထူး ၄  တစ်ပိဿာလျှင် ၈၄၀၀ ကျပ် ၊ ထူး ၅ တစ် ပိဿာလျှင် ၈၆၀၀ ကျပ် ၊ ကြူကုတ် တစ်ပိဿာ လျှင် ၈၀၀၀ ကျပ် ပေါက်ဈေးရှိသည်။

မန္တလေးမြို့ ကြက်သွန်ဖြူ ဈေးကွက်တွင် တရုတ်မှ ဝင်ရောက်သည့် ကြူကုတ် ကြက်သွန်ဖြူ တစ်ပိ ဿာ လျှင် ၆၈၀၀ ကျပ်မှ ၇၃၀၀ ကျပ်သာ ပေါက်ဈေးရှိသည်။အောင်ပန်းနှင့် တောင်ကြီးမြို့မှဝင်ရောက် သည့် မြန်မာ ကြက်သွန်ဖြူ အရောမှာ တစ်ပိဿာ လျှင် ၇၉၀၀ ကျပ် ဈေးပေါက်သည်။

“အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ အသေးတွေက ပိုရောင်းကုန်ပြီး အကြီးက မသွက်ဘူး။ အရောင်း ကျတယ်။လက္ကားကတော့ ကျပါတယ်။ ၂၀၀ ၊ ၃၀၀ ကျပ်လောက်ကျတယ်။ လက်လီမှာတော့မကျဘူး” ဟု မန္တလေးမြို့တွင် ကြက်သွန်ဖြူ ကုန်သည် မဖြူနှင်းဝေကပြောသည်။

တောင်ကြီးမြို့မှ ဝင်ရောက်သည့် ကြက်သွန်ဖြူ လုံးသန့်  ထူး ၁ တစ်ပိဿာလျှင် ၇၃၀၀ ကျပ် ၊ ထူးလွန် တစ်ပိဿာလျှင် ၇၃၀၀ ကျပ် ၊ ထူး ၃ တစ်ပိဿာလျှင် ၈၃၀၀ ကျပ် ၊ ထူး ၄ တစ်ပိဿာလျှင် ၈၅၀၀ ကျပ် ၊ ထူး ၅ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ပေါက်ဈေးရှိသည်။

စစ်ကိုင်းတိုင်း မုံရွာမှ ထွက်ရှိသည့် ကြက်သွန်ဖြူမှာ  ယခင်က တစ်ပိဿာလျှင် ၃၅၀၀ကျပ် မှ ၄၀၀၀ ကျပ်အကြား ဈေးပေါက်ခဲ့သော်လည်း ယခု တော ပေါက်ဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်အကြား မြင့်တက်ခဲ့ကာ ယနေ့အချိန်ထိ ဈေးမကျဆင်းဘဲ ငြိမ်နေကြောင်း သိရှိရသည်။

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *