တစ်ပတ်အတွင်း မိုးရွာသွန်းနိုင်

မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်မည့် အန္တရာယ်မရှိသော်လည်း တနိုင်ငံလုံးတွင် မနက်ဖန် အောက်တိုဘာ ၂၁ရက်နေ့မှ ၂၆ရက်အထိ တစ်ပတ်အတွင်း မိုးရွာနိုင်ကြောင်း လေကြောင်းမိုးလေဝသပညာရှင်ဦးဝေဖြိုးဟန်မှ ပြောဆိုထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း ၊ကယားပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မွန်ပြည်နယ်၊ကရင် ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင်ဘနေရာစိပ်စိပ် မိုးရွာနိုင်ပြီး ချင်းပြည်နယ်တောင်ပိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်းခန့်မှန်းထားသည်။

” မြန်မာနိုင်ငံအတွက်တော့ မုန်တိုင်းအန္တရာယ်တိုက်ရိုက်မရှိပေမယ့် ရိမ်သိမ်းချွေလှေ့ပြုလုပ်နေတဲ့တောင်သူတွေ အတွက် ဖျက်မိုး အန္တရာယ်ရှိလာနိုင်လို့ ကြိုတင်ပြင်ဆင်ချိန်ရရှိအောင်ပါ၊” လို့ ဦးဝေဖြိုးဟန်က ပြောသည်။ 

 မိတ္ထီလာ လေကြောင်းမိုးလေဝသရုံး၏ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေထုမငြိမ်သက်မှုဖြစ်လာရာမှ လာမည့် ၂၁၊၂၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခုဖြစ်ပေါ်လာပြီး ဆက်လက်အားကောင်းလာကာ မုန်တိုင်းငယ် Depression အဆင့်သို့ရောက်ရှိလာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

ထို့ကြောင့်အောက်တိုဘာလ ၂၁ နေ့မှစပြီး ၂၃ ရက်နေ့များတွင် မိုးများနိုင်ကြောင်း ၊ တောင်သူများအနေဖြင့် သီးနှံရိမ်သိမ်းချွေလှေ့ လုပ်ရန်အတွက် မိုးလွတ်မည့်ရက်ကိုရွေးချယ် လုပ်ဆောင်ရန်လည်း ပြောဆိုထားသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *