ပြောင်းစျေး အေးသွားပြီး အနည်းငယ်ကျ

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့် တင်ပို့ရသည့် ကာလ ကုန်သွား ပြီး တချို့ ပြည်ပ တင်ပို့နေ့လမ်းကြောင်းများတွင် အခက်ခဲများရှိသောကြောင့် ပြောင်းစျေး အနည်းကျကာ စျေးကွက်အေး နေကြောင်းသိရသည်။

သို့ဖြစ်ပါ၍ လက်ရှိ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေရသော်လည်း မူဆယ်သွားမည့်လမ်းကြောင်းဖြစ်သည့် ရှမ်း မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်နေသည့်အတွက် ပြောင်းဈေးပို၍အေးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ပြောင်းက နဂိုတည်းက အေးတယ်။ ရှမ်းမြောက်တိုက်ပွဲဖြစ်တော့ မူဆည်၊ချင်းရွှေဟော် သွားမဲ့ လမ်းကြောင်းတွေ ပိတ်ကုန်တော့ ပြောင်းက ပိုအေးသွားတယ်။ စျေးလည်း ကျသွားတယ်” ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြောင်း တပိသာ ယခင်က ၁၂၀၀အထိ ရှိခဲ့ပြီး လက်ရှိ ရန်ကုန်စျေး တပိသာ ၁၀၇၀မှ ၁၀၈၀ ထိ ပြန်လည် ကျဆင်းသွားကြောင်း သိရကာတချို့နယ်ဘက်များ တွင် တစ်ထောင်အောက် စျေးသာ ရှိကြောင်း လည်း သိရသည်။

လက်ရှိ ပြည်တွင်း အစာချက်စက်ရုံများ၏ ဝယ်အား သာ ရှိကြောင်း ပြောင်းလုပ်ငန်းရှင် တစ်ချို့ထံမှ သိရသည်။

“မြန်မာနိုင်ငံပြောင်းကို ကမ္ဘာစျေးကွက်ထက် ပိုပေးဝယ်နိုင်တာ ထိုင်းနိုင်ငံပဲ ရှိပါတယ်။ ထိုင်းနိုင်ငံကို ၆၅ရာခိုင်နှုန်းလောက် ပို့တာ ။ ဖလစ်ပိုင်တို့ ဗီယက်နမ်းတို့က တွက်ခြေမကိုက်ဘူး ။ဒါကြောင့် ထိုင်း မပို့ရတော့ တရုတ်ဘက်ကိုပဲ တင်ပို့ကြတာ ။“ဟု  ပြောင်း လုပ်ငန်ရှင်းတစ်ဦး ကသုံသပ်ပြောထားသည်။

လက်ရှိ ပြောင်းအထွက်နှုန်းမှာ ရာသီဉတု အရ အထွက်နှုန်းကောင်းနိုင်ပြီး တိုက်ပွဲများ ကြောင့်လည်း အထွက်နှုန်းလျော့သွားနိုင်ကြောင်း လုပ်ငန်းရှင်တချို့ က သုံးသပ်ကြသည်။

ပြောင်းမှာ ပြည်တွင်းစားသုံးမူ အနည်းငယ်သာရှိပြီး ပြည်ပစျေးကွက်သာကို သာ အဓိက ထား တင်ပို့  ရောင်းချ နေရသည့် သီနှံ ဖြစ်သောကြောင့် အနည်းငယ် အဆင်မပြေမူ ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် ပြည်ပပြောင်းများ ကို တနှစ်ပတ်လုံးဝယ်ယူခြင်း မရှိ ပဲ အကောက်ခွန်ကင်းလွတ်ကာလ ဖြစ်သည့် နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ အထိ၊ ၇ လ ပဲ ခွင့်ပြု လျက်ရှိကြောင်းသိရသည်။

ပြည်တွင်း ပြောင်း ဝယ်ယူရာတွင် ထိုင်းနိုင်ငံ မှာတခြားနိုင်ငံများထပ် စျေးကွက်ရရှိမူ ကောင်းကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ တင်ပို့ ၍ မရသော်လည်း Normal trade အနေဖြင့်  စာချုပ် ရှိ ပြီးသားနိုင်ငံများ သို့တင်ပို့မူများတော့ ရှိနေဦးမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *