နိုဝင်ဘာလမှာ ပထမ ဆယ်ရက်အတွင်းမိုးရွာနိုင်သော်လည်း များမည်မဟုတ်

ရန်ကုန် ၊နိုဝင်ဘာ ၃၊၂၀၂၃

နိုဝင်ဘာလ ပထမ ဆယ်ရက်အတွင်း မြန်မာနိုင်ငံနေရာအနှံအပြားတွင်  မိုးရွာသွန်းနိုင်သော်လည်း အများကြီးရွာသွန်းနိုင်ချေမရှိကြောင်း  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီဌာနမှသိရသည်။

အလားတူ မိုးလေဝသတွေကိုခန့်မှန်းထုတ်ပြန်ပေးနေသည့် စုစုစံမှလည်း နိုဝင်ဘာလ ၇ရက်နေ့မှ ၉ရက်နေ့အတွင်း အရှေ့လေစီးကြောင်းများမှ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊က ရင်ပြည်နယ် ၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းတောင်ပိုင်းဧရာဝတီတိုင်း ဒေသတို့တွင် မိုးရွာနိုင်ကြောင်း ပြောဆိုထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့်  ဘင်္ဂလားပင်လယ်အော်တွင်  လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့် အရှေ့ဘက်ကရွှေ့လျားလာသည့် တိမ်တိုက်များကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်း၊မြန်မာနိုင်ငံတောင်ပိုင်းတို့တွင် အဓိကပိူပြီး မိုးရွာသွန်းမှုဖြစ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီဌာနမှ၊ညွှန်ကြားရေးမှူဦးလှထွန်းမှပြောသည်။

“အရှေ့ဘက်ကနေရွှေ့လျားလာတဲ့တိမ်တိုက်တွေကြောင့်လည်း မိုးရွာသွန်းမှုကရှိနိုင်တယ်ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတွေ လေပွေရိုင်းတွေအဲ့ဒါတွေလည်းရှိလာနိုင်တယ်၊ဒါကြောင့်မို့ မိုးကတော့ရွာနိုင်တယ် ထူးထူးခြာခြားရွာနိုင်တာက အရှေ့ပိုင်းတို့တောင်ပိုင်းတို့ အဲ့ဒေသတွေမှာတော့မိုးကတော့ရွာဖို့ရှိတယ်သို့သော်အများကြီးတော့မဟုတ်ဘူး၊နိုဝင်ဘာလကတကယ်တမ်းတော့ မိုး လုံးဝကင်းစင်တဲ့လတော့မဟုတ်ဘူးမိုးမကုန်သေးတဲ့လလို့ပြောရမှာပေါ့၊မိုးရွာတာတွေရှိလာနိုင်တာပေါ့အများဆုံးကတော့ ဒီကာလဖြစ်တဲ့မုန်တိုင်းတွေကတော့ မြန်မာနိုင်ငံဘက်ကို ရောက်လေ့ရောက်ထမရှိပါဘူး၊ ” ဟုဦးလှထွန်းမှပြောသည်။

မိုးရွာသွန်းနိုင်မည့် ဒေသများအနေဖြင့်  တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် မိုးပိုနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်  ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီးနေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှအသိပေးထားသည်။

မိုးရွာသွန်းနိုင်သည့် ရက်ခန့်မှန်းချက်အနေဖြင့်နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့်  မွန်ပြည်နယ်တို့တွင်  လေး ရက်မှ ခုနှစ် ရက်ခန့်မိုးရွာနိုင်ပြီး  စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်ရက်မှ သုံးရက်ခန့်  မိုးထစ်ချုန်းရွာနိုင်ကြောင်းအသိပေးထားသည်။

ယခုကာလသည် စပါး နှင့် ပဲများရိတ်သိမ်းချွေလှေ့ရသည့်ကာလဖြစ်သဖြင့် တောင်သူများအတွက် မိုးရွာမည့်ရက်ကို သိရှိပြီး ချိန်ဆလုပ်နိုင်ရန် မိုးလေဝသခန့်မှန်းချက်များအား အသိပေးထုတ်ပြန်နေခြင်းဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *