ရွှေဘိုပေါ်ဆန်းကို အရောအနှောကင်းပြီး တုပမှုများမရှိစေရန် ကုန်အမှတ်တံဆိပ်(Logo) ရိုက်နှိပ်ကာ ကွယ်မည်

ပြည်တွင်းဈေးကွက်တွင် လူကြိုက်များသည့် ရွှေဘိုပေါ်ဆန်းကို အရောအနှောကင်းရှင်းပြီး အတု အပ ပြုလုပ်ရောင်းချမှုများ ကာကွယ်ရန် ကုန်အမှတ်တံဆိပ်(Logo)ရိုက်နှိပ်ပြီး ရောင်းချမည့် အစီစဉ်ကို ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းက အကောင်အထည်ဖေါ်နေသည်။

စစ်ကိုင်းတိုင်းဒေကြီးအတွင်း ရွှေဘို ၊ဝက်လက်၊ တန့်ဆည်၊ ဒီပဲရင်း၊ ခင်ဦး၊ ကန့်ဘလူ၊ ရေဦး စသည့် ၇ မြို့နယ်မှ စိုက်ပျိုးထုတ်လုပ်သည့် ရွှေဘိုပေါ်ဆန်းကို ရွှေဘိုပေါ်ဆန်း ကုန်အမှတ်တံဆိပ် (Logo)ရိုက် နှိပ်ပြီး ရောင်းချမည့် အစီစဉ်ဖြစ်သည်။ “အရောအနှောမရှိ စစ်မှန်ဖို့၊ ရွှေဘို ဒေသထွက် စစ်မှန်ဖို့ တံဆိပ်ရိုက်နှိပ်ပေးမှာပါ”ဟု ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ရုံးအဖွဲ့မှုး ဦးကျော်ငွေက ပြောသည်။

ရွှေဘိုပေါ်ဆန်း (GI) ဧရိယာ မြို့နယ် (၇) မြို့နယ်မှ တောင်သူလယ်သမားများ စိုက်ပျိုးထုတ် လုပ် ထားသော ရွှေဘိုပေါ်ဆန်းကိုသာ (Inspector)စစ်ဆေးရေးအဖွဲ့များဖြင့် စနစ်တကျ စစ်ဆေးပြီး နောက် ဒေသတွင်းရှိ ဆန်စက်များတွင် အိတ်သွင်း ထုတ်ပိုးပြီး မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချီရောင်းချ ပေး သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

စားသုံးသူပြည်သူများ အရည်အသွေး စစ်မှန်ပြီး အရောအနှောကင်း၍ ယုံကြည်စိတ်ချစွာ စားသုံးနိုင် ရန်အတွက် ရွှေဘိုပေါ်ဆန်းကုန်အမှတ်တံဆိပ် (Logo)ကို ရွှေဘိုပေါ်ဆန်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူ များ အသင်းကသာ ခွင့်ပြုရိုက်နှိပ်ပေးမည်ဖြစ်သည်။

ရွှေဘိုပေါ်ဆန်း ဆန်အမျိုးအစားသည် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းအမြင့်ဆုံးဖြစ်ပြီး လူအများ ကြိုက်နှစ်သက်သည့် ဆန်အမျိုးအစားဖြစ်သည်။လက်ရှိ ပြည်တွင်းလက်လီဈေးကွက်တွင် ရွှေဘိုပေါ် ဆန်းဆန် အစစ်တစ်အိတ်လျှင် ကျပ် တစ်သိန်း ငါးသောင်းမှ တစ်သိန်းရှစ် သောင်းကျော်အထိဈေး ဖွင့် ရောင်းချသည်။ရွှေဘိုပေါ်ဆန်းနှင့် အခြားသော ဆန်များ ရောနှောထားသည့် အမည်ခံ ရွှေဘို ပေါ်ဆန်းများက တစ်အိတ်လျှင် ကျပ် တစ်သိန်း လေးသောင်းဝန်းကျင် အများဆုံး ဈေးဖွင့်ရောင်း ချ ကြောင်း ဆန်ကုန်သည်အချို့ကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *