မူဆယ်၊ ချင်းရွှေဟော်မှ ပို့ကုန်လိုင်စင်ရထားသော ကုန်စည်များကို အခြားနယ်စပ်နှင့်ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းဖြင့် ပြောင်းလဲခွင့်ပြုမည်

နိုဝင်ဘာ ၉


မြန်မာ၊ တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့ ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရရှိထားပြီးဖြစ်သည့်  ကုန်ပစ္စည်းများကို အခြားနယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများမှ ပြောင်းလဲ တင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကုန်သွယ် ရေး ဦးစီးဌာနက နိုဝင်ဘာ ၈ရက်တွင် အသိပေးကြေငြာချက် ထုတ်ပြန်လိုက်သည်။
အလားတူ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံ သို့တင်သွင်းရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်သာ့် ပစ္စည်းများကိုလည်း အခြားနယ်စပ်ဂိတ်များမှ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ပို့ကုန်နှင့် သွင်းကုန်လိုင်စင်ရရှိပြီးသော လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းများကို သွားလာ၍ ရသေးသော  မြန်မာ -တရုတ်နယ်စပ်ဂိတ် နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေး စခန်း ၌မဆို တင်ပို့ခြင်း ၊ တင်သွင်းခြင်း ပြုလုပ် နိုင်သည့်အပြင် ပင်လယ်ရေကြောင်းမှလည်း တင်ပို့ ၊ တင်သွင်းနိုင် မည်ဖြစ်ကြောင်းသိရသည်။
” ဟုတ်ပါတယ် ကုန်သွယ်ရေး ဦးစီးဌာနက တော့ ကြိုက်တဲ့နယ်စပ်ဂိတ်ကနေ ပစ္စည်းတွေတင်ပို့ခွင့်ရှိတယ် လို့ပြောလာတယ်၊ လမ်းကြောင်းအပေါ်ကြည့်ပြီး တွက်ချေကိုက်တယ်ဆိုရင် တင်ပို့ပေါ့၊အကျိုးအမြတ်မရှိ ဘူးဆိုရင်တော့ မပို့ဘဲ ရပ်ထားရမှာပေါ့။ တရုတ်ဂိတ်တွေပြန်ဖွင့်တဲ့အထိ စောင့်ရမှာပေါ့ ” ဟု ပိူ့ကုန်လုပ်ငန်း ရှင်တစ်ဦးမှ ပြောသည်။
လတ်တလောတွင် ခရီးလမ်းပိုင်းနှင့်နယ်မြေ လုံခြုံရေးအခြေအနေများအရ မြန်မာ- တရုတ် ကုန်သွယ်ရေး ဆောင်ရွက်လျှက်ရှိသည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိသဖြင့် ကုန်သွယ်ရေး ဦးစီးဌာနမှ ယခုကဲ့သို့စီစဉ် ထုတ်ပြန် ပေးခြင်းဖြစ်ဟုသိရသည်။
သို့သော်လည်း တရုတ်ဘက်ကို အခြား ထိုင်းမြန်မာ နယ်စပ်ဂိတ် ဖြစ်စေ၊ပင်လယ်ရေကြောင်းမှဖြစ်စေ ကုန် ပစ္စည်း တင်ပို့ခြင်းနှင်တင်သွင်းခြင်းလုပ်မည်ဆိုချှင် ကုန်ကျစရိတ် ပိုမိုကုန်ကျနိုင်မည်ဖြစ်သောကြောင့် အခြေအနေစောင့်ကြည့်ပြီးမှသာ export နှင် import ကိုလုပ်နိုင်မည်ဖြစ်ကြောင်း ကုန်သည်များဆီမှသိရသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းနှင့် ချင်းရွှေဟော်စခန်းတို့သည် အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက ကုန်သွယ်မှုရပ်နေသည်မှာ ယနေ့အထိဖြစ်ပြီး လက်ရှိတွင်  ပိတ်မိနေသည့် ကုန်ကားအချို့ရှိနေကြောင်း သိရ သည်။
မြန်မာ၊တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်းသည် အဓိက အခန်းကဏ္ဍတွင်ပါဝင်နေပြီး မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ ပို့ကုန်တမ်ဖိုးသည် နယ်စပ်ကုန်သွယ် ရေးစခန်း များမှ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၃ပုံ၁ပုံ အထိရှိနေသည်။

ချစ်ခွန်းချို (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *