ပြည်တွင်းဆန်ဈေကွက် တည်ငြိမ်စေရန် နိုဝင်ဘာလအတွက် ရည်ညွှန်းဆန်ဈေးနှုန်များ MRF သတ်မှတ် ထုတ်ပြန်

နိုဝင်ဘာ ၉

ပြည်တွင်းဆန်ဈေးကွက် တည်ငြိမ်စေရန် ရည်ရွယ်ပြီး သင့်တင်မျှတသော ဆန်ဈေးကွက်၊ ဈေးနူန်းဖြစ်ပေါ် စေရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF က နိုဝင်ဘာလအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများကို ထုတ်ပြန် ကြေငြာ လိုက်သည်။

ဆန်ဈေးနူန်းများမှာ ၂၄ ပြည် ( ၁၀၈ ပေါင် )ဆန်တစ်အိတ်လျှင်  ဧည့်မထအုပ်စု၂၅ မှတ်ဆန်အတွက်  ၅၈၀၀၀ မှ (၆၀၀၀၀) ကျပ် သတ်မှတ်ထားပြီး ၁၅မှတ်ဆန်အတွက် ၆၀၀၀၀ မှ ၆၂၀၀၀ ကျပ်အတွင်း၊ ၁၀-၅ မှတ်ဆန် အတွက် ၆၂၀၀၀ မှ ၆၄၀၀၀ ကျပ်အတွင်းရောင်းချရန် MRF က သတ်မှတ်ထားသည်။

ထိုအပြင် ဧရာမင်းဆန်၊ ဧရာပဒေသာ နှင့် အထူးဧည့်မထအုပ်စုများဖြစ်သည့် (၂၅)မှတ်ဆန်တစ်အိတ်လျှင်  ၆၅၀၀၀ မှ ၇၀၀၀၀ ကျပ်အတွင်း၊ ၁၅ မှတ်ဆန်တစ်အိတ်လျှင်  ၇၀၀၀၀ မှ ၇၅၀၀၀ ကျပ်အတွင်း၊ ၁၀-၅ မှတ်ဆန်တစ်အိတ်လျှင် ၇၅၀၀၀ မှ ၈၀၀၀၀ ကျပ်အတွင်း ရောင်းချသွားရန် သတ်မှတ်ထားသည်။အလားတူ ဧရာဝတီ ပေါ်ဆန်း ၁၀-၅ မှတ်ဆန် တစ်အိတ်လျှင်  ၇၅၀၀၀ မှ ၈၀၀၀၀ ကျပ်အတွင်း ရောင်းချသွားရန် သတ်မှတ်ထားပါသည်။

“Reasonable Market Price ထုတ်ပြန်ပေးတာပါ၊ ပြည်တွင်းရိက္ခာ ဖူလုံဖို့အပိုင်းနဲ့ပြည်ပတင်ပို့မှု ရောင်းချတဲ့ အပိုင်းကိုဆောင်ရွက်သလို တဖက်ကလည်း ဆန်စပါးဈေးကွက်တည်ငြိမ် မှန်ကန်ဖို့ လုပ်သင့်လုပ်ထိုက် တာ တွေကိုဆောင်ရွက်ရပါတယ်။” ဟု MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်မှ ပြောသည်။

ဈေးနူန်းသတ်မှတ်ချက်များသည် ယခုနှစ်တွင် မိုးစိုက်ပျိုးထုတ်လုပ်သည့် ဆန်အသစ်ဈေးနူန်းများဖြစ်ပြီး  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF အသင်းဝင်ကုမ္ပဏီများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များအနေဖြင့် အဆိုပါ ထုတ်ပြန်သည့်ဈေးနူန်းများ အတိုင်း  နိုဝင်ဘာလ ဆန်ဈေးကွက်အတွင်း ရောင်းချရန်  MRF မှ တိုက်ထွန်းထားပါသည်။

ယခုထုတ်ပြန်လိုက်သည့် ဆန်ဈေးနူန်းများသည်  လက်လီ၊ လက်ကား ဈေးကွက်အတွင်း ရောင်းချမှုများ အတွက် ဈေးနှုန်းကွာခြားမှု   ၅ ရာခိုင်နှုန်း ကွာခြားနိုင်ကြောင်းနှင့် Super Market များ၊ Mini Mart များတွင် Modern Trade ဖြင့် ရောင်းချမှုများအတွက်လည်း  ၁၂ ရာခိုင်နှုန်း ကွာခြားနိုင်ကြောင်း ဖေါ်ပြထားသည်။

” အခုက ဆန်အသစ်တွေ မဝင်သေးတော့ မပြောတတ်သေးဘူး၊လက်ကျန်အဟောင်းတွေပဲ ထုတ်နေ ရတယ်၊အဟောင်းမှာ ဧရာပဒေသာက ၁၄၀၀၀၀ ဝန်းကျင်ရှိတယ်၊ ဧရာဝတီပေါ်ဆန်းကလည်း ၁၃၀၀၀၀ လောက်ရှိပါတယ်။ အခုက သုခတွေအဝယ်များတယ် ” ဟု ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူ တစ်ဦးမှ ပြောသည်။

လက်ရှိတွင် ရွှေဘိုပေါ်ဆန်း ၁၀-၅ မှတ်ဆန်တစ်အိတ်အတွက် ရည်ညွှန်းသတ်မှတ်ဈေးနှုန်းကိုတော့ မထုတ်ပြန် သေးဘဲ  ရွှေဘိုစပါးပေါ်ချိန်ဖြစ်သည့် ဒီဇင်ဘာလရောက်မှသာ ဈေးနူန်း ထပ်မံထုတ်ပြန်ပေး သွားမည်ဟုသိရ သည်။

ချစ်ခွန်းချို (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *