ကချင်နှင့် ချင်းပြည်နယ်မှလွဲပြီး ကျန်ဒေသအားလုံးတွင် မိုးရွာနိုင်သည်ဟုဆို

နိုဝင်ဘာ ၁၀
မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်း ၁၂ ခုတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်မှ ၁၆ ရက်နေ့အတွင်း နေရာကွက် ကျားမှ နေရာကြဲကြဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန့်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန် သော စိုက်ပျိုးရေး မိုးလေဝသ သတင်းအရ သိရသည်။

မိုးရွာသွန်းနိုင်ချေရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှာ ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်းတို့ဖြစ်ကြောင်း ၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင် ကြောင်း သိရသည်။

“မုတ်သုန်ရာသီလည်း မဟုတ်ဘူး၊၊ သို့သော်ဆောင်းရာသီကလည်း ပီပီပြင်ပြင်မဖြစ်သေးဘူး။ ဆောင်းရာသီ ဝင်ကာစပေါ့၊ မုတ်သုန်ကလည်း ဆုတ်တော့ဆုတ်သွားပေမယ့် မိုးကမကုန်သေးတဲ့သဘောရှိတယ်၊ နိုဝင်ဘာ လက တကယ်တမ်းတော့ မိုးလုံးဝကင်းစင်တဲ့ လတော့မဟုတ်ဘူး မိုးမကုန်သေးတဲ့လလို့ပြောရမှာပေါ့ ” ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီဌာနမှ၊ ညွှန်ကြားရေးမှူ ဦးလှထွန်းမှ ပြောသည်။

ပင်ငွေ ရေငွေပျံနူန်း အခြေအနေများ အနေဖြင့်မူ  ချင်းပြည်နယ်၊ ကယားပြည်နယ်ရှမ်းပြည်နယ် ၊ပဲခူးတိုင်း အနောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင်  ၁၄ မီလီမီတာ မှ ၂၄ မီလီမီတာအတွင်းရှိပြီး ကျန်တိုင်းနှင့်ပြည်နယ် တို့တွင် ပင်ငွေရေငွေ့ပျံနူန်းသည် ၂၅ မီလီမီတာမှ ၃၃ မီလီမီတာရှိကြောင်းသိရသည်။

မြေဆီလွှာရေအောင်အခြေအနေများအနေဖြင့် ဧရာဝတီတိုင်း နှင့် တနင်္သါရီတိုင်းတို့တွင် ပြည့်ဝအခြေအနေ ရှိပြီး  ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် စိုစွတ်အခြေအနေရှိကာ  ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ခြောက်သွေ့အခြေအနေ ရှိကြောင်းသိရသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေခန့်မှန်းချက်အနေဖြင့်မူ  ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး  ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

ယခုကာလတွင် ဖြစ်ပေါ်တတ်သည့် မုန်တိုင်းသည် မြန်မာနိုင်ငံကိုဝင်ရောက်လေ့မရှိသဖြင့် စိုးရိမ်ရသည့်အခြေအနေမရှိသလို မိုးရွာသွန်းမှုပမာသည်လည်း ရေကြီးရေလျှံဖြစ်လောက်သည်အထိ ရွာသွန်းနိုင်ချေမရှိကြောင်းသိရသည်။

ချစ်ခွန်းချို ( AMIA) 

Leave a Reply

Your email address will not be published. Required fields are marked *