ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ဝယ်လိုအားကြောင့် ပြည်တွင်းကြက်သွန်နီဈေးနှုန်း ၂၀ ရာခိုင်နှုန်းခန့်မြင့်တက်

နိုဝင်ဘာ ၆

အိန္ဒိယနိုင်ငံ၏ ပြောင်းလဲလိုက်သည့် ပို့ကုန်အခွန်ကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ မြန်မာ့ ကြက်သွန်နီကို ပြန်လည်ဝယ်ယူသဖြင့် ပြည်တွင်းဈေးနှုန်း ၂၀ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သတင်း ရရှိသည်။

အောက်တိုဘာလ နောက်ဆုံးအပတ် ကုန်စည်ဒိုင်များတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီဈေးမှာ တစ်ပိဿာကို ၃၃၀၀ အထိသာအများဆုံးရှိခဲ့ပြီး လက်ရှိ ကုန်စည်ဒိုင်များတွင် တစ်ပိသာကျပ် ၃၉၅၀အထိ ဈေးတက်လာ သကဲ့သို့ လက်လီဈေးကွက်တွင်လည်း ယခင်က တစ်ပိဿာကို ကျပ်၄၀၀၀ ဈေးရှိသော်လည်း ယခုတွင် ကျပ်၅၀၀၀ သို့ ဈေးနှုန်းမြင့်တက်လာသည်။

” ကြက်သွန်နီတက်တာကတော့ ဘင်္ဂလားဒေ့ရှ်က ပြန်လှည့်ဝယ်တာ၊အိန္ဒိယက သူ့ရဲ့ export သွားမယ့်ကြက်သွန်တွေကို ဂျူတီမြှင့်လိုက်ပြီ မြင်ှင့်လိုက်တော့သွားလိူ့မရတော့ဘူး၊ပြောရရင်မသွားစေချင်လို့ မြှင့်လိုက်တဲ့သဘော၊ဥပမာကြက်သွန်ဈေးက ကျပ်၅၀၀ ဆိုရင် ဂျူတီက ကျပ်၈၀၀ ပေါ့ ၊အဲ့တော့ဘယ်လိုမှ သွားမရတော့ ကျနော်တို့ဘက်လှည့်ဝယ်တာ၊လှည့်ဝယ်တော့ဒီဘက်ကလည်း ဒီလကုန်ရင်အသစ်ပေါ်တော့မှာ အဲ့တော့ကြား စပ်ကူးမတ်ကူးကာလ ပစ္စည်းနည်းတာနဲ့ သူတို့ကဝယ်တော့ဈေးတက်သွားတာပေါ့” ဟု မြန်မာနိုင်ငံကြက် သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဥက္ကဋ္ဌ ဦးခင်ဟန် မှပြောသည်။

လက်ရှိ ကြက်သွန်နီဈေးကွက်တွင် ပစ္စည်းအရည်အသွေးပေါ်လိုက်ပြီး ဈေးနူန်းသည် ကွာခြားမှုရှိကြောင်း ၊ အ ရောင်းအဝယ် ပုံမှန်ရှိနေကြောင်းသိရသည်။ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင် ဈေးကွက်တွင် မုံရွာကြက်သွန် နီသည် တစ်ပိဿာကို ကျပ်၂၃၀၀ မှ ၃၇၀၀ အထိရှိပြီး ဆိပ်ဖြူကြက်သွန်နီက ကျပ်၂၈၀၀ မှ ၃၈၀၀ ၊ တောင်သာ ကြက်သွန်နီ တစ်ပိဿာကို ကျပ်၂၆၀၀ မှ ၃၅၀၀ ဈေးဖွင့်ပြီး ကံဆင်ကြက်သွန်နီးကမူ အနိမ့်ဆုံး ကျပ်၃၀၀၀ မှ ၃၉၅၀ အထိဈေးဖွင့်သည်။

ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန်နီ ကားအစီးရေ ၂၃ စီး ဝင်ရောက်မှု ရှိပြီး နိုဝင်ဘာလ ၁ ရက်မှ ၆ ရက်အတွင်းဆိုလျှင် ကြက်သွန်နီ ကားအစီးရေ ၉၀ ကျော်ဝင်ရောက်သည်ဟု ဘုရင်နောင်ကုန်စည်ဒိုင်မှ စုံစမ်းသိရသည်။

ပခုက္ကူ ကုန်စည်ဒိုင်ဈေးကွက်တွင် နိုဝင်ဘာလ ၅ ရက်နေ့တွင် ကြက်သွန်ပြတ်ဈေးက တစ်ပိဿာကို ကျပ် ၂၃၀၀ မှ ၃၂၀၀ အထိသာရှိသဖြင့် ယခင်ရက်ကထက် တစ်ပိဿာ ကို ကျပ်၁၅၀ ပြန်ကျသွားသည်။

” အခုဆို ဘုရင်နောင်ကုန်စည်ဒိုင်မှာတင် အမြင့်ဆုံး ကျပ်၃၉၅၀ အထိရှိတယ်၊ တချို့လည်းဈေးချရောင်းနေကြ တာရှိတယ်။ နယ်ဘက်မှာတော့ ကျပ်၃၂၅၀ လောက်ပဲရှိနေတယ်၊ ဆိပ်ဖြူ ရှယ်နဲ့ကံဆင့်ကြက်သွန်က ဈေးမြင့်နေ တယ်၊ မိုးတေကြက်သွန်အသစ်တွေ သိပ်မကောင်းတာ ရေနာပါလို့ အပုတ်အနာအဆာ ပါတာတွေက ကျပ်၁၈၀၀ လောက်တော့ရှိတယ်။ ” ဟု မုံရွာမြို့ ကြက်သွန်နီ ပွဲရုံပိုင်ရှင်တစ်ဦးမှပြောသည်။

မြန်မာ့ကြက်သွန်နီကို ဘင်္ဂလားဒေ့ နှင့်ထိုင်းအပြင် တရုတ် ၊ ဗီယမ်နမ် နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို ပါ တင်ပို့ရောင်းချမှုရှိသော်လည်း လက်ရှိတွင် တရုတ်နိုင်ငံသို့ တင်ပို့မှုရပ်နေပြီး ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းကိုသာ အဓိက တင်ပို့နေရဟု ကုန်သည်အချို့ကပြောသည်။ထိုင်းကို မြဝတီကုန်သွယ်ရေးဇုန်မှတဆင့် စက်တင်ဘာလမှ အောက်တိုဘာလ ဒုတိယပတ်အထိကြက်သွန်နီ တန်ချိန် ၈၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း၎င်းတို့ကဆိုသည်။

ကြက်သွန်နီကို ပခုက္ကူ ၊ ဆိပ်ဖြူ ၊မြစ်သား ၊မုံရွာ ၊ ပဲခူးတိုင်း အပြင် ကျန်မြို့နယ်များတွင်စိုက်ပျိုးကြသော်လည်း ဈေးကွက်တွင် ပခုက္ကူ ၊မြစ်သား ၊ ဆိပ်ဖြူ ၊မုံရွာ ၊တောင်သာ၊ကံဆင့် ကြက်သွန်နီ များ သည်အဓိက ရောင်းတန်းဝင်နေကြောင်းသိရသည်။လက်ရှိ မြန်မာနိုင်ငံတွင် ကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့် ဧကပေါင်း ၁ . ၇ သိန်းကျော်ရှိပြီး နှစ်စဉ်တန်ချိန် တစ်သန်းကျော် ထွက်ရှိသည်။

ကြက်သွန်နီကို ပြည်ပတင်ပို့သည့်နေရာတွင် တိုးချဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ G to G စနစ်ဖြင့် တင်ပို့ရန်စီစဉ်နေ သော်လည်း လတ်တလောတွင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *