ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်သွားခြင်းကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားသည်ဟုဆို

ရန်ကုန်၊နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ်နှင့် ပြည်မကိုဆက်သွယ်ထားသည့် ကုန်လမ်းကြောင်းသာမက ရေလမ်းကြောင်းကိုပါ နိုဝင် ဘာ ၁၃ရက်တွင် ပိတ်လိုက်ခြင်းကြောင့် မြန်မာ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယိစပ်ကုန်သွယ်မှုရပ်တန့် သွားကြောင်း ကုန်သည်အချို့ကပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ ဘင်္ဂလားဒေ့ရှ် ကို ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သည့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို ပုံမှန်တင်ပို့ခဲ့ကြောင်း ၎င်းတို့ က ပြောသည်။
” ဒီနေ့ စပိတ်လိုက်တယ်၊ အမ်းမြို့ကနေစပြီးပိတ်တယ်၊ အဲ့လိုပဲ စစ်တွေမြို့ဝင်မြို့ထွက်လည်းပိတ်ထားတယ်၊ မောင်တောလည်းပိတ်ထားတယ်၊မောင်တောကကျတော့ရသေ့တောင်မြို့နယ် နားဆိုတော့ ပိုပိတ်တယ်၊ အ ငူမော် မောင်တောလမ်းလည်းသွားမရတော့ဘူး ။ ဒီနေ့အခြေအနေကိုပြောတာပေါ့။နောက်ရက်ကတော့ ဘယ် လို လာမယ် မပြောနိုင်သေးဘူး ” ဟုမောင်တော နယ်စပ်ကုန်သည်တစ်ဦးမှပြောပြသည်။
လက်ရှိတွင်မူ ရခိုင်ကို စတင်ဝင်ရောက်နိုင်သည့် အမ်းမြို့မှစပြီး ပိတ်ထားလိုက်ခြင်းဖြစ်သောကြောင့် ရခိုင်ပြည် နယ်တွင်းသို့ ပို့ဆောင်မည့် ကုန်စည်ကားများ ဝင်ရောက်နိုင်ခြင်းမရှိသည့်အပြင်  စစ်တွေမြို့၌လည်း အဝင်အ ထွက် ပိတ်ထားသကဲ့သို့ မောင်တောမြို့၌လည်း အဝင်အထွက်သွားလာခွင့်ပိတ်ထားသဖြင့် ဒေသတွင်း ကုန် စည် စီးဆင်းမှုအပြင် ပြည်ပသို့ ကုန်သွယ်မှုပါရပ်တန့်သွားခြင်းဖြစ် ကြောင်းသိရသည်။
ယခုဘဏ္ဍာနှစ် ဧပြီလမှ  သြဂုတ် အထိ (၅) လ တာကာလအတွင်း မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ် စပ်ကုန်သွယ်ရေးတွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၆ ဒဿမ ၀၁၈ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၀ ဒဿမ ၉၃၆ သန်းနှင့်  စုစုပေါင်း ကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၅၄ သန်းသာ ကုန်သွယ်မှု ပြုလုပ်ခဲ့ကြော င်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်း များအရ သိရသည်။
မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခုမှသာ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ပို့ကုန်တင်ပို့မှုအနေဖြင့် ဆန်၊ ချင်း(အစို)၊ ကြက်သွန်နီ၊ ပဲ၊ နနွင်းတက်၊ ဇီးသီးခြောက်၊ မန်းကျည်းနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များအပြင် ရေချို၊ ရေငန်ငါးမျိုးစုံကို အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

 ချစ်ခွန်းချို (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *