စစ်ကိုင်းတိုင်းအပါအဝင်ပြည်နယ် ၃ ခုတွင် မိုးများ၊ရေကြီးရေလျှံဖြစ်နိုင်ဟု မိုးလေဝသပညာရှင်များ ခန့်မှန်း

နိုဝင်ဘာလ ၁၃

စစ်ကိုင်းတိုင်းအပါအဝင် ပြည်နယ် ၃ ခုမှာ လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်အတွင်း မိုးကြီး ရေ လျှံဖြစ် ပွားနိုင်ကြောင်း မိုးလေဝသဆိုင်ရာအချက်အလက်များကို ခန့်မှန်းပေးနေသည့် စုစုစံကပြောဆိုသည်။
ပြည်နယ် ၃ ခုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့ဖြစ် ကြောင်း သိရ သည်။
အလားတူ ဧရာဝတီတိုင်း ၊ပဲခူးတိုင်းရခိုင်ပြည်နယ်ရှိ ကျန်ဒေသများ ၊ မကွေးတိုင်းမန္တလေးတိုင်း၊ နေပြည်တော်၊
ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ချင်းပြည်နယ်ဒေသကြီးတို့တွင်လည်း  မိုးတွေရွာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားသည်။
မိုးလေဝသများကိုခန့်မှန်းပေးနေသည့် ဦးဝင်းနိုင်ကလည်း လာမည့် ၅ ရက်နှင့် ၁၀ ရက်အတွင်း မြန်မာနိုင်ငံ နေ ရာအနှံ့တွင် မိုးရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည် နယ်နှင့် ကချင်ပြည်နယ်တို့တွင်  နေရာအလိုက်မိုးများနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၌ မိုးအသင့်အတင့် ရွာနိုင်ချေရှိကြောင်း ခန့်မှန်းထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီဌာနမှ၊ညွှန်ကြားရေးမှူဦးလှထွန်းက ” နိုဝင်ဝင်ဘာလက မိုးအကုန် ဆောင်း အကူး ကြားကလဖြစ်လို့ မုတ်သုန်ဆုတ်သွားပေမယ့်လည်း မိုးကမကုန်သေးတဲ့လ လို့ပြောရမယ်၊မိုး ရွာနိုင်သေးတယ် ” ဟု ပြောဆိုထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနမှလည်း ခုနိုဝင်ဘာလ ၁၁ ရက်နေ့မှ ၂၀ ရက်အတွင်း  နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်း တိုင်း ဒေသကြီးအထက်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းခန့်မှန်းထား သည်။

 နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်မူ  (၄)ရက်မှ (၆)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ် နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း ခနိ့မှန်းထားသည်။

Chit khon cho (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *