တရုတ်သို့ဖရဲအပါအဝင် သစ်သီများကို နယ်စပ်ဂိတ်ပြောင်းလဲတင်ပို့ရာတွင် လမ်းခရီးကြန့်ကြာမှုကြောင့် ဆုံးရှုံးမှုများ ကြုံတွေ့နေရ

နိုဝင်ဘာ ၁၄


မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများ ပိတ်ထားခြင်းကြောင့် တရုတ်နိုင်ငံသို့ ဖရဲသီးအပါ အဝင်သစ်သီး တင်ပို့ရောင်းချသူများက နယ်စပ်ဂိတ်များ ပြောင်းလဲတင်ပို့ရာတွင် နယ်မြေလုံခြုံရေးနှင့် လမ်း ခရီး ကြန့်ကြာ မှုကြောင် သစ်သီးများ ပျက်ဆီးဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရကြောင်း ကုန်သည်အချို့ ကပြော သည်။


 လက်ရှိတွင် မြန်မာစိုက်ပျိုးသော ဖရဲကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ကချင်ပြည်နယ် ဗန်းမော်- လွယ်ဂျယ် နယ်စပ်ဂိတ် နှင့် ရှမ်းပြည်နယ် ကျိုင်းတုံ မိုင်းလား နယ်စပ်ဂိတ်ပေါက်မှ တင်ပို့နိုင်ခြင်းကြောင့် လမ်းခရီးကကြာ မြင့်မှု အပေါ် မူတည်ပြီး ဖရဲသီး ပျက်စီးမှုရှိနေခြင်းဖြစ်ဟုသိရသည်။


ထို့ကြောင့်ဖရဲကားများတရုတ်ဘက်သို့ရောက်ရှိချိန်တွင် တရုတ်မှအရည်အသွေးကောင်းသည့် ဖရဲသီးကိုသာ ရွေးချယ်ဝယ်ယူခြင်းဖြစ်သောကြောင့် ပျက်စီးမှုများသည့် ဖရဲကားအချို့တွင် ဖရဲတန်ချိန် ၁၂ တန်အထိ အပယ် ခံရသဖြင့် ဆုံးရှူံးမှုကြီးမား ကြောင်းကုန်သည်အချို့ကပြောသည်။


“မူဆယ်လမ်းပိတ်ပြီးနောက်ပိုင်း ဗန်းမော်-လွယ်ဂျယ်ဖက်စတင် တင်ပို့ရာမှာ တချို့ဖရဲကားများ တစီးအပယ် ၁၂တန်ထွက်တာရှိပါတယ်။ မိုးဖရဲအရည်အသွေးနဲ့ ရက်ကြာလမ်းကြမ်းသွားရတာဆို တော့အဲလိုဖြစ်ကုန် တာပါ။ ပြတ်ဈေးများဘယ်လောက်ကောင်းကောင်း”တန်ထွက်”ကအရှုံးအမြတ်ဆုံးဖြတ်တာပါ။အခုကျိုင်းတုံ မိုင်းလားလမ်း ဖွင့်ပြီဆိုတော့ အဲ့ဒီကနေ တင်ပို့နေကြတယ်” ဟု ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောဆိုထားသည် ။


 တရုတ်ဘက်သို့ ဖရဲသီးတင်ပို့ရောင်းချရာတွင် လက်ရှိမှာ  ဖရဲသီးတစ်တန်ကို တရုတ်ငွေ ယွမ် ၆၀၀၀ (တ ရုတ်ငွေ တစ်ယွမ် ၄၆၂ကျပ်ဖြင့် တွက်ပါက ဖရဲတစ်တန်-ကျပ်၂၇သန်း၇သောင်းကျော်)မှ ယွမ် ၆၅၀၀ (ကျပ်သိန်း၃၀ ကျော်)အထိရ ရှိနေသဖြင့် ကုန်သည်များနှင့်တောင်သူကြီးများမှ  စွန့်စားပြီးတင်ပို့မှုရှိနေ သော် လည်း ဖရဲအပျက် အ ဆီးပေါ်ပါ က အရှုံးဖြင့်ရင်ဆိုင်ရနိုင်သောကြောင့် အရည်အသွေးကောင်းသည့် ဖရဲကို သာ ရွေးချယ် တင်ပို့သင့်ကြောင်း ၎င်းမှ အကြံပြုပြောဆိုသည်။


“မူဆယ်ကပဲသွားသွား ၊ ကြိုက်တဲ့ဆီကသွား ပြည်တွင်းမှာတောင် အပယ်သီးရှိတယ်၊ပြောချင်တာက ဖရဲတခု ထဲမဟုတ် ဘူး ကုန်စိမ်းမှာကျ risk ကိုယူရတယ်၊အချိန်ကြာလာတာနဲ့ ကုန်စိမ်းရဲ့သဘာဝပြိုကွဲပျက်စီး တာပဲ၊ တင်တဲ့နေရာမှာရော ရိတ်သိမ်းချိန်အားနည်းမှု သီးနှံရင့်မှည့် မှုကိုမသိဘဲ တင်လိုက်တဲ့အခါအပျက်အစီးပို များ မယ်၊ကိုယ်သွားရမယ့် ခရီးနဲ့ ကိုယ်သွားရမယ့်ရက်ကို ကုန်စိမ်းမှာ right time ဖြစ်ရတယ် right time ကိုနား မလည်ဘူးဆိုရင် ပျက်စီးမှုပိုများမယ်ပြောချင်တာက ကိူယ်သွားမယ်လမ်းက ဘယ်နှစ်ညအိပ်ရမလဲ အချိန်နာရီ ကဘယ်လောက်ကြာမလဲ အဲ့ဒါဆိုရင်ဘယ်အနေအထားကိုခူးရမလဲဆိုတာကိုဒီr risk ကိုယူပြီးခူးရတာ အဲ့ဒါ တောင် မှဟိုဘက်ရောက်ရင် လတ်ဆတ်မှုအရရော ပယ်တန်ကတော့ရှိပါတယ်”ဟု ဖရဲပွဲရုံပိုင်ရှင် ကိုသစ္စာမှ ပြောပြသည်။


 ဗန်းမော် – လွယ်ဂျယ် ဂိတ်မှ ဖရဲတင်ပို့ရာတွင် ပစ္စည်းသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်သည် မူဆယ် နယ် စပ်ဂိတ်မှတင်ပို့သည့် ကုန်ကျစရိတ်ထက် နောက်ထပ် တစ်ဆဝန်းကျင် ပိုမိုကုန်ကျသဖြင့် ဖရဲကားတစ်စီး တ ရုတ်ဘက်သို့အရောက်ဆိုပါက သယ်ယူပို့ဆောင်ရေးနှင့် ဖရဲသီးအဖိုးခ အပါအဝင်ဆိုလျှင် သိန်း ၂၅၀ မှ ၃၀၀  ဝန်းကျင် ရှိကြောင်းသိရသည်။


ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ – မိုင်းလား လမ်းဖက်မှ တင်ပို့နိုင်မှုသည်လည်း ကုန်ကျစရိတ်မြင့်သည့်အပြင် တရုတ်နိုင်ငံမှ မြန်မာ ကုန်ကားများကို တိုက်ရိုက်မောင်းဝင်ခွင့် မပြုသဖြင့် တရုတ်ကားများဖြင့် ရှန်တိန် (ပြောင်း လဲတင်ပေးရခြင်း)စနစ်သုံးကာ ခေါက်တိုကြေးပေးပြီး ငှားရခြင်းကြောင့် ကျပ်၃၅ သိန်း ထပ်မံကုန်ကျမှုရှိကြောင်း သိရသည်။သို့သော် မိုင်းလားနယ်စပ်လမ်းကြောင်းသည် မန္တလေးမှ သွားလာရေး အဆင်ပြေပြီး လမ်းခရီးတွင် အချိန် ၃ရက်ခန့်သာ ကြာမြင့်ကြောင်း သိရသည်။


တရုတ်နိုင်ငံမှ ဈေးကောင်းပေးပြီး မြန်မာဖရဲများကို ဝယ်နေသော်လည်း  ပြည်တွင်းမိုးဖရဲအတွက်နည်းခြင်း၊ နယ်စပ် ကုန်သွယ်ရေးဂိတ်များသို့ ကုန်စည်တင်ပို့ရန် လမ်းခရီး ခက်ခဲခြင်းတို့ကြောင့် အနည်းငယ်သာ တင် ပို့ရောင်းချနိုင်ကြောင်း ကုန်သည်အချို့ကပြောသည်။


တရုတ်နိုင်ငံသို့တင်ပို့ရောင်းချရန် ခက်ခဲနေချိန်တွင် ရန်ကုန ်ဈေးကွက်တွင် ဖရဲသီးတစ်တန်လျှင် ကျပ်သိန်း ၆၀မှ သိန်း၇၀ အကြားသာဈေးရရှိပြီး တစ်ရက်လျှင် ကား၅စီးမှ ၆စီး အဝင်ရှိကြောင်း သိရသည်။ယခင်လ အောက်တိုဘာလ ဒုတိယ ပတ်လောက်အထိ တရုတ်ကို ဖရဲတင်ပို့မှု တွက်ချေမကိုက်သဖြင့် မတင်ပို့ဘဲ  ပြည် တွင်း ဈေးကွက်ကိုသာ အဓိကထားရောင်းချခဲ့ရသည့်အတွက် တောင်သူများ၊ကုန်သည်များ အရှုံးနှင့်ရင်ဆိုင် ခဲ့ရကြောင်းသိရသည်။

 Chit Khon cho (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *