မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု မရပ်တန့်ရေး ရှမ်းရှေ့မိုင်းလားနယ်စပ်ဂိတ်မှ ပို့ကုန်၊ သွင်းကုန်အခွန် ထက်ဝက်ခန့်လျော့ပေး

နိုဝင်ဘာ ၁၅


မြန်မာ၊တရုတ်နယ်စပ် မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းများ ပိတ်ထားရချိန်တွင် ရှမ်းပြည်နယ် အရှေ့ ပိုင်း မိုင်းလား – တာလော့ဂိတ်ကို  ဖြတ်သန်းပြီး ကုန်သွယ်ရေး လုပ်ဆောင်မည် ဆိုပါက အခွန်ထက် ဝက်လျှော့ပေးနေ ကြောင်း အခွန်ဦးစီးဌာန၊ ရှမ်း ပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မှအသိပေး ထုတ်ပြန် သည်။


ကုန်စည်ခွန်များ လျှော့ပေးခြင်းကို နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက စတင်ဆောင်ရွက်နေကြောင်း၊ ယခုကဲ့ သို့ ဖြေလျှော့ပေးခြင်းသည် အထက်ညွှန်ကြားချက်အရ အခွန်ဦးစီးဌာနမှ ဖြေလျှော့ပေးခြင်းဖြစ်သည်ဟု ရှမ်းြ ပည် အရှေ့ပိုင်း အထူးဒေသ (၄) အခွန်ဦးစီးဌာနမှ ပြောဆိုထားသည်။လက်ရှိ မိုင်းလား – တာလော့မှကုန်သွယ် မှုလုပ်နေသည့် ဖရဲသီး ကားများ အပါအဝင် အခြားကုန်စည်များအတွက် အခွန်တဝက်သက်သာ သွားပြီဖြစ် ကြောင်း ဖရဲကုန်သည်များထံမှသိရသည်။


” အခွန်တဝက်တော့သက်သာ သွားတာဟုတ်ပါတယ်။ ၈ သိန်းပေးရတာ ခု ၄ သိန်းပေါ့ ၊ ကျန်တာက  အရင် တိုင်းပဲ ၊အခုဖရဲမှာ ဆိုရင် သူတို့သတ်မှတ်ထားတာရှိတယ်။ တစ်စီးကို တရုတ်ငွေပေါက်ဈေးနဲ့တွက်ရင် ၈ သိန်း လောက်ကျတယ်။ ” ဟု ဖရဲကုန်သည်တစ်ဦး မှပြောသည်။ လက်ရှိတွင် မိုင်းလား – တာလော စစ်ဆေးရေးဂိတ်မှ တရုတ်ဘက်သို့ ပြည်တွင်း မှ ဖရဲသီးကားများ စတင် တင် ပို့နေပြီး အခြားသော ပြောင်း အပါအဝင်း သီးနှံများလည်း တင်ပို့ရန် စီစဉ်နေကြကြောင်းသိရသည်။


ယင်းအပြင် မိုင်းလား တာလောဂိတ်မှ တရုတ်ကုန်ပစ္စည်းလည်း မြန်မာဘက်သို့တင်သွင်းမှုရှိသော်လည်း ကုန် ကျစရိတ်ကြီးမြင့်ခြင်းကြောင့် ကုန်သွယ်မှု နည်းနေသေးကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *