သယ်ယူပိုဆောင်ရေး အခက်အခဲကြောင့် ကုန်စိမ်းများ ထွက်ရှိရာဒေသတွင် ဈေးလျော့ကျသော်လည်း စားသုံးသူမှ ဈေးကြီးပေးနေရ

နိုဝင်ဘာ ၁၅


သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ကုန်စိမ်းသီးနှံများစိုက်ပျိုးထုတ်လုပ်သည့် ဒေသတွင် ဈေးအနည်းဆုံးသာရရှိနေသာ်လည်း ရန်ကုန်မြို့အပါအဝင် လက်လီဈေးကွက်တွင် ပစ္စည်းပြတ်လပ်ပြီး ဈေးနှုန်းကြီးမြင့်မှုကို ကြုံ တွေ့နေရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တွင် ဖြစ်ပွားနေသော  နိုင်ငံရေးမတည်ငြိမ်မှု များ၊ စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပေါ်နေ သည့် နိုင်ရေးမတည်ငြိမ်မှု ၊ မူဆယ် ၊ ကချင်ပြည်နယ်၊ ရခိုင်၊ လွိုင်ကော် စသည့် နယ်များတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်သို့ ကုန်စိမ်းများတင်ပို့ရန် အခက်အခဲများဖြစ်ပေါ်ကာ မတင်ပို့နိုင်သဖြင့် လက္ကား ဈေး ကွက်တွင် ဈေးနူန်များကျဆင်းနေကြောင်း ကုန်သည်အချို့ကပြောသည်။
အလားတူ လမ်းပန်းဆက်သွယ်ရေးနှင့်နယ်မြေလုံခြုံရေးအရပင် ပြည်တွင်းဒေသများသို့လည်း ကုန်စိမ်းများ မ တင်ပို့နိုင်သည့်အတွက် စစ်ဖြစ်ရာဒေသများနှင့် အခြားမြို့နယ်တို့တွင် ဟင်းသီးဟင်းရွက်၊ အသီးအနှံများ အပါ အဝင် ကုန်စိမ်းများ ဝင်ရောက်မှုနည်းပြီး ဈေးနူန်းများမြင့်တက်နေခြင်းဖြစ်နိုင်ဟု ကုန်စိမ်းပွဲရုံပိုင်ရှင်တစ်ဦးမှ သုံး သပ်သည်။
” အခု ကုန်စိမ်းတော်တော်များများဈေးတွေကျကုန်တယ်၊ ပစ္စည်းတွေကတော့ နေ့တိုင်းအဝင်ရှိတယ်၊ အဓိက သွားလာရေးအဆင်မပြေတော့ အဝယ်က နည်းသွားတယ်၊ဒီတော့ ဈေးကကျတယ်၊ဒီရှမ်းပြည်ဘက်သာ ကျနေတာ တခြားဘက်တွေတော့ ဈေးတွေက တက်နေတယ်ဆိုပြီး လာပြောကြတာလည်းရှိတယ်။ ” ဟု အောင်ပန်းမြို့ ကုန်စိမ်းရောင်းချနေသူတစ်ဦးမှပြောသည်။
လက်ရှိ ရှမ်းပြည်နယ် အောင်ပန်းမြို့ ကုန်စိမ်းဈေးကွက်တွင် လူအများစု စားသုံးမှုရှိသည့် မုန်ညှင်းထုပ်က တစ်ပိသာကို ၆၀၀ ကျပ်၊ ဂေါ်ဖီထုတ် ၆၀၀ မှ ၈၀၀ ကျပ်၊ မုန်လာဥနီက တစ်ပိဿာကို ၁၁၀၀ မှ ၁၃၀၀ ကျပ်၊ ပန်းပွင့်(ပန်းဂေါ်ဖီ) ၁၀၀၀ ကျပ်၊ ခရမ်းချဉ်သီးက တစ်ပိဿာကို  ၅၀၀ ကျပ်မှ ၁၃၀၀ ကျပ်အထိ သာဈေးနူန်း ရှိကြောင်းသိရသည်။
လက္ကားဈေးကွက်တွင်မူ မုန်ညှင်းထုပ်တစ်ပိဿာကို ၅၀၀၀ ကျပ် ၊ ဂေါ်ဖီထုတ်တစ်ထုတ်ကို ၂၀၀၀ ကျပ်၊ ပန်း ဂေါ်ဖီ ၂၀၀၀ ကျပ်၊ခရမ်းချဉ်သီးတစ်ပိဿာကို ၃၀၀၀ ကျပ်ထိ ဈေးမြင့်တက် ရောင်းချမှု ရှိကြောင်း လက်လီဈေး ကွက်မှ သိရသည်။
” အခု ဒီနေ့ဆို ပစ္စည်းတွေအဝင်မရှိလို့ ပြတ်နေတာရှိတယ်၊ဈေးတွေလည်းထပ်တယ်။ ဂေါ်ဖီဆိုဈေးထပ် တက် တယ်။ မုန်ညှင်းဆို မဝင်လို့ပစ္စည်းပြတ်နေတယ် ” ဟု ပြည်မြို့နယ် ကုန်စိမ်းရောင်းချနေသူ မမာဆွေမှပြော သည်။
လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေ အနေများကြောင့်  ကုန်စည် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လမ်းပန်း ဆက်သွယ်ရေးအခြေအနေအခက်အခဲများကြောင့်  ကုန်စိမ်းသီးနှံများ ပို့ဆောင်နိုင်ခြင်းမရှိသဖြင့် ပစ္စည်း ပြတ် လတ်မှုများရှိလာသည့်အပြင် လက်လီဈေးကွက်တွင်ဈေး နူန်းမြင့်တက်လာနေခြင်းဖြစ် ကြောင်းသိရသည်။
ကုန်စိမ်းသီးနှံများကို ရှမ်းပြည်နယ်တွင် အဓိကစိုက်ပျိုး မှုရှိပြီး ယင်းပြည်နယ်မှတဆင့် ရန်ကုန်ဈေးကွက် ၊ မန္တလေး ဈေးကွက် အပါအဝင် မြို့နယ်အသီးသီးသို့ တင်ပို့ရောင်းချရခြင်းဖြစ်ကြောင်းသိရသည်။
..

Chit Khon Cho (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *