နယ်စပ်ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့၍မရသောကြောင့် ဂျင်းများအဝယ်ရပ်ထားရဟုဆို

နိုဝင်ဘာ ၂၃

နယ်စပ်ကုန်သွယ်ရေးများရပ်ဆိုင်းနေခြင်းကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ တင်ပို့၍ မရသောကြောင့် ဂျင်းများအဝယ်ရပ်ထားကြောင်း ဂျင်းကုန်သည် တချို့ထံမှ ပြောပါတယ်။

ပြည်တွင်း ဂျင်း ကို ဘင်္ဂလားဒေ့ရှ့်နိုင်ငံ သို့အဓိက တက်ပို့နေရခြင်း ဖြစ်ပြီး အဆိုပါ နိုင်ငံသို့ တင်ပို့နေသည့် အဓိက လမ်းကြောင်း ဖြစ်သည့် ရှမ်းပြည်နယ် -ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း များ တွင် တိုက်ပွဲများ ဖြစ်ပေါ်နေ၍ လမ်းကြောင်းများ ပိတ်ထားသည့် အတွက် ဂျင်း အဝယ်ရပ်ထားရတယ်လို့၎င်းတို့က‌ပြောပါတယ်။

“ ဂျင်းကို ရှမ်းပြည်မှာ အဓိက ထား စိုက်ကြတာ ။ ရှမ်းပြည်နယ်ကနေ ရခိုင် ကို အရင်သွားပြီး မှဘင်္ဂလာဒေ့ ကို တင်ပို့ကြတာ။ အခု ရခိုင်ပြည်နယ် တောင်ဂုတ်ကနေ သွားရတာ တောင်ဂုတ်မှာ တိုက်ပွဲဖြစ်ပြီး ပိတ်သွားတော့ ဘာမှ လုပ်မရ။ အောင်ပန်းမှာ ဝယ်မဲ့သူမရှိဖြစ်သွားတယ် ။ရောင်းမယ်လို့ အားခဲထားတာ အခု တိုက်ပွဲနဲ့ တိုးသွားတယ် ။ ပစ္စည်း တွေ ပုံနေပြီး စျေးကျသွားတယ် ၊၂၅၀၀ အထိ ကျသွားတယ် “ ဟု ရှမ်းပြည်နယ်မှ ကုန်စည်အမျိုးမျိုး ရောင်းဝယ်လုပ်ကိုင်သူ တစ်ဦး ကပြောသည်။

ယခင် ရက်ပိုင်းက ဂျင်း တပိဿလျှင် ၃၈၀၀ ကျော် ထိ ရှိခဲ့ ပြီး လက်ရှိအောင်ပန်း တွင် ၂၅၀၀ ကျပ် အထိ စျေးပြုတ်ကျ သွားကြောင်း သိရပါတယ်။တချို့ နယ်‌တွမှာ ဂျင်း တပိသာလျှင် ၁၀၀၀ ကျပ်အထက် သာ ရှိတော့ ကြောင်း ကုန်သည်အချို့ကပြောပါတယ်။

ပြည်တွင်း ဂျင်း ကို အဓိက ရှမ်းပြည်နယ် တွင် အဓိက ထား စိုက်ပျိုး ကြပြီး ဘင်္ဂလားဒေ့ရှ့်နိုင်ငံ သို့အဓိက တက်ပို့နေရခြင်း ဖြစ်ပါတယ်။လက်ရှိ ကာလမှာ ဂျင်းပေါ်ချိန် ဖြစ်ပြီး နှစ်စဉ်ဘင်္ဂလားဒေရှ့်မှ ဂျင်းဝယ်ချိန် အများဆုံးဖြစ်ကာ အများဆုံး တင်ပို့ ရသည့် ကာလဖြစ်ပါတယ်။

“ အခု ကာလက ဂငှှးပေါပှှီး ဘငှဂွလားဒရွှေ့ကို တငပွို့နကှပှေီး အရငနွှဈက တပိူကို ၄၀၀၀ကှောနွပှေီးအခုတောတွောကွသှှားတာ ၊အဓိက ရှမွးပှညနွယွ ၊စဈတှေ တောငကွုတွ လမွးပိတထွားရလို့ ။ အောငပွနွး ကထှကတွော့ အဓိက ကုနစွညတွှကေ တော့ အောငပွနွးမှတော့ ကှ မှာပဲ ။တခှို့ နယတွှတေော့ သယယွူပို့ဆောငရွေး ခကခွဲသှားတော့ စှေးတှကေ တကွ နကှေ မှာပါ။ “ အောငပွနွးမှ ဂငွှး နှငွ့ ကုနစွမွးကုနသွညတွဈဦးက ပှောသညွ။

ပြည်တွင်း အားထား တင်ပို့မည်ဆိုပါကလည်း လားရှိုး ၊မူဆယ် ဘက်သို့ တင်ပို့၍ မရတော့ကြောင်း ကုန်သည်များက ဆိုသည်။မြန်မာနိုင်ငံတွင် ဂျင်း အား ရှမ်းပြည်နယ် တောင်ပိုင်းတွင်အဓိက
ထား စိုက်ပျိုးကြကြောင်း သိရပြီး ယခုနှစ်တွင် အထွက်နှုန်းများကြောင်းလည်းသိရပါတယ်။

ဖိုးချဲ (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *