မြန်မာ၊တရုတ် အဓိက နယ်စပ် ကုန်သွယ်ရေး မူဆယ်လမ်းကြောင်းမှ ပို့ကုန် တင်ပို့မှု လျော့ကျ

နိုဝင်ဘာ-၂၃


မြန်မာ၊တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ အဓိက ကုန်သွယ်ရေး လမ်းကြောင်း ၂ခုဖြစ်သည့် မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်နေပြီး ကုန်သွယ်မှု ရပ်ဆိုင်းနေတာ ကြောင့် ယခု ဘဏ္ဍာနှစ် ၈လကျော်အတွင်း ပို့ကုန်တန်ဖိုးက ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာသန်း၁၃၀ ကျော် လျော့နည်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ ဖေါ်ပြထားပါတယ်။


ယခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလ ၁၁ရက်အထိ မြန်မာမီ တရုတ်သို့ ပို့ကုန် ဒေါ်လာသန်း ၁၀၉၅ ကျော် သာ တင် ပို့ နိုင်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူမှာ ပို့ကုန် ဒေါ်လာ သန်း၁၂၂၅သန်းကျော် တင်ပို့ထားတယ်လို့ စိးပွာ၊ ကူးသန်း ဝန်ကြီးဌာန စာရင်းများတွင် ဖေါ်ပြထားပါတယ်။


“နယ်စပ်က တစ်လလောက်ရှိပြီ ပိတ်နေတော့ ပို့ကုန်က ကျမှာဘဲ။ လမ်းအခြေအနေကြောင့် ဘာမှပို့လို့ မရသ လို ဟိုဘက်နိုင်ငံကလည်း သွင်းလို့မရဘူး”ဟု မူဆယ်မြို့မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
မြန်မာ၊တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံမှ ဆန်၊ ပဲ၊ ပြောင်း အပါအဝင် လယ်ယာထွက်ကုန်များ၊ ဖရဲ၊သခွားမွှေး သစ်သီးများအပါအဝင် ကုန်စိမ်းသီးနှံများကို မူဆယ်နယ်စ်ပကုန်သွယ်ရေးမှ အဓိကတင်ပို့ပြီး ကဏန်း၊ ငါးရှဉ့် အပါအဝင် ရေထွက်ကုန်များကို ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် တင်ပို့ နေခြင်းဖြစ်ပါတယ်။
လက်ရှိပွင့်လင်းရာသီမှာ မြန်မာနိုင်ငံ၏ အဓိကပို့ကုန်တစ်မျိုးဖြစ်သည့် ဖရဲ၊သခွားမွှေးများကတော့ ကုန်သွယ် ရေး လမ်းကြောင်းအသစ်ဖြစ်သည့် မိုးလား၊ တာလော့နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တင်ပို့နေပါတယ်။
လမ်းကြောင်းကြာမြင့်မှု၊ လမ်းကြောင်းပိတ်ဆို့မှု ၊ကုန်စည်ပို့ဆောင်စရိတ်ကြီးမြင့်မှု ၊ကုန်သွယ်ရေး လမ်းကြောင်း ရှည်သည့်အတွက် အချိန်ကြန့်ကြာမှု စတယ့် စိန်ခေါ်မှုတွေရှိနေသော်လည်း လမ်းကြောင်း သစ်မှ တင်ပို့မှုကို ကုန်သည်များ၊ စိုက်ပျိုးသူတောင်သူများက ကြိုးစားနေကြပါတယ်။


ကုန်စိမ်းသီးနှံများဖြစ်ခြင်းကြောင့် လေလွင့် ဆုံးရှုံးမှု မဖြစ်စေရန် ကြိုးစားနေခြင်းဖြစ်ပြီး အခြားသော ကုန်စည် များတင်ပို့နေသည့် ကုန်သည်အများ စုက တော့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်မည့် အခြေအနေ ကို စောင့်ကြည့်နေကြပါတယ်။


မူဆယ် နယ်စပ်မှ ပို့ကုန်တင်ပို့မှု လျော့နည်းသွားသော်လည်း ကျန်ကန်ပိုက်တီး၊ ကျိုင်းတုံ၊ ကုန်ပိုက်တီ စသည့် ကုန်သွယ်ရေး လမ်းကြောင်းများမှ ပို့ကုန်များက တိုးတက်တင်ပို့ထားနိုင်သည်ကို စီးပွား၊ ကူးသန်း ဝန်ကြီးဌာန စာရင်းများတွင် ဖေါ်ပြထားပါတယ်။


မြန်မာနိုင်ငံသည် အိမ်နီးချင်းငါးနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ဆာင်ရွက်နေပြီး ယခုဘဏ္ဍာနှစ် ၈လကျော်အတွင်း စုစုပေါင်း ပို့ကုန် ဒေါ်လာ ၃ဒသမ၅ဘီလီယံ တင်ပို့ထားပါတယ်။နယ်စပ်ကုန်သွယ်ရေးဖြင့် အိမ်နီးချင်းနိုင်ငံများကို အဓိက ပို့ကုန်က လယ်ယာထွက်ကုန်များ ၊သစ်သီးဝလံများ၊ မွေးမြူရေးထုတ်ကုန်များနှင့်
ရေထွက်ကုန်များကို တင်ပို့နေပါတယ်။


ပြည်သိမ်း

Leave a Reply

Your email address will not be published. Required fields are marked *