သယ်ယူပို့ဆောင်ရေးအခက်ခဲကြောင့် အရောင်းအဝယ်အေးပြီး ဆားကြမ်းဈေး ၃၀ ရာခိုင်နှုန်းကျဆင်း

နိုဝင်ဘာ ၂၂


သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် အရောင်းအဝယ်အေးပြီး ပြည်တွင်းဆားကြမ်းဈေးနှုန်း ၃၀ ရာခိုင်နှုန်း ကျော် ကျဆင်းလာတယ်လို့ မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ပြန်ကြားရေး ဦးနိုင်ကပြောပါတယ်။
ဆားကြမ်းဈေးကွက်ဟာ အရင်လ အောက်တိုဘာက နေလှန်းဆားကြမ်း တစ်ပိဿာကို ၂၅၀ ကျပ်ရှိခဲ့ပြီး  လက်ရှိနိုဝင်ဘာလမှာတော့  တစ်ပိဿာကို ၁၇၀ မှ ၁၈၀ ကျပ်သာရှိတော့တာကြောင့် တစ်ပိဿာကို ၈၀ ကျပ်လောက်ဈေးကျဆင်းလာပါတယ်။


ဆားကြမ်းဈေးနှုန်းကျဆင်းရခြင်းက ပြည်တွင်းက ဒေသတော်တော်များများကို သယ်ယူပို့ဆောင်ဖို့ အခက်အခဲ တွေရှိလာတာကြောင့် ဝယ်လိုအားနည်းလာသဖြင့် လက်ရှိဈေးထက်လည်း ထပ်မံ ဈေးကျနိုင်တယ့်အခြေအနေ လည်းရှိနေတယ်လို့ ဆားထုတ်လုပ်ရေး လုပ်ကိုင်သူအချို့ကပြောပါတယ်။
” အခု ၁၈၀ ဆိုတာက ဈေးတန်းပဲရှိတယ် ၊အဝယ်မရှိတော့ဘူး ၊ရှေ့ဆက် ကျရိပ်ပဲရှိတယ် ၊အခု ၁၈၀ ကအခြေ ခံက ပြီးခဲ့တဲ အပတ်ကအရောင်းအဝယ်ဖြစ်သွားတဲ့ဈေးပေါ့။ခုရက်သူ့အောက်ကျလိမ်မယ်။ဆားဟောင်း လက် ကျန်တွေက ရှိသေးတယ်၊မကျန်သင့်မကျန်ထိုက်တဲ့ဆားကလည်းကျန်သွားတယ်၊ ” လို့ မွန်ပြည်နယ် ဆားလုပ် ငန်းရှင်များအသင်း ပြန်ကြားရေး ဦးနိုင်ဟု ဆားထုတ်လုပ်သူများ ကြုံနေရသည့် အခြေအနေကို ပြောပြပါတယ်။


ယခု ဖြစ်ပေါ်နေတဲ့ ဆားကြမ်းဈေးကွက်က အရင်ဆားကြမ်းရာသီ လက်ကျန် ဆားကြမ်း အဟောင်းဈေးဖြစ် ကြောင်း ၊ ပြီးခဲ့တဲ့ ရာသီတုန်းက ဆားကြမ်းတစ်ပိဿာကို ထုတ်လုပ်မှုကုန်ကျစရိတ်အရင်းသည် ၁၁၀ ကနေ  ၁၂၀ ကျပ်ရှိခဲ့တယ်လို့သိရပါတယ်။


လာမယ့် ဆားကြမ်းထုတ်လုပ်တဲ့ရာသီမှာဆိုရင် ဆားကြမ်းထုတ်လုပ်မှုကုန် ကျစရိတ်က ပိုပြီးမြင့်တက်လာ နိုင် တာကြောင့် ဆားကြမ်းဈေး ကွက်ကျပါက တောင်သူတွေအရှုံးပေါ်နိုင် တယ် လို့ သိရပါတယ်။
ပြီးခဲ့သည့နှစ်က ဆားကြမ်းထုတ်လုပ်ရာတွင် တစ်ပိသာ ၁၂၀ ကျပ် ထုတ်လုပ်သူအတွက်အရင်းရှိ နေသော် လည်း ယခုနှစ်မှာ လုပ်သားခ၊ စက်သုံးဆီဈေးမြင့်တက်သည့်အတွက် ထုတ်လုပ်မှု စရိတ်ကာမိသော အရင်းရရှိ ရေးကိုပင် မသိသေးကြောင်း ဦးနိုင်ကရှင်းပြပါတယ်။


ဆားထုတ်လုပ်ရာသီတွင် မိုးရွားသွန်းမှုများရှိနိုင်သည့် လာ နီညာရာသီဥတုနှစ်မျိုးဆိုလျှင် ထုတ်လုပ်ရေးများ နှောင့်နှေးပြီး အထါက်နည်းခြင်းကြောင့် ဈေးမြင့်တက်တယ်လ့ို လည်း ၎င်းကပြောပါတယ်။
ဆားတောင်သူများထုတ်လုပ်သည့် ဆားကြမ်းကို စက်ရုံများက ဝယ်ယူပြီး ရေလုပ်ငန်းအတွက် ဆား၊ အိမ် သုံးဆား စသည်ဖြင့် ကုန်ချောထုတ်လုပ်၍ တစ်နိုင်ငံလုံးကို တင်ပို့ရောင်းချခြင်းဖြစ်ပါတယ်။
လက်ရှိမှာ တောင် သူတွေရောင်းချသည့် ဆားကြမ်းဈေးကွက်ကျဆင်းနေတယ်ဆိုပေမဲ့ ပြင်ပစားသုံး သူဈေး ကွက် မှာ ဆားကြမ်းတစ်ပိဿာ ၃၀၀ ကျပ်၊ ဆားချောတစ်ပိဿာကို ၆၀၀ ကျပ်၊အိုင်အိုဒင်းဆား တစ်ထုတ်ကို ၃၀၀ ကျပ် ရောင်းချနေပါတယ်။


ဧရာဝတီတိုင်းက မြန်မာနိုင်ငံတွင် ဆားထုတ်လုပ်ရေး လုပ်ငန်းစုစုပေါင်း ၈၀ရာခိုင်နှုန်း ထုတ်လုပ်ပြီး မွန်ပြည် နယ်က ၁၂ ရာခိုင်နူန်း ၊ရခိုင်ပြည်နယ်က ၆ ရာခိုင်နူန်း နဲ့ ကျန်တဲ့ ၂ ရာခိုင်နူန်း ကတော့ ထားဝယ်အပါအဝင် နေရာအချို့မှာ ထုတ်လုပ်နေပါတယ်။
မွန်ပြည်နယ်မှာ ဆားကွင်းဧကပေါင်း ၅၀၀၀ ဝန်းကျင်လောက်ရှိပြီး  နှစ်စဉ် ဆားတန်ချိန် ၆ သောင်းခန့် ထုတ် လုပ်နေတယ်လို့ ဆားလုပ်ငန်းရှင်များအသင်းရဲ့ အချက်အလက်တွေ အရ သိရပါတယ်။

 Chit Khon Cho (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *