မြန်မာတနိုင်ငံလုံးမှာ မိုးရွာသွန်းမှုနည်းသွားပြီး သာယာမယ်

နိုဝင်ဘာ ၂၅

မြန်မာတနိုင်ငံလုံးမှာ ဒီနေ့ကစပြီး နိုဝင်ဘာလကုန်အထိ  မိုးရွာသွန်းနိုင်ချေနည်းသွားပြီဖြစ်တယ်လို့  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့  စိုက်ပျိုးရေး မိုးလေဝသ သတင်းထုတ်ပြန်မှု အရ သိရပါတယ်။ 

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ မိုးရွာသွန်းနိုင်မှုအနေနဲ့  နေရာကျဲကျဲ မှ နေရာစိပ်စိပ်သာ ရှိနိုင်ပြီး မန္တလေး တိုင်း၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်မှာတော့ နေရာကွက်ပြီးသာ မိုးရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 ကချင်ပြည်နယ် ၊စစ်ကိုင်းတိုင်း ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်း မှာတော့ တိမ်အသင့်တင့်မှ တိမ်ထူထပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ 

” ခုကာလက ဆောင်းရာသီဖြစ်လို့  မိုးရွာရင်တောင် အများကြီးတော့ မဟုတ်ပါဘူး၊ခုရာသီမုန်တိုင်းကလည်း မြန်မာကို ဖြတ်လေ့ဖြတ်ထမရှိပါဘူး။ ” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောဆိုထားပါတယ်။

အလားတူ မိုးလေဝသအချက်အလက်တွေကို ခန့်မှန်းပေးနေတဲ့ စုစုစံကလည်း မြန်မာနိုင်ငံ မှာရာသီဥတုသာယာနေပြီး အအေးပိုလာနိုင်တယ်လို့ပြောဆိုထားပါတယ်။

စိုက်ပျိုးရေးကဏ္ဍအတွက် ပင်ငွေ့ ရေငွေပျံနူန်းအခြေအနေကတော့ ကချင်ပြည်နယ် ၊ရှမ်းပြည်နယ် အရှေ့၊ကယားပြည်နယ် ၊ပဲခူးတိုင်း၊ရန်ကုန်၊ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ၊ တနင်္သာရီ တိုင်းတွေမှာ ပင်ငွေ ရေငွေ့ပျံနူန်းသည် ၁၂ မီလီမီတာကနေ ၂၂ မီလီမီတာရှိပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့ ၂၃ မီလီမီတာကနေ ၃၃ မီလီမီတာအတွင်းရှိတယ်လို့သိရပါတယ်

မြေဆီလွှာရေအောင်အခြေအနေကချင်းပြည်နယ်မှာ  ပြည့်ဝအခြေအနေရှိပြီး  စစ်ကိုင်းတိုင်းအောက်ပိုင်း၊ရှမ်းပြည်နယ် ၊ဧရာဝတီတိုင်း၊ပဲခူးတောင်ပိုင်း၊ ရန်ကုန်တိုင်း ၊တနင်္သါရီတိုင်းမှာ စိုစွတ်အခြေအနေ ရှိကာ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့   ခြောက်သွေ့အခြေအနေရှိတယ်လို့သိရပါတယ်။

လေထုစိုထိုင်းဆအနေနဲ့ကတော့  ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းမှာ ၆၄ ဒီဂရီဖာရင်ဟိုက်မှ  ၇၄ ဒီဂရီဖာရင်ဟိုက်အတွင်း၊

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်၊ကယားပြည်နယ်၊ပဲခူးတိုင်းအရှေ့နဲ့တောင်ပိုင်း၊ တနင်္သာရီတိုင်း ၊ရန်ကုန်တိုင်းတွေမှာ ၇၅ ဒီဂရီဖာရင်ဟိုက်ကနေ  ၈၅ ဒီဂရီဖာရင်ဟိုက်ရှိပြီး 

ကျန်တိုင်းနဲ့ပြည်နယ်မှာတော့  ၈၆ ဒီဂရီဖာရင်ဟိုက် မှ ၉၆ ဒီဂရီဖာရင်ဟိုက်အထိရှိတယ်လို့မိုးဇလကခန့်မှန်းထားပါတယ်။

ချစ်ခွန်းချို( AMIA) 

Leave a Reply

Your email address will not be published. Required fields are marked *