တရုတ်သို့ သခွားမွှေးတင်ပို့ရာတွင် လမ်းခရီးကြန့်ကြာမှုကြောင့် ပယ်သီးများပြီး ဆုံးရှုံးမှုများ ကြုံနေရဟုဆို

ရန်ကုန်၊နိုဝင်ဘာ ၂၃


ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလား – တာလော့ဂိတ်သို့ သခွားမွှေးအသီးများ တင်ပို့ရောင်းချရာတွင် လမ်းခရီး တွင် အချိန်ကြန့်ကြာမှုကြောင့် အရည်အသွေး ကျဆင်းပြီး ပယ်သီးများခြင်းကြောင့် ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေ ရတယ်လို့ ပို့ကုန်လုပ်ငန်းရှင်အချို့ကပြောပါတယ်။


တရုတ်မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေး ဇုန်တွေ က နေ ကုန်သွယ်မှုမလုပ်နိုင်တာကြောင့် တင်ပို့မှုရပ်နားထားရာကနေ နိုဝင်ဘာ ၂၁ ရက်ကစပြီး သခွားမွှေး ကို တာ လော့ ဂိတ်ကနေ စမ်းသပ်တင်ပို့နေကြတာဖြစ်ပါတယ်။


မိုင်းလား တာလော့ဂိတ်ကနေတင်ပို့ရာမှာ လမ်းခရီး ပိုင်းအနေနဲ့ ၅ ရက်လောက်ကြာမြင့်တာကြောင့် တရုတ် ဘက်ခြမ်း တာလော့ အသီးရောင်းကွင်းကို သခွားမွှေး ကားတွေရောက်ရှိချိန်မှာ အသီးအရည်အသွေး မကောင်း တာများပြီး တရုတ် ဝယ်လက်တွေက ပယ်တဲ့အရေအတွက်များပြီး အရှုံးပေါ်နေရတာဖြစ်တယ်လို့သိရပါတယ်။


” အရင် ရက်က မှ သခွား ပထမ ၂ စီးဝင်တယ်၊နောက်ရက် ၄ စီးဝင်တယ်။ သခွါးသီးတစ်စီးကုန်ကျစရိတ်သိန်း ၁၀၀နဲ့ ၂၀၀  ကြား ရှိ တယ်၊စိုက်စရိတ်မပါသေးဘူး ၊ဒါကြောင့် နိုင်ငံခြားပို့ကုန်အဆင့်မမှီရင်ပြည်တွင်း ပဲရောင်း ကြပါ ၊ပြည်တွင်းရောင်းရင် စိုက်စရိတ်ပြန်ရအုံးမယ်။ ရောင်းဈေးကောင်းတယ်ဆိုပြီး အသီးဖြစ်ပြီးရော မတင်ကြ ပါနဲ့ ” လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။


သခွားမွှေး ကားသယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်အနေနဲ့ မန္တလေး-ကျိုင်းတုံ-မိုင်းလားခရီးစဉ်အတွက်ကားခ သိန်း ၇၀ ကျပ် ဝန်းကျင်ရှိပြီး ကျိုင်းတုံမှာ ပို့ကုန်ဂျူတီဆောင်၊ပိုးမွှားကင်းကြောင်းထောက်ခံချက်ယူ၊Form-E အချက်အလက်ဆောင်ရွက်ခြင်းအတွက်က  990000 ကျပ်ခန့် ကျသင့်ပြီး မိုင်းလားမြို့ရောက်ပါက အထူးဒေ သ(၄)ရဲ့ ကုန်သွယ်ရေးသတ်မှတ်ချက်အတိုင်းအခွန်တဝက်အဖြစ် ယွမ်ငွေနဲ့ပေးဆောင်ရကာ  (၂၂)သိန်းကျပ် ဝန်း ကျင်လောက်ကျသင့်တယ်လို့သိရပါတယ်။


နောက်ပြီး တရုတ်ပြည်ဖက်ခြမ်း တာလော့မှာသွင်းကုန်ဂျူတီ၊ ကားဝင်ခွင့်လက်မှတ်၊အစားထိုးယာဉ်မောင်းခ၊ ရောင်းကွင်းအထွေထွေကြေး၊ယာဉ်ရပ်နားခ စတာတွေအတွက်လည်း ယွမ်ငွေနဲ့ပေးသွင်းရပြီး  ၃၅ သိန်းကျပ် ဝန်း ကျင် ကုန်ကျတာကြောင့် အားလုံးပေါင်းကုန်ကျစရိတ်ဟာ သိန်း ၁၃၆ သိနိးအထက်မှာရှိတယ် လို့သိရပါ တယ်။ထိုကြောင့် တင်ပို့ဖို့အတွက် အရည်အသွေးကောင်းပြီး လမ်းခရီးဒဏ်ကို ခံနိုင်ရည်ရှိမယ့် အသီးမျိုးကိုသာ ရွေးချယ်တင်ပို့မှသာ အကျိုးအမြတ်ရရှိနိုင်မယ်လို့ကုန်သည်တွေက ဆိုပါတယ်။


“အရည်သွေးအဆင့်မမှီရင်လုံးဝလုံးဝမတင်သင့်ပါ၊အမှည့်ဆိုဒ်များသောအသီး၊အရည်ဓါတ်များသောအသီး၊
ရေနာစက်ပါသောအသီး၊ အသီးကြောပျော့သော အသီး၊ စိုက်ကတည်းက သေချာမပြုစု အစာမကျွေးသော အသီး ၊ ပြည်တွင်းရောင်းဖို့ ရည်ရွယ်ပြီး စိုက်ထားသော အသီးတွေဆို မတင်သင့်ပါဘူး။လမ်းခရီးကြမ်း တမ်းတဲ့ဒဏ် နဲ့ရက်ကြာခံနိုင်မှုရှိမရှိ အပါပေါ့ ” လို့ သူကထပ်မံပြောပါတယ်။


လကရြှိ တရုတပြှညဘြကမြှာ သခှားမှှေး တဈကီလိုကို ၄ ယှမမြှ ၇ ယှမအြထိ ဈေးပေါကနြကော သခှားမှှေးကား ဝငရြောကမြှုကလညြး နညြးနသေေးတယလြို့သိရပါတယြ။တရုတြ မှနမြာကုနသြှယရြးကို လကရြှိမှာ မိုငြးလား တာ လော့ဂိတကြနသော အဓိကပှုလုပလြိုရနတယေလြို့သိရပါတယြ။

 ချစ်ခွန်းချို (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *