ရန်ကုန်မြို့ပြင် မြို့နယ်တွေမှာ မီနီအိုးဝေကဲ့သို့ သုံးဘီးယာဉ်ငယ်များကို တရားဝင် ခွင့်ပြုရန်ရှိနေ ဟုဆို

နိုဝင်ဘာ၂၈
ရန်ကုန်မြို့ပြင် ဆင်ခြေဖုံးမြို့နယ်များမှာ မီနီအိုးဝေကဲ့သို့ သုံးဘီးယာဉ်ငယ်များကို တရားဝင်လိုင်စင်ဖြင့် ပြေးဆွဲခွင့်ရရှိရန် စီစဉ်ဆောင်ရွက်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောပါတယ်။


YBS ယာဉ်လိုင်းများ ပြေးဆွဲရန် ခက်ခဲပြီး ခရီးကွာဝေးသည့် လမ်းကြောင်းများတွင် လက်ရှိ ဆိုင်ကယ်တက္က စီ များ ၊ ဆိုက်တွဲများနှင့် တရားမဝင် သုံးဘီးယာဉ်များ ပြေးဆွဲတွေရှိနေပါတယ်။ ၎င်းတို့နေရာတွေမှာ တရားဝင် မီနီအိုး ဝေကဲ့သို့ သုံးဘီးယာဉ်ငယ်လေးတွေကို ဖြည့်တင်းပြေးဆွဲဖို့ ရည်ရွယ်ဆောင်ရွက်နေတယ်လို့ ပြောပါ တယ်။


“တရားဝင်လိုင်စင်နဲ့ဆိုရင်လည်း ကောင်းတာပေါ့။ ကျွန်တော်တို့က အခုလည်း အုံနာကြေးပေးပြီး ဆွဲနေတာ ဘဲ။ ကုမပဏီတွေလာရင်လည်း ပိုပြီး အဆင်ပြေတာပေါ့”ဟု ရွှေပြည်သာမြို့နယ်မှ သုံးဘီးဆိုက်တွဲ မောင်း နှင်သူ ကိုညီညီက ပြောပါတယ်။
လက်ရှိဆိုက်တွဲတစ်စီးကို အုံနာကြေးက ခရီးသည်ရရှိမှုနေရာပေါ်မူတည်ပြီး တစ်ရက် ၅၀၀၀ ကျပ် ဝန်းကျင်ရှိ တယ်လို့ ၎င်းကပြောပါတယ်။ဆိုက်တွဲတစ်စီးတန်ဖိုးက ကျပ်သိန်း၃၀ ဝန်းကျင်အနည်းဆုံးရှိတယ်လိုလည်း ရှင်းပြပါတယ်။

မီနီအိုးဝေကဲ့သို့ သုံးဘီးယာဉ်များ အစားထိုးဝင်လာမည်ဆိုပါက ဆိုက်တွဲများလည်း စီးနင်းသူ လျော့ကျသွားနိုင်တယ်လို့ အင်းစိန်မြို့နယ် ဆိုက်တွဲမောင်းသူတဦးက ပြောပါတယ်။ ဆိုက်ကားများနေရာတွင် ဆိုက်တွဲများအစားထိုးလာသကဲ့သို့၊ ဆိုက်တွဲများနေရာတွင် တရားဝင်လိုင်စင်ဖြင့် သုံးဘီးယာဉ်များဝင်လာခြင်းက သုံးစွဲသူခရီးသည်အတွက် ဘေးအန္တရာယ်ကင်းရှင်းမှု ပိုရှိလာနိုင်တယ်လို့ ၎င်းက ပြောပါတယ်။

ထိုင်းနိုင်ငံတွင် TokTok ဟု ခေါ်သည့် သုံးဘီးယာဉ်ငယ်များကို ကမ္ဘာလှည့်ခရီးသွားများ၊ နိုင်ငံခြားသားများ ကိုဆွဲ ဆောင်သည့်နေရာမှာ စီးနင်းစရာတစ်ခုအဖြစ် အသုံးပြုကြပါတယ်။ ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွား ဆွဲဆောင်မှုမှာ သုံးဘီးယာဉ်များ၏ အခန်းကဏ္ဍကလည်း အရေးပါနေပါတယ်။

မြန်မာနိုင်ငံတွင် သုံးဘီးယာဉ်များကို အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်များဖြစ်သည့် YBSလိုင်းကား၊ တက္ကစီများ တွင်ကျယ်စွာ အသုံးမပြုနိုင်သည့် မြန်မာနိုင်ငံ၏ ဒုတိယ စီးပွားရေးမြို့တော် ဖြစ်သည့်မန္တလေးနှင့် အခြားသော မြို့ကြီးများမှာသာ အသုံးပြုနေကြပါတယ်။
ရန်ကုန်မြို့တော်တွင် မြို့တွင်း မြို့နယ်များ၌ ဆိုင်ကယ်မစီးရ သတ်မှတ်ထားခြင်းကြောင့် သုံးဘီးယာဉ်များ၊ ဆိုက်တွဲများ သုံးစွဲမှုမရှိသော်လည်း အင်းစိန်၊လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ အပါအဝင် မြို့ပြင်မြို့နယ်တွေမှာ တရားမဝင် ကျယ်ပြန်စွာ သုံးစွဲနေပါတယ်။

 (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *