ပြည်တွင်းဈေးကွက်တွင် စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း တစ်လအတွင်း ၁၀ ရာခိုင်နှုန်းခန့်မြင့်တက်

နိုဝင်ဘာ၂၈


ပြည်တွင်းဈေးကွက်တွင် အခြေခံလူတန်းစားများ အဓိမှီခိုစားနေရသည့် စားအုန်းဆီ လက္ကားဈေးကွက်၏ ရည် ညွှန်း ဈေးနှုန်း တစ်လအတွင်း ၁၀ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လာသည်ကို တွေ့ရပါတယ်။
လက်ရှိမှာ စားအုန်းဆီ လက်ကားရည်ညွှန်းဈေးက   တစ်ပိဿာကို ၅၀၀၀ ကျပ် အထိရှိလာပြီး အဆိုပါဈေး နူန်း က နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိဖြစ်တယ်လို့စားသုံးဆီတင်သွင်း သိုလှောင် ဖြန်ဖြူ းခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဆီဈေးကွက် ထုတ်ပြန်မှုမြင်တွေ့ရပါတယ်။
စားအုန်းဆီလက်ကားရည်ညွှန်းဈေးသည် နိုဝင်ဘာလ ဆန်းတုန်းက တစ်ပိဿာကို  ၄၅၆၀ သာရှိခဲ့ပြီး အဲ့ဒီ နောက်မှာ  တစ်ပိဿာကို  ၄၆၈၀ ကျပ် အထိ တက်လာ ခဲ့သလို နိုဝင်ဘာလ စတုတ္ထပတ်ထဲမှာလည်း  တစ်ပိ ဿာကို  ၄၉၉၀ ကျပ်အထိထပ်မံတက်လာပြီး လက်ရှိမှာတော့  ၅၀၀၀ ကျပ်အထိ မြင့်တက်လာတာဖြစ်လို့ တစ်လအတွင်းမှာ စားအုန်းဆီဈေးက တစ်ပိဿာကို  ၄၅၀ ကျပ်လောက်မြင့် တက်လာတာဖြစ်ပါတယ်။
” သူတို့ရည်ညွှန်းဈေးမြင့်တာနဲ့ အပြင်ဈေးကလည်းလိုက်မြင့်တာ ထုံးစံပဲ။သူတို့က တက်တာ ရာဂဏန်းဆိုပေမဲ့ အပြင်ဈေးကွက်ကတက်ရင်ထောင်ဂဏန်းပဲ။ အခု လက်ကားကတော့ ဝယ်ရတာ လွယ်ပါတယ်။ ဈေးအဆင် ပြေရင်ရတယ်။ လက်လီကသာ ဆိူက်တိုင်းမရတဲ့ပြဿနာခုထိရှိတုန်းပဲ ” လို့ ရန်ကုန်က စားအုန်းဆီ ရောင်းဝယ် ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
စားအုန်းဆီ လက်ကားရည်ညွှန်းဈေး တက်လာသလို ပြင်စားအုန်းဆီဈေးကွက်မှာလည်း  လက်ကားဈေး ၁၀ ပိဿာကို ၇၀၀၀၀ လောက်အမြင့်ဆုံးရှိရာကနေ လက်ရှိမှာ ၁၀ ပိဿာတစ်ပုံးကိုအနည်းဆုံး  ၇၀၀၀၀ ကျပ်မှ ၇၈၀၀၀ ကျပ်အထိရှိလာနေတယ်လို့သိရပါတယ်။
ဒါ့အပြင် လက်လီဈေးကွက်မှာတော့ တစ်ပိဿာကို ၉၀၀၀ ကျပ်အထိရှိလာပြီး နေရာဒေသအကွာအဝေး ပေါ် လိုက် ပြီး ဈေးနူန်းက မြင့်တက်ရောင်းချနေကြတာဖြစ်ကြောင်း၊ နယ်က ဆီအရောင်းဆိုင်တိုင်းမှာ စားအုန်းဆီ မရတာကြောင့် ဝယ်ယူရခက်တဲ့ပြဿနာကို ခုချိန်ထိ စားသုံးသူတွေ ကြုံတွေနေရဆဲဖြစ်တယ်လို့သိရပါတယ်။

” စားအုန်းဆီကရလိုက်မရလိုက်ပဲ ၊ ဈေးတက်လည်းသုံးရတာပဲ ၊တနေ့မှတစ်ဆယ်သား ဝယ်သုံးရတာ၊ပိုက် ဆံရှိတောင် ပုံးလိုက်ဝယ်ချင်လို့လိုက်ရှာ ဆိုင်တိုင်းမရဘူး။ရတဲ့ဆိုင်ကျတော်လည်း သူ့တို့ဆီဝယ်နေကျဖောက် သည်တွေကိုဦးစားပေးရောင်း တယ်၊ပိုမှ ကျန်တဲ့ဝယ်သူရတယ်” လို့ စားသုံးသူ ပြည်သူတစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံ ဆီလုပ်ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကတော့ စားအုန်းဆီတွေကို  ရန်ကုန်တိုင်းထဲမှာ စား အုန်းဆီလက်လီလက်ကားရောင်းချပေးနေတဲ့ဆိုင်တွေ ရာနဲ့ချီရှိကြောင်း နေ့စဉ် ဆိုင်လိပ်စာနဲ့တကွ ထုတ်ပြန် ပေး နေသလို ကျန်တဲ့  တိုင်းဒေသကြီး၊ ပြည်နယ်၊ခရိုင်တွေမှာ စားအုန်းဆီ  ရောင်းချပေးမယ့် စာရင်းတွေကိုပါ အသိပေးနေပါတယ်။
နိုဝင်ဘာလ ၂၈ ရက်နေ့မှာဆိုရင် ရန်ကုန်တိုင်းက ဆိုင် ၁၆၀ ကျော် ရှိပြီး ကျန်ဒေသတွေအနေနဲ့ကချင်ပြည်နယ် ၊ပြင်ဦးလွင်ခရိုင် ၊ကျောက်ပန်းတောင်း ၊ရာဝတီတိုင်း၊မန္တလေး၊သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်၊ မြိတ်ခရိုင်၊ နေပြည်တော်၊မိတ္တီလာခရိုင်၊မကွေးတိုင်း၊ရွှေဘိုခရိုင်၊ရမည်းသည်း၊ညောင်ဦးခရိုင်၊ကျောက်ဆည်ခရိုင်၊မြင်းခြံခရိုင်၊ရေနံချောင်း၊ချောက်၊ပခုက္ကူ၊ပဲခူးအရှေ့၊တောင်ငူခရိုင်၊ညောင်လေးပင်ခရိုင်၊ရှမ်းတောင်၊ထားဝယ်ခရိုင် အားလုံး ကို စားအုန်းဆီ ပေပါအလုံး ၅၀၀၀ ကျော် ထုတ်ပေးထားတယ်လို့သိရပါတယ်။
အဆိုပါ ဒေသတွေမှာ စားအုန်းဆီ ဝယ်ယူလို့မရခြင်း၊ဈေးနူန်းကြီးမြင့်ခြင်း တွေရှိပါက မြန်မာနိုင်ငံ ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းကိုဆက်သွယ်တိုင်ကြားနိုင်တယ်လို့အသိပေးထားပါတယ်။
အလားတူ စားသုံးဆီတင်သွင်းသိုလှောင် ဖြန်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကလည်း စားအုန်းဆီ ရောင်းချသူတွေအနေနဲ့ ပြည်သူ့ထံ ဆီ ပြန်လည်ရောင်းချတဲ့အခါမှာ ကြီးကြပ်ရေးကော်မတီရဲ့ သတ်မှတ်လက် ကား ရည်ညွှန်းဈေးနှုန်းအပေါ် အသားတင်အမြတ် ၂ % နဲ့ အထွေထွေကုန်ကျစရိတ် ပေါင်း၍သာရောင်း ချဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် စားသုံးဆီ ကို ရည်ညွှန်းဈေးဖြင့် ဝယ်ယူထားပြီး  မရိုးသားသော ရည်ရွယ်ချက်ဖြင့် သယ်ယူခြင်း၊ သို လှောင် ခြင်းနှင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန် အပါအဝင်  စားအုန်းဆီကို အနံ့ထည့်သွင်းပြီး ရောဆီ၊ စပ်ဆီအဖြစ် ဈေးတင်ရောင်းချခြင်းမလည်း မပြု လုပ်ဖို့ သတိပေးထားပြီး စစ်ဆေးတွေ့ရှိပါက အရေး ကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။
လက်ရှိမှာတော့စားအုန်းဆီလက်လီဈေးကွက်မှာ လက်ကားရည်ညွှန်းဈေးထက် ထက်ဝက်နီးပါးမြင့်တက်ရောင်း ချနေကြဆဲဖြစ်ပါတယ်။စားအုန်းဆီ ဈေးနူန်းသည်  ၂၀၂၁ ခုနှစ် မတိုင်မီက တစ်ပိသာကို ၁၈၀၀ ကျပ်မှ ၂၅၀၀ ကျပ် အထိသာရှိခဲ့ပြီး ၂၀၂၁ နောက်ပိုင်းမှာ စားအုန်းဆီဈေး စတင်မြင့်တက်လာတာဖြစ်ပါတယ်။
  

Chit Khon Cho (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *