တစ်ရက်အတွင်း ပြည်တွင်းဓာတ်ဆီ(92,25)တစ်လီတာ ကျပ် ၃၄၀ ခုန်တက်လာ

ဒီဇင်ဘာ-၁


မြန်မာနိုင်ငံတွင် ပြည်တွင်းဓာတ်ဆီ(92,25)တစ်လီတာဈေးနှုန်း တစ်ရက်အတွင်း ကျပ် ၃၄၀ ခုန်တက်သွား သည်ကို စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ၏ထုတ်ပြန်သော စာရင်းများနှိင်းယှဉ်ခြင်းဖြင့် သိရပါတယ်။
ရန်ကုန်တွင် နိုဝင်ဘာ ၃၀ရက်တွင် ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၂၁၇၀၊ ၉၅ တစ်လ တာ ကျပ် ၂၃၀၀မှ ဒီဇင်ဘာ ၁ ရက်တွင် ၉၂ တစ်လီတာ ကျပ် ၂၅၁၀၊ ၉၅တစ်လီတာ ကျပ် ၂၆၄၀ သို့ မြင့်တက်လာပါတယ်။ ပြည်တွင်း ဓာတ်ဆီ(92,25)တစ်လီတာ ဈေးနှုန်း က ၁၅ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်ပါတယ်။
“ဈေးကရုတ်တရပ်ပြောင်းသွားတော့ အံသြသွားတယ်။ဒီဈေးနဲ့ဆို ကားခတွေလည်းထပ်ပြီး တိုးတောင်းရ မှာပေါ့။မဟုတ်ရင်မဆွဲနိုင်ဘူး”ဟု တက္ကစီ မောင်းသူ ဦးလှိုင်ထွန်းကပြောပါတယ်။


ဓာတ်ဆီ(92,25)တစ်လီတာဈေးနှုန်းရုတ် တရပ် ခုန်တက်လာသော်လည်း ဒီဇယ်ဈေးနှုန်းများမှာ နိုဝင်ဘာ၃၀ရက်တွင် ရိုးရိုးဒီဇယ် တစ်လီတာကို ၂၂၀၀ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာကို ၂၂၉၀ ကျပ်မှ ဒီဇင်ဘာ ၁ရက်တွင် ရိုးရိုးဒီဇယ် တစ်လီတာကို ၂၂၁၀ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာကို ၂၃၁၀ကျပ် သို့ အနည်းငယ်သာမြင့်တက်ပါတယ်။
ဓာတ်ဆီကို အိမ်စီးကားများ၊ အိမ်သုံးမီးစက်ငယ်များသာ အဓိက သုံးစွဲသော ဒီဇယ်ကို ကုန်တင်ယဉ်ကြီးများ၊ စက်ရုံ အလုပ်ရုံသုံးမှးစက်များ အပါအဝင် လုပ်ငန်းသုံးဖြစ်ပါတယ်။ ဒီဇယ်ဈေးနှုန်း များစွာမတက်သေးခြင်းက ပြည်တွင်းသယ်ယူပို့ဆောင်ရေးနဲ့ စက်မှုလုပ်ငန်းများအတွက် ခုသာခံသာရှိနေသေးတယ့် အခြေအနေဟု အသေးစားကုန်ထုတ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

AMIA 

Leave a Reply

Your email address will not be published. Required fields are marked *