ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ် ဖြစ်နိုင်ပြီး ဒီဇင်ဘာလဆန်းမှာ မိုးရွာနိုင်ခြေရှိ

နိုဝင်ဘာ ၂၈
ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းက အားကောင်းလာပြီး ” မိကျောင်းမုန်တိုင်း “အဖြစ်ကို ရောက်ရှိလာနိုင်တာကြောင့်   ဒီဇင်ဘာလ ၂ရက်နေ့မှ ၅ ရက်နေ့အတွင်း  မိုးရွာနိုင်တာလို့ သီးနှံရိတ်သိမ်းတာ ၊အခြောက်လှန်းတာတွေကို ဒီဇင်လ ၂ ရက်မတိုင်မှီ အပြီးလုပ်ဆောင်ကြဖို့ မိုးလေဝသ ပညာရှင်တွေက သတိ ပေးထားပါတယ်။

မိကျောင်း မုန်တိုင်းအရှိန်ကြောင့်  ဒီဇင်ဘာလ ၃ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူး တိုင်းမြောက်ပိုင်း ၊မကွေးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ် ၊ရှမ်းပြည်နယ်အရှေ့ပိုင်း နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးတွေမှာ မိုးရွာနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသ အချက်အလက်တွေခန့်မှန်းပေးနေတဲ့ စုစုစံက သတိပေးထားပါတယ်။

အလားတူ မိုးလေဝသ အချက်အလက်တွေခန့်မှန်းပေးနေတဲ့ ဦးဝင်းနိုင်ကလည်း ဆိုင်ကလုန်းမုန်တိုင်း ကမ်းရိုး တန်းအနီးကပ်လာတာနဲ့ မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် ရခိုင်ကမ်းရိုးတန်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တွေမှာ မိုးသည်းထန်နိုင်၊ မိုးများနိုင်ပြီး နိုင်ငံအနှံ့အပြား မှာ မိုးအသင့်အတင့်ရွာနိုင်ကြောင်းအသိပေးထားပါတယ်။

 မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းကတော့  ” မုန်တိုင်းက မြန်မာပြည် ဘက် ကိုတော့မဝင်ဘူး၊အရှိန်ကြောင့် အခါလွန်မိုးတွေတော့ရွာနိုင်တယ်၊ခုကာလက ဆောင်းရာသီဖြစ်လို့ မိုးရာ သီလောက်တော့မများနိုင်ဘူး။ ” လို့ ပြောပါတယ်။

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ဆက်စပ်နေတဲ့  မလက္ကာရေလက်ကြား(Malacca Strait)မှာ  ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက် ဘက်ကိုရွေ့လျားခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင် တောင် ပိုင်းမှာ ဆက်လက်တည်ရှိနေတယ်လို့သိရပါတယ်။

 အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး နိုဝင်ဘာ ၂၉ ရက်နေ့မှာ အားကောင်းသော လေ ဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)အဖြစ်ကို  ရောက်ရှိနိုင်ကာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး နိုဝင်ဘာလ ၃၀  ရက်နေ့မှာ  ဘင်္ဂလားပင်လယ်အော် အရှေ့တောင် ပိုင်း၌ မုန်တိုင်းငယ်(Depression)အဖြစ်ကို ရောက်ရှိနိုင်တာဖြစ်ပါတယ်။

မုန်တိုင်းငယ်ကမှ  တစ်ဆင့် အနောက်မြောက်ဘက်ကို  ရွေ့လျားနိုင်ကာ ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့  ဆိုင် ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန ကလည်း ထုတ်ပြန်ထားပါတယ်။

  Chit Khon Cho (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *